တရုတ်ကို ရင်ဆိုင်ဖို့ ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေကို စေလွှတ်သွားမယ်လို့ ဖိလစ်ပိုင်အစိုးရပြော

 225

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၃

ဖိလစ်ပိုင်အစိုးရဟာ အငြင်းပွားလျက်ရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ် ကမ်းခြေ စောင့်တပ်ဖွဲ့သင်္ဘောတွေကို ရင်ဆိုင်ဖို့ ကမ်းခြေစောင့်သင်္ဘောတွေကို ဖြန့်ကြတ်ချထားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
တရုတ် နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ပြီးလက်ရှိအချိန်မှာ တရုတ်ကို ရင်ဆိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံက ပြင်ဆင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း တရုတ် နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ သင်္ဘောချင်း မကြာခဏ တိုက်မိတာတွေဖြစ်လာခဲ့ပြီး တင်းမာမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတာရီလာက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်ပိုင်ဆိုင်ထားတဲ့ လုဇွန်ကျွန်းရဲ့ ရေမိုင် ၆၀ အကွာအနားကို ဖြတ်သန်းရောက်ရှိလာတယ်လို့ ပြောပါတယ်။

တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်ရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းလာတာမျိုးဖြစ်တယ်လို့ ပြောပါတယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းတို့အနေနဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေကို တားဆီးဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတွေ ဖြန့်ကြတ်ချထားတော့မယ်လို့ ပြောပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေ သင်္ဘောတွေရဲ့လုပ်ရပ်ဟာ ပုံမှန်အတိုင်းမဟုတ်ဘဲ အနိုင်ကျင့်လိုတဲ့လုပ်ရပ်မျိုးဖြစ်ပြီး အောင်မြင်မှုမရအောင် ကြိုးပမ်းရမယ်လို့ပြောပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောသုံးစင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ဝ ရက်က ဇန်နဝါရီ ၁၁ ရက်အထိ ဖိလစ်ပိုင်ရေပိုင်နက်အတွင်း ဝင်ရာက်လာတာတွေရှိခဲ့တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ပိုင်ဆိုင်ထားတယ်လို့ ပြောဆိုထားပြီး အာဆီယံဒေသအတွင်းရှိ နိုင်ငံအချို့ နဲ့ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ကို ရင္ဆိုင္ဖို႔ ကမ္းေျခေစာင့္တပ္ဖြဲ႕သေဘၤာေတြကို ေစလႊတ္သြားမယ္လို႔ ဖိလစ္ပိုင္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၃

ဖိလစ္ပိုင္အစိုးရဟာ အျငင္းပြားလ်က္ရွိေနတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ တ႐ုတ္ ကမ္းေျခ ေစာင့္တပ္ဖြဲ႕သေဘၤာေတြကို ရင္ဆိုင္ဖို႔ ကမ္းေျခေစာင့္သေဘၤာေတြကို ျဖန႔္ၾကတ္ခ်ထားမယ္လို႔ သတင္းထုတ္ျပန္လိုက္ပါတယ္။
တ႐ုတ္ နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြ ပိုမိုျဖစ္လာခဲ့ၿပီးလက္ရွိအခ်ိန္မွာ တ႐ုတ္ကို ရင္ဆိုင္ဖို႔ ဖိလစ္ပိုင္ႏိုင္ငံက ျပင္ဆင္လာတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း တ႐ုတ္ နဲ႔ ဖိလစ္ပိုင္တို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ သေဘၤာခ်င္း မၾကာခဏ တိုက္မိတာေတြျဖစ္လာခဲ့ၿပီး တင္းမာမႈေတြရွိလာခဲ့တာျဖစ္ပါတယ္။ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတာရီလာက တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ဖိလစ္ပိုင္ပိုင္ဆိုင္ထားတဲ့ လုဇြန္ကြၽန္းရဲ႕ ေရမိုင္ ၆၀ အကြာအနားကို ျဖတ္သန္းေရာက္ရွိလာတယ္လို႔ ေျပာပါတယ္။

တ႐ုတ္အစိုးရဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ဖိလစ္ပိုင္ရဲ႕ပိုင္ဆိုင္မႈေတြကို ဖ်က္ဆီးဖို႔ ႀကိဳးပမ္းလာတာမ်ိဳးျဖစ္တယ္လို႔ ေျပာပါတယ္။ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ၎တို႔အေနနဲ႔ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ေတြရဲ႕ဥပေဒနဲ႔မညီတဲ့လုပ္ရပ္ေတြကို တားဆီးဖို႔ ကမ္းေျခေစာင့္တပ္ဖြဲ႕ သေဘၤာေတြ ျဖန႔္ၾကတ္ခ်ထားေတာ့မယ္လို႔ ေျပာပါတယ္။
တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ေတြ သေဘၤာေတြရဲ႕လုပ္ရပ္ဟာ ပုံမွန္အတိုင္းမဟုတ္ဘဲ အႏိုင္က်င့္လိုတဲ့လုပ္ရပ္မ်ိဳးျဖစ္ၿပီး ေအာင္ျမင္မႈမရေအာင္ ႀကိဳးပမ္းရမယ္လို႔ေျပာပါတယ္။ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕သေဘၤာသုံးစင္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ဝ ရက္က ဇန္နဝါရီ ၁၁ ရက္အထိ ဖိလစ္ပိုင္ေရပိုင္နက္အတြင္း ဝင္ရာက္လာတာေတြရွိခဲ့တယ္လို႔ ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးကို ပိုင္ဆိုင္ထားတယ္လို႔ ေျပာဆိုထားၿပီး အာဆီယံေဒသအတြင္းရွိ ႏိုင္ငံအခ်ိဳ႕ နဲ႔ ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြ ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.