အမေရိကန်၊ ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဆုတောင်းပေး

 212

ရောင်နီ (NP News) - ဇန်နဝါရီ ၁၃

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်မှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ထောင်နဲ့ချီတဲ့ နေအိမ်တွေ ပျက်စီးခဲ့ရတဲ့ တောမီးလောင်ကျွမ်းမှုနဲ့ ၎င်းကို ထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့ ကယ်ဆယ်ရေးသမားတွေ၊ ဒုက္ခသည်တွေအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းနေတယ်လို့ ဗာတီကန်က စနေနေ့(ဇန်နဝါရီလ ၁၁ ရက်) မှာ ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဒီအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားရတဲ့ အသိုက်အဝန်းကို သူ့ဝိဉာဉ်တော်နဲ့အတူ နက်နက်ရှိုင်းရှိုင်း ဆုတောင်းပေးနေပါတယ်လို့ လော့အိန်ဂျလိစ် ဂိုဏ်းချုပ် ဂျိုးအိတ်ဂိုမက်ဇ် ဆီကို ပုပ်ရဟန်း မင်းကြီးကိုယ်စားပေးပို့တဲ့ စာလွှာမှာ ဖော်ပြထားပါတယ်။ အဆိုပါစာလွှာထဲမှာ "ဆုံးရှုံးသွားသူတွေအတွက် ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြခြင်း" "အရေးပေါ်ဝန်ဆောင်မှုဝန်ထမ်းများ သက်သာရာရစေရေး" နဲ့ "သခင်ဘုရား ရဲ့နှစ်သိမ့်ခွန်အားကြောင့် အားလုံးအတွက် ကောင်းချီးမင်္ဂလာဖြစ်စေကြောင်း" ဆုတောင်းပေးထားတယ်လို့ သိရပါတယ်။
လော့စ်အိန်ဂျလိစ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ကက်သလစ် ဘာသာဝင်များ အများဆုံး နေထိုင်ရာ နေရာဖြစ်ပါတယ်။ အင်္ဂါနေ့(ဇန်နဝါရီလ ၇ ရက်) က တပြိုင်နက်တည်း တောမီးခြောက်ခု လောင်ကျွမ်းခဲ့ ခြင်းကြောင့် လော့အိန်ဂျလိစ် ကောင်တီရပ်ကွက်ရှိ အိမ်ယာများစွာ ဖျက်ဆီးခံရပြီး လူပေါင်း ၁၅၃,၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရကာ ဧကပေါင်း ၃၅,၀၀၀ ခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္၊ ကယ္လီဖိုးနီးယား ေတာမီးေလာင္ကြၽမ္းမႈအတြက္ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ ဆုေတာင္းေပး
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၃

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့အိန္ဂ်လိစ္မွာ အနည္းဆုံး လူ ၁၁ ဦး ေသဆုံးၿပီး ေထာင္နဲ႔ခ်ီတဲ့ ေနအိမ္ေတြ ပ်က္စီးခဲ့ရတဲ့ ေတာမီးေလာင္ကြၽမ္းမႈနဲ႔ ၎ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနရတဲ့ ကယ္ဆယ္ေရးသမားေတြ၊ ဒုကၡသည္ေတြအတြက္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ဆုေတာင္းေနတယ္လို႔ ဗာတီကန္က စေနေန႔(ဇန္နဝါရီလ ၁၁ ရက္) မွာ ေျပာပါတယ္။
ပုပ္ရဟန္းမင္းႀကီးဖရန္စစ္က ဒီအျဖစ္ဆိုးေၾကာင့္ ထိခိုက္ခံစားရတဲ့ အသိုက္အဝန္းကို သူ႔ဝိဉာဥ္ေတာ္နဲ႔အတူ နက္နက္ရႈိင္းရႈိင္း ဆုေတာင္းေပးေနပါတယ္လို႔ ေလာ့အိန္ဂ်လိစ္ ဂိုဏ္းခ်ဳပ္ ဂ်ိဳးအိတ္ဂိုမက္ဇ္ ဆီကို ပုပ္ရဟန္း မင္းႀကီးကိုယ္စားေပးပို႔တဲ့ စာလႊာမွာ ေဖာ္ျပထားပါတယ္။ အဆိုပါစာလႊာထဲမွာ "ဆုံးရႈံးသြားသူေတြအတြက္ ဝမ္းနည္းပူေဆြးေၾကာင္း ေဖာ္ျပျခင္း" "အေရးေပၚဝန္ေဆာင္မႈဝန္ထမ္းမ်ား သက္သာရာရေစေရး" နဲ႔ "သခင္ဘုရား ရဲ႕ႏွစ္သိမ့္ခြန္အားေၾကာင့္ အားလုံးအတြက္ ေကာင္းခ်ီးမဂၤလာျဖစ္ေစေၾကာင္း" ဆုေတာင္းေပးထားတယ္လို႔ သိရပါတယ္။
ေလာ့စ္အိန္ဂ်လိစ္ဟာ အေမရိကန္ျပည္ေထာင္စုမွာ ကက္သလစ္ ဘာသာဝင္မ်ား အမ်ားဆုံး ေနထိုင္ရာ ေနရာျဖစ္ပါတယ္။ အဂၤါေန႔(ဇန္နဝါရီလ ၇ ရက္) က တၿပိဳင္နက္တည္း ေတာမီးေျခာက္ခု ေလာင္ကြၽမ္းခဲ့ ျခင္းေၾကာင့္ ေလာ့အိန္ဂ်လိစ္ ေကာင္တီရပ္ကြက္ရွိ အိမ္ယာမ်ားစြာ ဖ်က္ဆီးခံရၿပီး လူေပါင္း ၁၅၃,၀၀၀ ခန႔္ကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ရကာ ဧကေပါင္း ၃၅,၀၀၀ ခန႔္ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.