ရုရှားမှာ ဖမ်းဆီးခံထားရတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် မြောက်ကိုရီးယားစစ်သားတွေကို လဲလှယ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ ယူကရိန်းသမ္မတပြော

 445

Pika (NP News) - ဇန်နဝါရီ ၁၃

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းအနေနဲ့ ရုရှားမှာဖမ်းဆီးခံထားရတဲ့ ယူကရိန်းနိုင်ငံသားတွေကို လဲလှယ်ဖို့စီစဉ်ပေးနိုင်ခဲ့ရင် ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေကို လွှဲပြောင်းပေးဖို့ အဆင်သင့်ရှိတယ်လို့ ယူကရိန်သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ မြောက်ကိုရီးယားစစ်သား(၂)ဦးကို ဖမ်းမိခဲ့တယ်လို့ ဇီလန်စကီး က ဇန်နဝါရီလ(၁၁)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက်ဟာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီ နောက်ပိုင်း ယူကရိန်းက မြောက်ကိုရီးယားနိုင်ငံသားတွေကို အသက်ရှင်လျက်ဖမ်းဆီးရမိတာကို ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာတာလည်းဖြစ်ပါတယ်။
ဇီလန်စကီးက “ဒီစစ်ပွဲအတွင်းမှာ မြောက်ကိုရီးယားစစ်သားတွေကို ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့ပါတယ်။ နောက်ထပ်ဖမ်းဆီးရမှုတွေလည်း ရှိလာမှာ သေချာပါတယ်။ အဲဒါက အချိန်တစ်ခုပဲ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားဟာ ၎င်းရဲ့ တပ်ဖွဲ့ဝင်(၁၁၀၀၀)ကို ရုရှားကို စေလွှတ်ပေးပို့ခဲ့တယ်လို့ ယူကရိန်းနဲ့ အနောက်အုပ်စုနိုင်ငံတွေက ပြီးခဲ့တဲ့နှစ်မှာ စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။
ဒါ့ပြင် ရုရှားနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ကြီးမားတဲ့ဆုံးရှုံးမှုတွေကို တွေ့ကြုံနေရတယ်လို့ ဇီလန်စကီး က ထပ်မံပြောကြားခဲ့ပါတယ်။ ဇီလန်စကီး က “ကင်ဂျုံအန်းဟာ ရုရှားမှာ ဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင် တွေကို လဲလှယ်ဖို့စီစဉ်ပေးနိုင်ခဲ့ရင် ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ ယူကရိန်းဘက်က အဆင်သင့်ပါပဲ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
႐ုရွားမွာ ဖမ္းဆီးခံထားရတဲ့ ယူကရိန္းတပ္ဖြဲ႕ဝင္ေတြအတြက္ ေျမာက္ကိုရီးယားစစ္သားေတြကို လဲလွယ္ေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ဇန္နဝါရီ ၁၃

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းအေနနဲ႔ ႐ုရွားမွာဖမ္းဆီးခံထားရတဲ့ ယူကရိန္းႏိုင္ငံသားေတြကို လဲလွယ္ဖို႔စီစဥ္ေပးႏိုင္ခဲ့ရင္ ဖမ္းမိထားတဲ့ ေျမာက္ကိုရီးယားစစ္သားေတြကို လႊဲေျပာင္းေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ယူကရိန္သမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားႏိုင္ငံ ကာ့စ္ေဒသမွာ ေျမာက္ကိုရီးယားစစ္သား(၂)ဦးကို ဖမ္းမိခဲ့တယ္လို႔ ဇီလန္စကီး က ဇန္နဝါရီလ(၁၁)ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီထုတ္ျပန္ေၾကညာခ်က္ဟာ ၿပီးခဲ့တဲ့ ေဆာင္းဦးရာသီ ေနာက္ပိုင္း ယူကရိန္းက ေျမာက္ကိုရီးယားႏိုင္ငံသားေတြကို အသက္ရွင္လ်က္ဖမ္းဆီးရမိတာကို ပထမဆုံးအႀကိမ္ ထုတ္ျပန္ေၾကညာတာလည္းျဖစ္ပါတယ္။
ဇီလန္စကီးက “ဒီစစ္ပြဲအတြင္းမွာ ေျမာက္ကိုရီးယားစစ္သားေတြကို ပထမဆုံးအႀကိမ္ ဖမ္းဆီးရမိခဲ့ပါတယ္။ ေနာက္ထပ္ဖမ္းဆီးရမႈေတြလည္း ရွိလာမွာ ေသခ်ာပါတယ္။ အဲဒါက အခ်ိန္တစ္ခုပဲ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားဟာ ၎ရဲ႕ တပ္ဖြဲ႕ဝင္(၁၁၀၀၀)ကို ႐ုရွားကို ေစလႊတ္ေပးပို႔ခဲ့တယ္လို႔ ယူကရိန္းနဲ႔ အေနာက္အုပ္စုႏိုင္ငံေတြက ၿပီးခဲ့တဲ့ႏွစ္မွာ စြပ္စြဲေျပာဆိုခဲ့ဖူးပါတယ္။
ဒါ့ျပင္ ႐ုရွားနဲ႔ ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြဟာ ႀကီးမားတဲ့ဆုံးရႈံးမႈေတြကို ေတြ႕ႀကဳံေနရတယ္လို႔ ဇီလန္စကီး က ထပ္မံေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီး က “ကင္ဂ်ဳံအန္းဟာ ႐ုရွားမွာ ဖမ္းဆီးခံထားရတဲ့ ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ဝင္ ေတြကို လဲလွယ္ဖို႔စီစဥ္ေပးႏိုင္ခဲ့ရင္ ဖမ္းမိထားတဲ့ ေျမာက္ကိုရီးယားစစ္သားေတြကို ျပန္လည္လႊဲေျပာင္းေပးဖို႔ ယူကရိန္းဘက္က အဆင္သင့္ပါပဲ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.