ဂါဇာကမ်းမြောင်ဒေသ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို အမေရိကန်သမ္မတ ထပ်မံတောင်းဆို

 116

Pika (NP News) - ဇန်နဝါရီ ၁၃

ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထပ်မံတောင်းဆိုလိုက် တယ်လို့ သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ စကားပြောဆိုစဉ်အချိန်အတွင်း ယခုလို တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာ လာမယ့်ဇန်နဝါရီလ(၂၀)ရက်မှာ သမ္မတရုံးကနေ မထွက်ခွာမီ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေးနဲ့ ဓါးစာခံလွှတ်ပေးရေးတို့အတွက် သဘောတူညီချက်ရရှိဖို့အတွက် အပြင်းအထန်ကြိုးစားနေမှုနဲ့အတူ ယခုလိုတောင်းဆိုမှုထွက်ပေါ်လာပဲဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် နဲ့ နေတန်ရာဟုတို့ဟာ ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံလွှတ်ပေးရေးတို့အတွက် သဘောတူညီမှုရရှိဖို့ ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဂျိုးဘိုင်ဒန် က “သဘောတူညီချက်အရ ဂါဇာမှာ တိုက်ပွဲတွေရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်လာဖို့နဲ့ အပစ်အခတ်ရပ်စဲရေးချက်ချင်းရရှိဖို့က လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ဆွေးနွေးပွဲအတွင်း တိုးတက်မှုတွေ နဲ့ ဓါးစာခံလွှတ်ပေးရေးသဘောတူညီချက်ကို မြှင့်တင်ဖို့အတွက် ကာတာနိုင်ငံ ဒိုဟာမြို့ကိုစေလွှတ်ခဲ့တဲ့ လုံခြုံရေးကိုယ်စားလှယ်အဖွဲ့ကို ပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန်ကို အသိပေးထားတယ်လို့လည်း နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။
ဂျိုးဘိုင်ဒန် နဲ့ နေတန်ရာဟုတို့ဟာ လက်ဘနွန်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အပြီး အခြေခံအားဖြင့် ပြောင်းလဲသွားတဲ့ ဒေသဆိုင်ရာအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဂါဇာကမ္းေျမာင္ေဒသ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရးကို အေမရိကန္သမၼတ ထပ္မံေတာင္းဆို
Pika (NP News) - ဇန္နဝါရီ ၁၃

ဂါဇာကမ္းေျမာင္ေဒသမွာ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲဖို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ထပ္မံေတာင္းဆိုလိုက္ တယ္လို႔ သိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ စကားေျပာဆိုစဥ္အခ်ိန္အတြင္း ယခုလို ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ လာမယ့္ဇန္နဝါရီလ(၂၀)ရက္မွာ သမၼတ႐ုံးကေန မထြက္ခြာမီ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ ရပ္စဲေရးနဲ႔ ဓါးစာခံလႊတ္ေပးေရးတို႔အတြက္ သေဘာတူညီခ်က္ရရွိဖို႔အတြက္ အျပင္းအထန္ႀကိဳးစားေနမႈနဲ႔အတူ ယခုလိုေတာင္းဆိုမႈထြက္ေပၚလာပဲျဖစ္ပါတယ္။ ဂ်ိဳးဘိုင္ဒန္ နဲ႔ ေနတန္ရာဟုတို႔ဟာ ဂါဇာအပစ္အခတ္ရပ္စဲေရးနဲ႔ ဓါးစာခံလႊတ္ေပးေရးတို႔အတြက္ သေဘာတူညီမႈရရွိဖို႔ ႀကိဳးပမ္းမႈေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဂ်ိဳးဘိုင္ဒန္ က “သေဘာတူညီခ်က္အရ ဂါဇာမွာ တိုက္ပြဲေတြရပ္တန္႔ၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ တိုးျမႇင့္လာဖို႔နဲ႔ အပစ္အခတ္ရပ္စဲေရးခ်က္ခ်င္းရရွိဖို႔က လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ေဆြးေႏြးပြဲအတြင္း တိုးတက္မႈေတြ နဲ႔ ဓါးစာခံလႊတ္ေပးေရးသေဘာတူညီခ်က္ကို ျမႇင့္တင္ဖို႔အတြက္ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ကိုေစလႊတ္ခဲ့တဲ့ လုံၿခဳံေရးကိုယ္စားလွယ္အဖြဲ႕ကို ေပးအပ္ထားတဲ့လုပ္ပိုင္ခြင့္ေတြနဲ႔ပတ္သက္ၿပီး ဂ်ိဳးဘိုင္ဒန္ကို အသိေပးထားတယ္လို႔လည္း ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။
ဂ်ိဳးဘိုင္ဒန္ နဲ႔ ေနတန္ရာဟုတို႔ဟာ လက္ဘႏြန္အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္အၿပီး အေျခခံအားျဖင့္ ေျပာင္းလဲသြားတဲ့ ေဒသဆိုင္ရာအေျခအေနေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.