ဒေါ်နယ်ထရမ့်ရဲ့ရန်သူတော်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စဉ်းစားနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
935
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၃
ရာထူးကအနားယူတော့မယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ၎င်းရာထူးက အနားမယူခင် သမ္မတအဖြစ်တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်ရဲ့ပစ်မှတ်ထားခြင်းခံရဖွယ်ရှိနေတဲ့သူတွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးဖို့စဉ်းစားနေကြောင်း သိရပါတယ်။
ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်ဟာ ၎င်းသမ္မတဖြစ်လာချိန်မှာ ပြိုင်ဘက်နိုင်ငံရေးသမားတွေကို ဖိနှိပ်တာတွေ ပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်း ပြောပါတယ်။ ဂျိုးဘိုင်ဒန်က "လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စက စဉ်းစားနေတုန်းပဲရှိပါတယ်။ အပြီးသတ်ဆုံးဖြတ်ချက်မချရသေးဘူး။ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေအပေါ်မှာ မူတည်နေတယ်" လို့ပြောပါတယ်။
ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်နဲ့ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသမိုင်းမှာ အကျင့်ပျက်လာဘ်စားမှု အများဆုံးဖြစ်တဲ့ လက်ရှိသမ္မတဂျိုးဘိုင်ဒန်နဲ့ သူရဲ့မိသားစုတစ်ခုလုံးအပြင် ဒုတိယသမ္မတ ကာမီလာဟဲရစ်တို့ အပါအဝင် ရန်သူတွေကို ဖိနှိပ်သွားမယ်ဆိုတဲ့စကားလုံးမျိုး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သမ္မတရာထူးကနေ အနားမယူခင် သားဖြစ်သူဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကို လူသိရှင်ကြား ဝေဖန်ခဲ့ဖူးပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သမ္မတဖြစ်လာချိန်မှာ သမ္မတဟောင်း ဘားရက်အိုးဘားမားနဲ့ ၎င်းကိုအပြင်းထန်ဆုံးဝေဖန်သူ ချီနေးတို့ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလတုန်းကလည်း ရွေးကောက်ပွဲလိမ်လည်မှုတွေ ကျူးလွန်ခဲ့သူတွေကို ဖိနှိပ်သွားမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့် ဇန်နဝါရီ ၂ဝ ရက်မှာသမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး ဂျိုးဘိုင်ဒန်က သမ္မတရာထူးက အနားယူတော့မှာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သမ္မတ ရာထူးက အနားယူမခင် ယူကရိန်းကို စစ်ရေးအကူအညီတွေ ထပ်မံပေးခဲ့သလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေလည်း ရှိခဲ့ဖူးပါတယ်။
ဂျိုးဘိုင်ဒန်က ၎င်းအနေနဲ့ တစ်စုံတရာ အမှားအယွင်းမလုပ်ဆောင်ခဲ့ဘူးလို့ ဆိုထားပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်အောင် စဉ်းစားနေခြင်းဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခြင်း ရှိ/မရှိ ကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။
Zawgyi Version;
ေဒၚနယ္ထရမ့္ရဲ႕ရန္သူေတာ္ေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖို႔ စဥ္းစားေနတဲ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၃
ရာထူးကအနားယူေတာ့မယ့္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ၎ရာထူးက အနားမယူခင္ သမၼတအျဖစ္တာဝန္ယူမယ့္ ေဒၚနယ္ထရမ့္ရဲ႕ပစ္မွတ္ထားျခင္းခံရဖြယ္ရွိေနတဲ့သူေတြကို လႊတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖို႔စဥ္းစားေနေၾကာင္း သိရပါတယ္။
ဂ်ိဳးဘိုင္ဒန္က ေဒၚနယ္ထရမ့္ဟာ ၎သမၼတျဖစ္လာခ်ိန္မွာ ၿပိဳင္ဘက္ႏိုင္ငံေရးသမားေတြကို ဖိႏွိပ္တာေတြ ပိုမိုလုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္း ေျပာပါတယ္။ ဂ်ိဳးဘိုင္ဒန္က "လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးေရးကိစၥက စဥ္းစားေနတုန္းပဲရွိပါတယ္။ အၿပီးသတ္ဆုံးျဖတ္ခ်က္မခ်ရေသးဘူး။ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြအေပၚမွာ မူတည္ေနတယ္" လို႔ေျပာပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္နဲ႔ယွဥ္ၿပိဳင္ဖို႔ စီစဥ္ခဲ့ေပမယ့္ ၂၀၂၄ ခုႏွစ္ ဇူလိုင္လမွာ သမၼတေ႐ြးေကာက္ပြဲက ႏုတ္ထြက္ခဲ့ေၾကာင္း သိရပါတယ္။ ေဒၚနယ္ထရမ့္က အေမရိကန္ႏိုင္ငံသမိုင္းမွာ အက်င့္ပ်က္လာဘ္စားမႈ အမ်ားဆုံးျဖစ္တဲ့ လက္ရွိသမၼတဂ်ိဳးဘိုင္ဒန္နဲ႔ သူရဲ႕မိသားစုတစ္ခုလုံးအျပင္ ဒုတိယသမၼတ ကာမီလာဟဲရစ္တို႔ အပါအဝင္ ရန္သူေတြကို ဖိႏွိပ္သြားမယ္ဆိုတဲ့စကားလုံးမ်ိဳး ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။
ေဒၚနယ္ထရမ့္ဟာ သမၼတရာထူးကေန အနားမယူခင္ သားျဖစ္သူဟန္တာဘိုင္ဒန္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တာနဲ႔ပတ္သက္ၿပီး လက္ရွိသမၼတဂ်ိဳးဘိုင္ဒန္ကို လူသိရွင္ၾကား ေဝဖန္ခဲ့ဖူးပါတယ္။
ေဒၚနယ္ထရမ့္ဟာ သမၼတျဖစ္လာခ်ိန္မွာ သမၼတေဟာင္း ဘားရက္အိုးဘားမားနဲ႔ ၎ကိုအျပင္းထန္ဆုံးေဝဖန္သူ ခ်ီေနးတို႔ကို စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးခ်ိန္ကာလတုန္းကလည္း ေ႐ြးေကာက္ပြဲလိမ္လည္မႈေတြ က်ဴးလြန္ခဲ့သူေတြကို ဖိႏွိပ္သြားမယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ ေဒၚနယ္ထရမ့္ဟာ လာမယ့္ ဇန္နဝါရီ ၂ဝ ရက္မွာသမၼတအျဖစ္ တရားဝင္ က်မ္းသစၥာက်ိန္ဆိုမွာျဖစ္ၿပီး ဂ်ိဳးဘိုင္ဒန္က သမၼတရာထူးက အနားယူေတာ့မွာျဖစ္ပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတ ရာထူးက အနားယူမခင္ ယူကရိန္းကို စစ္ေရးအကူအညီေတြ ထပ္မံေပးခဲ့သလို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတာေတြလည္း ရွိခဲ့ဖူးပါတယ္။
ဂ်ိဳးဘိုင္ဒန္က ၎အေနနဲ႔ တစ္စုံတရာ အမွားအယြင္းမလုပ္ေဆာင္ခဲ့ဘူးလို႔ ဆိုထားပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ ၎ရဲ႕လုပ္ပိုင္ခြင့္ေဘာင္အတြင္းကေန လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးႏိုင္ေအာင္ စဥ္းစားေနျခင္းျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္း လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန႔္ထုတ္ျပန္ျခင္း ရွိ/မရွိ ကို ေတြ႕ျမင္ရဖြယ္ရွိေနပါတယ္။