ယူကရိန်းရဲ့ဒရုန်းအစင်းရေ(၂၀၀)ကျော်ကို ပစ်ချခဲ့တယ်လို့ ရုရှားအစိုးရ သတင်းထုတ်ပြန်
271
Pika (NP News) - ဇန်နဝါရီ ၁၄
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားဒေသတွေကို ကြီးမားတဲ့ဒရုန်းတိုက်ခိုက်မှုတစ်ခုအပြင် အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ ဒရုန်းအစင်းရေ(၂၀၀)ကျော်နဲ့ ATACMS ဒုံးကျည်(၅)စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြထားပါတယ်။ ရုရှားမီဒီယာတွေက "ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားဒေသတွေကို ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ရုရှားရဲ့ နျူကလီးယားဗုံးကြဲလေယာဉ်တွေထားရှိတဲ့ လေတပ်အခြေစိုက်စခန်းရဲ့နေအိမ်ဖြစ်တဲ့ အန်ဂယ်မြို့မှာ စက်မှုလုပ် ငန်းတစ်ခုဟာ ဒရုန်းတစ်စင်းကြောင့် ပျက်စီးသွားတယ်လို့ အုပ်ချုပ်ရေးမှူး ရိုမန်ဘူဆာဂင်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ဘူဆာဂင်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် Saratov မြို့နဲ့ အန်ဂယ်မြို့တို့မှာရှိတဲ့ ကျောင်းတွေရဲ့ အတန်းတွေကို အွန်လိုင်းကနေပဲ သင်ကြားမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။ ကာဇန်၊ Saratov၊ ပန်ဇာ နဲ့ Ulyanovsk မြို့တွေမှာလည်း လေကြောင်းပျံသန်းမှုနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေချမှတ်ထားတယ်လို့ ရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
zawgyi version
ယူကရိန္းရဲ႕ဒ႐ုန္းအစင္းေရ(၂၀၀)ေက်ာ္ကို ပစ္ခ်ခဲ့တယ္လို႔ ႐ုရွားအစိုးရ သတင္းထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၁၄
ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားေဒသေတြကို ႀကီးမားတဲ့ဒ႐ုန္းတိုက္ခိုက္မႈတစ္ခုအျပင္ အေမရိကန္ထုတ္ ATACMS ဒုံးက်ည္ေတြနဲ႔လည္း ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ႐ုရွားမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
႐ုရွားဟာ ယူကရိန္းရဲ႕ ဒ႐ုန္းအစင္းေရ(၂၀၀)ေက်ာ္နဲ႔ ATACMS ဒုံးက်ည္(၅)စင္းကို ပစ္ခ်ခဲ့တယ္လို႔ ႐ုရွားမီဒီယာေတြက ေဖာ္ျပထားပါတယ္။ ႐ုရွားမီဒီယာေတြက "ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားေဒသေတြကို ႀကီးမားတဲ့ ေလေၾကာင္းတိုက္ခိုက္မႈေတြျပဳလုပ္ခဲ့ပါတယ္”လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ခ်က္ခ်င္း မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ႐ုရွားရဲ႕ န်ဴကလီးယားဗုံးႀကဲေလယာဥ္ေတြထားရွိတဲ့ ေလတပ္အေျခစိုက္စခန္းရဲ႕ေနအိမ္ျဖစ္တဲ့ အန္ဂယ္ၿမိဳ႕မွာ စက္မႈလုပ္ ငန္းတစ္ခုဟာ ဒ႐ုန္းတစ္စင္းေၾကာင့္ ပ်က္စီးသြားတယ္လို႔ အုပ္ခ်ဳပ္ေရးမႉး ႐ိုမန္ဘူဆာဂင္က ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့လည္း ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို ဘူဆာဂင္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ Saratov ၿမိဳ႕နဲ႔ အန္ဂယ္ၿမိဳ႕တို႔မွာရွိတဲ့ ေက်ာင္းေတြရဲ႕ အတန္းေတြကို အြန္လိုင္းကေနပဲ သင္ၾကားမႈေတြ လုပ္ေဆာင္ေပးသြားမယ္လို႔လည္း သိရပါတယ္။ ကာဇန္၊ Saratov၊ ပန္ဇာ နဲ႔ Ulyanovsk ၿမိဳ႕ေတြမွာလည္း ေလေၾကာင္းပ်ံသန္းမႈနဲ႔ပတ္သက္ၿပီး ကန္႔သတ္မႈေတြခ်မွတ္ထားတယ္လို႔ ႐ုရွားေလေၾကာင္းေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာၾကားခဲ့ပါတယ္။