ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်နယ်ထရမ့်က မိန့်ခွန်းပြောကြားမယ်
 228
Pika (NP News) - ဇန်နဝါရီ ၁၅
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာမှာ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ထိပ်သီးနှစ်ပတ်လည်အစည်းအဝေးမှာ အွန်လိုင်းကနေ မိန့်ခွန်းပြောကြားလိမ့်မယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ်မ့်ဟာ လာမယ့်ဇန်နဝါရီလ(၂၀)ရက်မှာ အမေရိကန်လွှတ်တော်အဆောက်အအုံ မှာ ကျမ်းသစ္စာကျိန်ဆိုမှာလည်း ဖြစ်ပါတယ်။ WEF ဥက္ကဠဘော့ချ်ဘရန်ဒီက "ဒေါ်နယ်ထရမ့်ဟာ ကျွန်တော်တို့နဲ့အတူ အွန်လိုင်းကနေ ပူးပေါင်းပါဝင် ပါလိမ့်မယ်။ ဒီပူးပေါင်းပါဝင်မှုက အုပ်ချုပ်ရေးအသစ်မှာ မူဝါဒရေးရာဦးစားပေးအတွက် ဘာတွေပါမလဲဆိုတာကို လေ့လာဖို့အလွန်ထူးခြားတဲ့ အခိုက်အတန့်တစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့ အခွန်ဖြတ်တောက်ဖို့နဲ့ ကုန်သွယ်မှုအခွန်ကောက်ယူဖို့ အစီအစဉ်တွေဟာ ငွေကြေးဖောင်းပွမှုတွေကို ပြန်လည်အသက်ဝင်လာစေမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကို မြင့်တက်လာစေခဲ့တယ်လို့လည်းသိရပါတယ်။
zawgyi version
Related news
© 2021. All rights reserved.