လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ဖို့ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ ကတိပြု

 177

Pika (NP News) ဇန်နဝါရီ ၁၆

ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ အဓိကပင်လယ်ကုန်သွယ်လမ်းကြောင်းတွေမှာ တရုတ်ရဲ့လုပ်ရပ်တွေကို လက်တုံ့ပြန် မှုတွေ လုပ်ဆောင်ဖို့အတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ဖို့ ဇန်နဝါရီလ(၁၅)ရက်မှာ ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အာရှ မှာ လုံခြုံရေးဆိုင်ရာကတိဝတ်တွေကို လျှော့ချလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေတဲ့အချိန်မှာ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ကတိပြုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှီအိုင်ဝါယာဟာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်ရိမာနာလိုတို့နဲ့ မနီလာမြို့မှာတွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာကတိဝတ်တွေကို အတည်ပြု ခဲ့ကြတယ်လို့ သိရပါတယ်။
တာကာရှီအိုင်ဝါယာနဲ့ အန်ရိမာနာလိုတို့ဟာ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေအပြင် အရှေ့တရုတ်ပင်လယ်မှာ တရုတ်ရဲ့နယ်မြေနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်တောင်းဆိုမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တာကာရှီအိုင်ဝါယာက “တောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂျပန်-ဖိလစ်ပိုင်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ဖို့ ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တောင်တရုတ်ပင်လယ်အတွင်းမှာ အငြင်းပွားကျွန်းတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့တင်းမာတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားနေတဲ့ ဖိလစ်ပိုင်ရဲ့ရေကြောင်းဘေးကင်းလုံခြုံရေးစွမ်းရည်တွေကို တိုးမြှင့်ဖို့အတွက် အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့လည်း တာကာရှီအိုင်ဝါယာက ကတိပြုပြောကြားခဲ့ပါတယ်။

Zawgyi Version;
လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုအားေကာင္းေအာင္လုပ္ေဆာင္ဖို႔ ဂ်ပန္နဲ႔ ဖိလစ္ပိုင္တို႔ ကတိျပဳ
Pika (NP News) ဇန္နဝါရီ ၁၆

ဂ်ပန္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ အဓိကပင္လယ္ကုန္သြယ္လမ္းေၾကာင္းေတြမွာ တ႐ုတ္ရဲ႕လုပ္ရပ္ေတြကို လက္တုံ႔ျပန္ မႈေတြ လုပ္ေဆာင္ဖို႔အတြက္ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုအားေကာင္းေအာင္လုပ္ေဆာင္ဖို႔ ဇန္နဝါရီလ(၁၅)ရက္မွာ ကတိျပဳခဲ့ၾကတယ္လို႔ သိရပါတယ္။ လာမယ့္အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ အာရွ မွာ လုံၿခဳံေရးဆိုင္ရာကတိဝတ္ေတြကို ေလွ်ာ့ခ်လိမ့္မယ္လို႔ ထင္ေၾကးေပးမႈေတြ ရွိေနတဲ့အခ်ိန္မွာ ဂ်ပန္နဲ႔ ဖိလစ္ပိုင္တို႔ရဲ႕ကတိျပဳမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး တာကာရွီအိုင္ဝါယာဟာ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာ၊ ဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ႀကီး အန္ရိမာနာလိုတို႔နဲ႔ မနီလာၿမိဳ႕မွာေတြ႕ဆုံခဲ့ၿပီး လုံၿခဳံေရးဆိုင္ရာကတိဝတ္ေတြကို အတည္ျပဳ ခဲ့ၾကတယ္လို႔ သိရပါတယ္။
တာကာရွီအိုင္ဝါယာနဲ႔ အန္ရိမာနာလိုတို႔ဟာ မဟာဗ်ဴဟာေျမာက္ ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ ေတာင္တ႐ုတ္ပင္လယ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းမႈေတြအျပင္ အေရွ႕တ႐ုတ္ပင္လယ္မွာ တ႐ုတ္ရဲ႕နယ္ေျမနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္ခြင့္ေတာင္းဆိုမႈေတြကိုလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။
တာကာရွီအိုင္ဝါယာက “ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ျဖစ္ေပၚေနတဲ့အေျခအေနေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ဂ်ပန္-ဖိလစ္ပိုင္မိတ္ဖက္ဆက္ဆံေရးကို ပိုမိုအားေကာင္းေအာင္လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ သေဘာတူညီခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ အျငင္းပြားကြၽန္းေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔တင္းမာတဲ့ ထိပ္တိုက္ရင္ဆိုင္မႈေတြျဖစ္ပြားေနတဲ့ ဖိလစ္ပိုင္ရဲ႕ေရေၾကာင္းေဘးကင္းလုံၿခဳံေရးစြမ္းရည္ေတြကို တိုးျမႇင့္ဖို႔အတြက္ အကူအညီေတြ ဆက္လက္ေပးအပ္သြားမယ္လို႔လည္း တာကာရွီအိုင္ဝါယာက ကတိျပဳေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.