မရမ်းကုန်းရှိ တိုက်ခန်းတစ်ခုတွင် လူသတ်မှုဖြစ်ပွားကာ အမျိုးသားကြီးတစ်ဦး ဓားဒဏ်ရာ(၅)ချက်ဖြင့် ပွဲချင်းပြီး သေဆုံး
1848
သန့်ဇင် (NP News) - ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် လူသတ်မှုဖြစ်ပွားကာ အမျိုးသားကြီးတစ်ဦး ဓားဒဏ်ရာ(၅)ချက်ဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အား သိရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ ညနေ ၅ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့သစ်လမ်း၊ (၆)လွှာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူသတ်မှုဖြစ်တာ။ ရန်ငြိုးရန်စရှိလို့ဖြစ်မယ်လို့ ထင်တယ်။ အသေးစိတ်ကိုတော့ မသိပါဘူး။ ဒဏ်ရာက (၅)ချက် လောက်ရှိတယ်။ လည်ပင်းနဲ့ ရင်ဘက်ပေါ့။ တရားခံနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မသိပါဘူး။ မိသားစုဝင် တွေတော့ မတွေ့ဘူး။ ကျွန်တော်တို့မြင်တာတော့(တိုက်ခန်းထဲမှာ) သူတစ်ယောက်တည်းပဲ တွေ့တယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်တွင် အသက်(၅၉)နှစ်အရွယ် ဦးခင်မောင်သိန်းသည် ၎င်း၏ နေအိမ်တိုက်ခန်းအတွင်း သတ်ဖြတ်ခံထားရကာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက အင်းစိန်မြို့နယ် ပြည်သူ့ ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီး အထက်ပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
မရမ္းကုန္းရွိ တိုက္ခန္းတစ္ခုတြင္ လူသတ္မႈျဖစ္ပြားကာ အမ်ိဳးသားႀကီးတစ္ဦး ဓားဒဏ္ရာ(၅)ခ်က္ျဖင့္ ပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၆
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ တိုက္ခန္းတစ္ခုတြင္ လူသတ္မႈျဖစ္ပြားကာ အမ်ိဳးသားႀကီးတစ္ဦး ဓားဒဏ္ရာ(၅)ခ်က္ျဖင့္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့သည့္ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း ျဖစ္စဥ္အား သိရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇန္နဝါရီလ ၁၅ ရက္)၊ ညေန ၅ နာရီအခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ ၿမိဳ႕သစ္လမ္း၊ (၆)လႊာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လူသတ္မႈျဖစ္တာ။ ရန္ၿငိဳးရန္စရွိလို႔ျဖစ္မယ္လို႔ ထင္တယ္။ အေသးစိတ္ကိုေတာ့ မသိပါဘူး။ ဒဏ္ရာက (၅)ခ်က္ ေလာက္ရွိတယ္။ လည္ပင္းနဲ႔ ရင္ဘက္ေပါ့။ တရားခံနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔လည္း မသိပါဘူး။ မိသားစုဝင္ ေတြေတာ့ မေတြ႕ဘူး။ ကြၽန္ေတာ္တို႔ျမင္တာေတာ့(တိုက္ခန္းထဲမွာ) သူတစ္ေယာက္တည္းပဲ ေတြ႕တယ္” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
အဆိုပါ လူသတ္မႈျဖစ္စဥ္တြင္ အသက္(၅၉)ႏွစ္အ႐ြယ္ ဦးခင္ေမာင္သိန္းသည္ ၎၏ ေနအိမ္တိုက္ခန္းအတြင္း သတ္ျဖတ္ခံထားရကာ အခင္းျဖစ္ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ စစ္ေဆးခ်က္အရ သိရသည္။
ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ျမတ္ကုသိုလ္လူမႈကယ္ဆယ္ေရးအသင္းက အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔ ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး အထက္ပါ လူသတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။