လှူဒါန်းနိုင်သူထက် ဒုက္ခရောက်နေသူက ပိုများလာနေသဖြင့် ပရဟိတသမားများ အခက်တွေ့နေ
568
စော (NP News) - ဇန်နဝါရီ ၁၆
အလှူရှင်နည်းပါးလာပြီး ဒုက္ခရောက်သူ များပြားလာသောကြောင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိလာကြောင်း ပရဟိတလုပ်ငန်းများကို ထဲထဲဝင်ဝင်ဆောင်ရွက်နေ သူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ပရဟိတသမားသည် အခမဲ့ဆေးခန်းဖွင့်လှစ်ခြင်း၊ လူနာသယ်ယူပို့ဆောင်ခြင်း၊ နာရေး ပို့ဆောင်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာသောနေရာများကို လှူဒါန်းပေးခြင်းနှင့် ရေလှူဒါန်းမှုများကို ၎င်း၏ အဖွဲ့အစည်းနှင့်အတူ ဦးဆောင်ကာ နှစ်စဉ်ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရ သည်။
“အရင်နှစ်တွေနဲ့အခုနှစ်တွေနဲ့ဆိုရင်တော့ အလှူရှင်လှူနိုင်တဲ့အနေအထား နည်းသွားတာ။ ဒုက္ခ ရောက်လာတဲ့ လူများလာတယ်။ လက်ရှိမှာဆိုရင် မီးကလည်းမမှန်သလို နောက်ကနေ နွေရာသီရောက်လာပြန်တော့ သောက်သုံးရေပြတ်လာတဲ့ နေရာမျိုးတွေရှိတယ်။ ကျွန်တော်တို့က ရေကားကတော့ အလကား ကူညီတာပေါ့။ ရေကားတစ်စီးရဖို့အတွက်ကို ကားထဲကို စက်သုံးဆီဝယ်ထည့်ရတယ်။ အင်ဂျင်မောင်းတဲ့အတွက် အဲဒီအင်ဂျင်ထဲကို ဓာတ်ဆီဝယ်ထည့်ရတယ်။ အဲဒီအတွက် ဝယ်ထည့်ရတဲ့အခါမှာ ရေက အလကားရတယ်ဆို ပေမယ့် ရေကား သယ်ယူစရိတ်ဆီဖိုးတွေ၊ စက်မောင်းတဲ့ ဆီဖိုးတွေ အလှူရှင် လိုတယ်ပေါ့။ အလှူရှင်မရှိရင် ဘာမှကူညီလို့ မရဘူး” ဟု ၎င်းက ပြောသည်။
ယခင်က ကုသိုလ်ဖြစ်ဆေးခန်းတွင် လာသမျှလူနာများအားလုံးကို လက်ခံဆေးကုသပေးနိုင်ခဲ့သော်လည်း ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် ယခုအခါ လူနာဦးရေ (၄၅) ဦးခန့်သာ ကန့်သတ် ကုသပေးရသည့် အခြေအနေ ရှိကြောင်း ၎င်းက ဆိုသည်။
“အဓိက ကတော့ ပရဟိတလုပ်တယ်ဆိုပေမယ့် စက်သုံးဆီဝယ်သုံးရတာတို့ ဆေးဝါးတွေနဲ့ပတ်သက်လို့ အခမဲ့ ကုသရတဲ့အခါမှာ ဆေးဝါးဝယ်ယူရတာတို့ရှိတဲ့အခါမှာ ကုန်ဈေးနှုန်းလေးနည်းနည်းလေး မြင့်လာတဲ့အခါမှာ ကျွန်တော်တို့ ရသုံးငွေနဲ့ ဘတ်ဂျက်နဲ့ပြန်ပြီးတော့ ချိန်ပြီးတော့ သုံးရတာ။ အရင်တုန်းကဆိုရင် လူနာတွေကို ဆေးဝါးပေးတဲ့အခါမှာ တစ်ပတ်စာ ငါးရက်စာလောက်ပေးနိုင်တယ်။ အခုဆိုရင် သုံးရက်စာ၊ လေးရက်စာလောက်ပဲ ပေးနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အချို့သောပရဟိတအသင်းများ၏ ကိုယ်ကျိုးရှာလုပ်ရပ်များကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အဆင့်လိုင်စင်တင်မည့် ပရဟိတအသင်းများအနေဖြင့် ငွေကျပ်သိန်း(၅၀ဝ) ဘဏ်အပ်ငွေ ပြသရန်လိုပြီး ပြည်ထောင်စုအဆင့် လိုင်စင်တင်မည့် ပရဟိတအသင်းများအနေဖြင့် ငွေကျပ်သိန်း (၁၀ဝဝ) ဘဏ်အပ်ငွေပြသရန် လိုအပ်လာကြောင်း သိရသည်။
ထိုသို့ ပရဟိတအသင်းများအတွက် လိုင်စင်အသစ်မှတ်ပုံတင်ခြင်းကြောင့် ဒေသတွင်းပရဟိတအသင်းအချို့ ကွယ်ပျောက်သွားနိုင်ပြီး ဆက်လက်ရပ်တည်နေသော အသင်းအဖွဲ့များအတွက် များစွာသောစိန်ခေါ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
Zawgyi Version;
လႉဒါန္းႏိုင္သူထက္ ဒုကၡေရာက္ေနသူက ပိုမ်ားလာေနသျဖင့္ ပရဟိတသမားမ်ား အခက္ေတြ႕ေန
ေစာ (NP News) - ဇန္နဝါရီ ၁၆
အလႉရွင္နည္းပါးလာၿပီး ဒုကၡေရာက္သူ မ်ားျပားလာေသာေၾကာင့္ ပရဟိတလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အခက္အခဲမ်ားရွိလာေၾကာင္း ပရဟိတလုပ္ငန္းမ်ားကို ထဲထဲဝင္ဝင္ေဆာင္႐ြက္ေန သူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ပရဟိတသမားသည္ အခမဲ့ေဆးခန္းဖြင့္လွစ္ျခင္း၊ လူနာသယ္ယူပို႔ေဆာင္ျခင္း၊ နာေရး ပို႔ေဆာင္ေပးျခင္း၊ သဘာဝေဘးအႏၲရာယ္ျဖစ္ေပၚလာေသာေနရာမ်ားကို လႉဒါန္းေပးျခင္းႏွင့္ ေရလႉဒါန္းမႈမ်ားကို ၎၏ အဖြဲ႕အစည္းႏွင့္အတူ ဦးေဆာင္ကာ ႏွစ္စဥ္ေဆာင္႐ြက္ေပးေနသူျဖစ္ေၾကာင္း သိရ သည္။
“အရင္ႏွစ္ေတြနဲ႔အခုႏွစ္ေတြနဲ႔ဆိုရင္ေတာ့ အလႉရွင္လႉႏိုင္တဲ့အေနအထား နည္းသြားတာ။ ဒုကၡ ေရာက္လာတဲ့ လူမ်ားလာတယ္။ လက္ရွိမွာဆိုရင္ မီးကလည္းမမွန္သလို ေနာက္ကေန ေႏြရာသီေရာက္လာျပန္ေတာ့ ေသာက္သုံးေရျပတ္လာတဲ့ ေနရာမ်ိဳးေတြရွိတယ္။ ကြၽန္ေတာ္တို႔က ေရကားကေတာ့ အလကား ကူညီတာေပါ့။ ေရကားတစ္စီးရဖို႔အတြက္ကို ကားထဲကို စက္သုံးဆီဝယ္ထည့္ရတယ္။ အင္ဂ်င္ေမာင္းတဲ့အတြက္ အဲဒီအင္ဂ်င္ထဲကို ဓာတ္ဆီဝယ္ထည့္ရတယ္။ အဲဒီအတြက္ ဝယ္ထည့္ရတဲ့အခါမွာ ေရက အလကားရတယ္ဆို ေပမယ့္ ေရကား သယ္ယူစရိတ္ဆီဖိုးေတြ၊ စက္ေမာင္းတဲ့ ဆီဖိုးေတြ အလႉရွင္ လိုတယ္ေပါ့။ အလႉရွင္မရွိရင္ ဘာမွကူညီလို႔ မရဘူး” ဟု ၎က ေျပာသည္။
ယခင္က ကုသိုလ္ျဖစ္ေဆးခန္းတြင္ လာသမွ်လူနာမ်ားအားလုံးကို လက္ခံေဆးကုသေပးႏိုင္ခဲ့ေသာ္လည္း ကုန္ေဈးႏႈန္းျမင့္တက္လာမႈေၾကာင့္ ယခုအခါ လူနာဦးေရ (၄၅) ဦးခန႔္သာ ကန႔္သတ္ ကုသေပးရသည့္ အေျခအေန ရွိေၾကာင္း ၎က ဆိုသည္။
“အဓိက ကေတာ့ ပရဟိတလုပ္တယ္ဆိုေပမယ့္ စက္သုံးဆီဝယ္သုံးရတာတို႔ ေဆးဝါးေတြနဲ႔ပတ္သက္လို႔ အခမဲ့ ကုသရတဲ့အခါမွာ ေဆးဝါးဝယ္ယူရတာတို႔ရွိတဲ့အခါမွာ ကုန္ေဈးႏႈန္းေလးနည္းနည္းေလး ျမင့္လာတဲ့အခါမွာ ကြၽန္ေတာ္တို႔ ရသုံးေငြနဲ႔ ဘတ္ဂ်က္နဲ႔ျပန္ၿပီးေတာ့ ခ်ိန္ၿပီးေတာ့ သုံးရတာ။ အရင္တုန္းကဆိုရင္ လူနာေတြကို ေဆးဝါးေပးတဲ့အခါမွာ တစ္ပတ္စာ ငါးရက္စာေလာက္ေပးႏိုင္တယ္။ အခုဆိုရင္ သုံးရက္စာ၊ ေလးရက္စာေလာက္ပဲ ေပးႏိုင္တယ္” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ အခ်ိဳ႕ေသာပရဟိတအသင္းမ်ား၏ ကိုယ္က်ိဳးရွာလုပ္ရပ္မ်ားေၾကာင့္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္ အဆင့္လိုင္စင္တင္မည့္ ပရဟိတအသင္းမ်ားအေနျဖင့္ ေငြက်ပ္သိန္း(၅၀ဝ) ဘဏ္အပ္ေငြ ျပသရန္လိုၿပီး ျပည္ေထာင္စုအဆင့္ လိုင္စင္တင္မည့္ ပရဟိတအသင္းမ်ားအေနျဖင့္ ေငြက်ပ္သိန္း (၁၀ဝဝ) ဘဏ္အပ္ေငြျပသရန္ လိုအပ္လာေၾကာင္း သိရသည္။
ထိုသို႔ ပရဟိတအသင္းမ်ားအတြက္ လိုင္စင္အသစ္မွတ္ပုံတင္ျခင္းေၾကာင့္ ေဒသတြင္းပရဟိတအသင္းအခ်ိဳ႕ ကြယ္ေပ်ာက္သြားႏိုင္ၿပီး ဆက္လက္ရပ္တည္ေနေသာ အသင္းအဖြဲ႕မ်ားအတြက္ မ်ားစြာေသာစိန္ေခၚမႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။