မန္တလေး Diamond Plaza ဒုတိယထပ်တွင် ပန်းရံလုပ်ကိုင်နေသူ ပြုတ်ကျ၍ ပွဲချင်းပြီးသေဆုံး

 327

ချယ်ရီ (NP News) - ဇန်နဝါရီ ၁၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ Diamond Plaza ဒုတိယထပ်တွင် ပန်းရံလုပ်ကိုင်နေသော သားသည်မိခင်တစ်ဦး ပြုတ်ကျ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သုခဗလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့၊ ဇန်နဝါရီလ (၁၆)ရက်၊ ညနေ (၃)နာရီခွဲဝန်းကျင်အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ (၇၇) လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ Diamond Plaza ဒုတိယအလွှာမှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက ပန်းရံလုပ်တာ။ သူ့လုပ်ကွက်က အနောက်ဘက်ခြမ်းမှာ။ အရှေ့ဘက်ခြမ်းကို သူ့ဟာသူလာပြီး ပြုတ်ကျတာလို့ အဲဒီလို သတင်းရထားတယ်။ ဝရန်တာဘက်ကနေ ပြုတ်ကျတာ။ (၂)လွှာဆိုတော့ မြင့်တာပေါ့နော်။ ပလာဇာက ကြည့်ရသလောက်ကတော့ ပြုပြင်နေတဲ့ ပုံစံပါပဲ။ ပြုတ်ကျတဲ့သူက ပွဲချင်းပြီး ဆုံးသွားတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ သေဆုံးသူအမျိုးသမီးသည်ပြုတ်ကျ၍ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ခါးရိုးကျိုးဒဏ်ရာနှင့် ပေါင်ကျိုးဒဏ်ရာတို့ဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးသည် အသက်(၅၂)နှစ်အရွယ်ရှိပြီး ချမ်းအေးသာစံမြို့နယ်၊ ၊ ဟေမာဒလရပ်ကွက်၊ မီးရထားတိုက်တန်းတွင် အခန်းဌားနေထိုင်၍ သားနှင့်သမီး (၂)ဦး ရှိသူဖြစ်ကြောင်း သိရသည်။ “သားသမီးကတော့ မိန်းကလေး(၁)ယောက်၊ ယောက်ျားလေး(၁)ယောက် ရှိတယ်။ ယောက်ျားလေးကတော့ (၁၀)နှစ်လို့ ပြောတယ်။ သမီးလေးကတော့ ဘယ်နှနှစ်မှန်း မသိလိုက်ဘူး။ အမျိုးသားကတော့ မရှိဘူးလို့တော့ ကြားမိတယ်” ဟု ၎င်းက ပြောသည်။

zawgyi version
မႏၲေလး Diamond Plaza ဒုတိယထပ္တြင္ ပန္းရံလုပ္ကိုင္ေနသူ ျပဳတ္က်၍ ပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၁၇

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ Diamond Plaza ဒုတိယထပ္တြင္ ပန္းရံလုပ္ကိုင္ေနေသာ သားသည္မိခင္တစ္ဦး ျပဳတ္က်၍ ပြဲခ်င္းၿပီးေသဆုံးသြားေၾကာင္း သုခဗလလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔၊ ဇန္နဝါရီလ (၁၆)ရက္၊ ညေန (၃)နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကၪၥနမဟီရပ္ကြက္၊ (၇၇) လမ္း၊ ၃၃ လမ္းႏွင့္ ၃၄ လမ္းၾကားရွိ Diamond Plaza ဒုတိယအလႊာမွ ျပဳတ္က်ေသဆုံးမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူက ပန္းရံလုပ္တာ။ သူ႔လုပ္ကြက္က အေနာက္ဘက္ျခမ္းမွာ။ အေရွ႕ဘက္ျခမ္းကို သူ႔ဟာသူလာၿပီး ျပဳတ္က်တာလို႔ အဲဒီလို သတင္းရထားတယ္။ ဝရန္တာဘက္ကေန ျပဳတ္က်တာ။ (၂)လႊာဆိုေတာ့ ျမင့္တာေပါ့ေနာ္။ ပလာဇာက ၾကည့္ရသေလာက္ကေတာ့ ျပဳျပင္ေနတဲ့ ပုံစံပါပဲ။ ျပဳတ္က်တဲ့သူက ပြဲခ်င္းၿပီး ဆုံးသြားတယ္”ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။

အဆိုပါ ေသဆုံးသူအမ်ိဳးသမီးသည္ျပဳတ္က်၍ ဦးေခါင္းပြင့္ထြက္ဒဏ္ရာ၊ ခါး႐ိုးက်ိဳးဒဏ္ရာႏွင့္ ေပါင္က်ိဳးဒဏ္ရာတို႔ျဖင့္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူ အမ်ိဳးသမီးသည္ အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီး ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၊ ေဟမာဒလရပ္ကြက္၊ မီးရထားတိုက္တန္းတြင္ အခန္းဌားေနထိုင္၍ သားႏွင့္သမီး (၂)ဦး ရွိသူျဖစ္ေၾကာင္း သိရသည္။ “သားသမီးကေတာ့ မိန္းကေလး(၁)ေယာက္၊ ေယာက္်ားေလး(၁)ေယာက္ ရွိတယ္။ ေယာက္်ားေလးကေတာ့ (၁၀)ႏွစ္လို႔ ေျပာတယ္။ သမီးေလးကေတာ့ ဘယ္ႏွႏွစ္မွန္း မသိလိုက္ဘူး။ အမ်ိဳးသားကေတာ့ မရွိဘူးလို႔ေတာ့ ၾကားမိတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.