တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက်တစ်ခုကို ရှာဖွေရန် ဖိလစ်ပိုင်နှင့် တရုတ်တို့ သဘောတူ

 80

Pika (NP News) - ဇန်နဝါရီ ၁၈

တောင်တရုတ်ပင်လယ်အတွင်း သဘောထားကွဲလွဲမှုများရှိနေသော်လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန် အတွက် နည်းလမ်းများနှင့် ဘုံသဘောတူညီချက်တစ်ခုကိုရှာဖွေရန် ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့က သဘောတူညီ ခဲ့ကြောင်း ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများက ဇန်နဝါရီလ(၁၆)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ အကြီးဆုံးသင်္ဘောဖြန့်ကျက်ချထားမှု ကြောင့် တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် အဆိုပါသဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် အငြင်းပွားမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် တောင်တရုတ်ပင်လယ်အရေးကိစ္စများကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးရေးယန္တရားတစ်ခုအောက်တွင် (၁၀)ကြိမ်မြောက်ဆွေးနွေးပွဲကို ဇန်နဝါရီလ(၁၆)ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံစလုံးသည် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေကြောင်းသိပ္ပံဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြပြီး ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကတိပြုခဲ့ကြောင်းလည်း သိရသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးလက်ထောက်အတွင်းဝန် သီရီဆာလာဇာရိုက “မဖြေရှင်းရသေးတဲ့စိန်ခေါ်မှုတွေနဲ့ ကွဲပြားခြားနားမှု တွေ ရှိနေပေမယ့်လည်း တောင်တရုတ်ပင်လယ်မှာဖြစ်ပွားနေတဲ့ကျွန်တော်တို့ရဲ့ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ သံတမန်ရေးနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် စစ်မှန်တဲ့နေရာလွတ်ရှိလိမ့်မယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်” ဟု ပြောခဲ့သည်။
ဖိလစ်ပိုင် နှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ဆက်သွယ်ရေးကို မြှင့်တင်ရန် နှင့် ဆွေးနွေးပွဲများ ပိုမိုနက်ရှိုင်းလာစေရန် အတွက် သဘောတူညီခဲ့ကြသော်လည်း မကြာသေးမီကဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများနှင့်ပတ်သက်ပြီး အချင်းချင်း တွန်းအားပေးမှုများကို လုပ်ဆောင်ခဲ့ကြကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။

Zawgyi Version
ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး ဘုံသေဘာတူညီခ်က္တစ္ခုကို ရွာေဖြရန္ ဖိလစ္ပိုင္ႏွင့္ တ႐ုတ္တို႔ သေဘာတူ
Pika (NP News) - ဇန္နဝါရီ ၁၈

ေတာင္တ႐ုတ္ပင္လယ္အတြင္း သေဘာထားကြဲလြဲမႈမ်ားရွိေနေသာ္လည္း ပူးေပါင္းေဆာင္႐ြက္မႈလုပ္ေဆာင္ရန္ အတြက္ နည္းလမ္းမ်ားႏွင့္ ဘုံသေဘာတူညီခ်က္တစ္ခုကိုရွာေဖြရန္ ဖိလစ္ပိုင္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔က သေဘာတူညီ ခဲ့ေၾကာင္း ၎တို႔၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားက ဇန္နဝါရီလ(၁၆)ရက္တြင္ ထုတ္ျပန္ေျပာခဲ့သည္။
ဖိလစ္ပိုင္၏ သီးသန္႔စီးပြားေရးဇုန္တြင္ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕၏ အႀကီးဆုံးသေဘၤာျဖန္႔က်က္ခ်ထားမႈ ေၾကာင့္ တင္းမာမႈမ်ား ျမင့္တက္ေနသည့္အခ်ိန္တြင္ အဆိုပါသေဘာတူညီခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။ ႏွစ္ႏိုင္ငံစလုံးသည္ အျငင္းပြားမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိသည့္ ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥမ်ားကို ေျဖရွင္းရန္အတြက္ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းေဆြးေႏြးေရးယႏၲရားတစ္ခုေအာက္တြင္ (၁၀)ႀကိမ္ေျမာက္ေဆြးေႏြးပြဲကို ဇန္နဝါရီလ(၁၆)ရက္တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံစလုံးသည္ ကမ္းေျခေစာင့္တပ္ဖြဲ႕ႏွင့္ ေရေၾကာင္းသိပၸံဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ရန္ သေဘာတူညီခဲ့ၾကၿပီး ျပႆနာမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းရန္ ကတိျပဳခဲ့ေၾကာင္းလည္း သိရသည္။ ဖိလစ္ပိုင္ ႏိုင္ငံျခားေရးလက္ေထာက္အတြင္းဝန္ သီရီဆာလာဇာ႐ိုက “မေျဖရွင္းရေသးတဲ့စိန္ေခၚမႈေတြနဲ႔ ကြဲျပားျခားနားမႈ ေတြ ရွိေနေပမယ့္လည္း ေတာင္တ႐ုတ္ပင္လယ္မွာျဖစ္ပြားေနတဲ့ကြၽန္ေတာ္တို႔ရဲ႕ျပႆနာေတြကို ကိုင္တြယ္ ေျဖရွင္းရာမွာ သံတမန္ေရးနဲ႔ လက္ေတြ႕က်တဲ့ ပူးေပါင္းေဆာင္႐ြက္မႈအတြက္ စစ္မွန္တဲ့ေနရာလြတ္ရွိလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ အခိုင္အမာယုံၾကည္ပါတယ္” ဟု ေျပာခဲ့သည္။
ဖိလစ္ပိုင္ ႏွင့္ တ႐ုတ္ႏွစ္ႏိုင္ငံစလုံးသည္ ဆက္သြယ္ေရးကို ျမႇင့္တင္ရန္ ႏွင့္ ေဆြးေႏြးပြဲမ်ား ပိုမိုနက္ရႈိင္းလာေစရန္ အတြက္ သေဘာတူညီခဲ့ၾကေသာ္လည္း မၾကာေသးမီကျဖစ္ပြားခဲ့ေသာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားႏွင့္ပတ္သက္ၿပီး အခ်င္းခ်င္း တြန္းအားေပးမႈမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္း ၎က ထပ္မံေျပာခဲ့သည္။

Related news

© 2021. All rights reserved.