သီရိလင်္ကာနိုင်ငံက အမေရိကန်ဒေါ်လာ(၃ ဒသမ ၇) ဘီလျံတန်ဖိုးရှိ သဘောတူညီချက်ကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ နှင့် လက်မှတ်ရေးထိုး
90
Pika (NP News) - ဇန်နဝါရီ ၁၈
သီရိလင်္ကာနိုင်ငံသည် တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီကြီး Sinopec နှင့် စာချုပ်ချုပ်ဆိုပြီးနောက် ၎င်း၏အကြီးမား ဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရယူနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ(၁၆)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။ Sinopec သည် သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဟမ်ဘန်တိုတာဒေသတွင် စည်ပေါင်း(၂၀၀၀၀၀) ဝင်ဆံ့သည့် ခေတ်မီရေနံချက်စက်ရုံ တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ (၃ ဒသမ ၇) ဘီလျံ ရင်းနှီးမြှုပ်နှံရန် သဘောတူညီခဲ့ကြောင်း သီရိလင်္ကာအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် “သမ္မတ Anura Kumara Dissanayake ရဲ့တရုတ်နိုင်ငံသို့ လေးရက်ကြာသွားရောက်လည်ပတ်တဲ့ခရီးစဉ်အတွင်း သီရိင်္လကာနိုင်ငံဟာ လက်ရှိအချိန်အထိ အကြီးမားဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အာမခံပေးမှုနဲ့အတူ သိသာထင်ရှားတဲ့မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်” ဟု ရေးသားဖော်ပြထားသည်။
သီရိလင်္ကာ၏ နိုင်ငံခြားငွေလဲလှယ်မှုဝင်ငွေကိုမြှင့်တင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါစက်ရုံ၏ ထွက်ရှိမှု၏ အစိတ်အပိုင်းအများအပြားကို တင်ပို့မှုများလုပ်ဆောင်ရန် လျာထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် “တရုတ်နိုင်ငံရဲ့အဓိကရင်းနှီးမြှုပ်နှံမှုဟာ ဟမ်ဘန်တိုတာဒေသမှာရှိတဲ့ ဝင်ငွေနည်းအသိုင်းအဝိုင်းတွေရဲ့အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ပေးနေစဉ်အချိန်အတွင်းမှာပဲ သီရိလင်္ကာရဲ့စီးပွားရေးတိုးတက်မှုကို အားကောင်းစေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ရေးသားဖော်ပြထား သည်။
သီရိလင်္ကာနိုင်ငံသည် နိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ဖြစ်လာစေခဲ့သည့်အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ဖြစ်ခဲ့သော တရုတ်နိုင်ငံ၏ ကြီးမားသောချေးငွေကို ဆပ်နိုင်ခြင်းမျိုးမရှိခဲ့ ပြီးနောက်(၂၀၁၇)ခုနှစ်တွင် ဟမ်ဘန်တိုတာဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ(၁ ဒသမ ၁၂) ဘီလျံဖြင့် (၉၉)နှစ် အငှားချခံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Zawgyi Version
သီရိလကၤာႏိုင္ငံက အေမရိကန္ေဒၚလာ(၃ ဒသမ ၇) ဘီလ်ံတန္ဖိုးရွိ သေဘာတူညီခ်က္ကို တ႐ုတ္ႏိုင္ငံပိုင္ကုမၸဏီ ႏွင့္ လက္မွတ္ေရးထိုး
Pika (NP News) - ဇန္နဝါရီ ၁၈
သီရိလကၤာႏိုင္ငံသည္ တ႐ုတ္အစိုးရပိုင္ ေရနံကုမၸဏီႀကီး Sinopec ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ ၎၏အႀကီးမား ဆုံး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို ရယူႏိုင္ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ဇန္နဝါရီလ(၁၆)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။ Sinopec သည္ သီရိလကၤာႏိုင္ငံေတာင္ပိုင္း ဟမ္ဘန္တိုတာေဒသတြင္ စည္ေပါင္း(၂၀၀၀၀၀) ဝင္ဆံ့သည့္ ေခတ္မီေရနံခ်က္စက္႐ုံ တည္ေဆာက္ရန္အတြက္ အေမရိကန္ေဒၚလာ (၃ ဒသမ ၇) ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံရန္ သေဘာတူညီခဲ့ေၾကာင္း သီရိလကၤာအစိုးရ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထုတ္ျပန္ခ်က္တြင္ “သမၼတ Anura Kumara Dissanayake ရဲ႕တ႐ုတ္ႏိုင္ငံသို႔ ေလးရက္ၾကာသြားေရာက္လည္ပတ္တဲ့ခရီးစဥ္အတြင္း သီရိလၤကာႏိုင္ငံဟာ လက္ရွိအခ်ိန္အထိ အႀကီးမားဆုံး ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈကို အာမခံေပးမႈနဲ႔အတူ သိသာထင္ရွားတဲ့မွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့ပါတယ္” ဟု ေရးသားေဖာ္ျပထားသည္။
သီရိလကၤာ၏ ႏိုင္ငံျခားေငြလဲလွယ္မႈဝင္ေငြကိုျမႇင့္တင္ရန္ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနျဖင့္ အဆိုပါစက္႐ုံ၏ ထြက္ရွိမႈ၏ အစိတ္အပိုင္းအမ်ားအျပားကို တင္ပို႔မႈမ်ားလုပ္ေဆာင္ရန္ လ်ာထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။
ထုတ္ျပန္ခ်က္တြင္ “တ႐ုတ္ႏိုင္ငံရဲ႕အဓိကရင္းႏွီးျမႇဳပ္ႏွံမႈဟာ ဟမ္ဘန္တိုတာေဒသမွာရွိတဲ့ ဝင္ေငြနည္းအသိုင္းအဝိုင္းေတြရဲ႕အသက္ေမြးဝမ္းေက်ာင္းမႈကို ျမႇင့္တင္ေပးေနစဥ္အခ်ိန္အတြင္းမွာပဲ သီရိလကၤာရဲ႕စီးပြားေရးတိုးတက္မႈကို အားေကာင္းေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္” ဟု ေရးသားေဖာ္ျပထား သည္။
သီရိလကၤာႏိုင္ငံသည္ ႏိုင္ငံအတြင္း တ႐ုတ္၏ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ပတ္သက္ၿပီး ေမးခြန္းထုတ္စရာမ်ား ျဖစ္လာေစခဲ့သည့္အျငင္းပြားဖြယ္ရာဆုံးျဖတ္ခ်က္ျဖစ္ခဲ့ေသာ တ႐ုတ္ႏိုင္ငံ၏ ႀကီးမားေသာေခ်းေငြကို ဆပ္ႏိုင္ျခင္းမ်ိဳးမရွိခဲ့ ၿပီးေနာက္(၂၀၁၇)ခုႏွစ္တြင္ ဟမ္ဘန္တိုတာဆိပ္ကမ္းကို အေမရိကန္ေဒၚလာ(၁ ဒသမ ၁၂) ဘီလ်ံျဖင့္ (၉၉)ႏွစ္ အငွားခ်ခံခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။