ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးကို ပါလက်စတိုင်းများအတွက် အောင်ပွဲတစ်ခုအဖြစ် အီရန်အစိုးရ ချီးကျူးပြောဆို

 339

Pika (NP News) - ဇန်နဝါရီ ၁၈

အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပါလက်စတိုင်းပြည်သူ များနှင့် ၎င်း၏ ထောက်ခံသူများအတွက် အောင်ပွဲတစ်ခုအဖြစ် အီရန်နိုင်ငံက ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် အစ္စရေးနိုင်ငံသည် ၎င်း၏ ကတိဝတ်များကို လေးစားလိုက်နာလိမ့်မည်မဟုတ်ကြောင်း အီရန်အစိုးရက သတိပေးပြောဆိုခဲ့သည်။
အီရန်ဘာသာရေးခေါင်းဆောင် အလီခါမေနီက “ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့စိတ်ရှည်မှုနဲ့ ပါလက်စတိုင်းတို့ရဲ့ ဇွဲဟာ အစ္စရေးအစိုးရကို ဆုတ်ခွာဖို့ တွန်းအားပေးနိုင်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။ အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားမှုမှာ အချိန်တစ်နှစ်ကျော်အထိ ရှိလာခဲ့မှုနှင့်အတူ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၅)ရက်တွင် အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားမှုနှင့်အတူ လူပေါင်းသောင်းချီ အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ ဂါဇာကမ်းမြောင် ဒေသမှဖြစ်ကြောင်း သိရသည်။ လာမည့်ဇန်နဝါရီလ (၁၉)ရက်တွင် စတင်အသက်ဝင်မည့် အဆိုပါ သဘောတူညီချက်တွင် အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးရေးတို့ ပါဝင်ကြောင်း လည်း သိရသည်။
အီရန်အစိုးရသည် အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပါလက်စတိုင်းပြည်သူများအတွက် အောင်ပွဲတစ်ခုအဖြစ် ဂုဏ်ပြုခဲ့ကြောင်းလည်း သိရသည်။ အစ္စရေးသည် ၎င်း၏ စစ်ရေးရည်မှန်းချက်များ မအောင်မြင်မှုနှင့် ထိခိုက်နစ်နာမှုများကြောင့် အဆိုပါသဘောတူညီချက်ကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း အီရန်အစိုးရက ထုတ်ပြန်ပြောခဲ့သည်။
ထို့ပြင် အစ္စရေးအစိုးရသည် ဟားမက်နှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့၏ ခေါင်းဆောင် များကို သတ်ဖြတ်ခြင်း အပါအဝင် ၎င်း၏ ရန်သူများအပေါ် ကြီးမားသောထိခိုက်မှုများရှိအောင် လုပ်ဆောင်နိုင်ခဲ့ သော်လည်း ယင်းအဖွဲ့များမှာ လှုပ်ရှားမှုများကို တက်ကြွစွာလုပ်ဆောင်နေဆဲဖြစ်ကြောင်း အီရန်စစ်တပ်က အလေးပေးပြောကြားခဲ့သည်။

Zawgyi Version
ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးကို ပါလက္စတိုင္းမ်ားအတြက္ ေအာင္ပြဲတစ္ခုအျဖစ္ အီရန္အစိုးရ ခ်ီးက်ဴးေျပာဆို
Pika (NP News) - ဇန္နဝါရီ ၁၈

အစၥေရးႏွင့္ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ပါလက္စတိုင္းျပည္သူ မ်ားႏွင့္ ၎၏ ေထာက္ခံသူမ်ားအတြက္ ေအာင္ပြဲတစ္ခုအျဖစ္ အီရန္ႏိုင္ငံက ခ်ီးက်ဴးေျပာဆိုခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အစၥေရးႏိုင္ငံသည္ ၎၏ ကတိဝတ္မ်ားကို ေလးစားလိုက္နာလိမ့္မည္မဟုတ္ေၾကာင္း အီရန္အစိုးရက သတိေပးေျပာဆိုခဲ့သည္။
အီရန္ဘာသာေရးေခါင္းေဆာင္ အလီခါေမနီက “ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ ျပည္သူေတြရဲ႕စိတ္ရွည္မႈနဲ႔ ပါလက္စတိုင္းတို႔ရဲ႕ ဇြဲဟာ အစၥေရးအစိုးရကို ဆုတ္ခြာဖို႔ တြန္းအားေပးႏိုင္ခဲ့ပါတယ္” ဟု ေျပာခဲ့သည္။ အစၥေရး ႏွင့္ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္ပြားမႈမွာ အခ်ိန္တစ္ႏွစ္ေက်ာ္အထိ ရွိလာခဲ့မႈႏွင့္အတူ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၅)ရက္တြင္ အပစ္အခတ္ရပ္စဲေရးကို ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။
အစၥေရး-ဟားမက္စစ္ပြဲျဖစ္ပြားမႈႏွင့္အတူ လူေပါင္းေသာင္းခ်ီ အသက္ဆုံးရႈံးခဲ့ရၿပီး အမ်ားစုမွာ ဂါဇာကမ္းေျမာင္ ေဒသမွျဖစ္ေၾကာင္း သိရသည္။ လာမည့္ဇန္နဝါရီလ (၁၉)ရက္တြင္ စတင္အသက္ဝင္မည့္ အဆိုပါ သေဘာတူညီခ်က္တြင္ အစၥေရးဓားစာခံမ်ားႏွင့္ ပါလက္စတိုင္းအက်ဥ္းသားမ်ားကို လႊတ္ေပးေရးတို႔ ပါဝင္ေၾကာင္း လည္း သိရသည္။
အီရန္အစိုးရသည္ အစၥေရးႏွင့္ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ပါလက္စတိုင္းျပည္သူမ်ားအတြက္ ေအာင္ပြဲတစ္ခုအျဖစ္ ဂုဏ္ျပဳခဲ့ေၾကာင္းလည္း သိရသည္။ အစၥေရးသည္ ၎၏ စစ္ေရးရည္မွန္းခ်က္မ်ား မေအာင္ျမင္မႈႏွင့္ ထိခိုက္နစ္နာမႈမ်ားေၾကာင့္ အဆိုပါသေဘာတူညီခ်က္ကို သေဘာတူခဲ့ျခင္းျဖစ္ေၾကာင္း အီရန္အစိုးရက ထုတ္ျပန္ေျပာခဲ့သည္။
ထို႔ျပင္ အစၥေရးအစိုးရသည္ ဟားမက္ႏွင့္ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔၏ ေခါင္းေဆာင္ မ်ားကို သတ္ျဖတ္ျခင္း အပါအဝင္ ၎၏ ရန္သူမ်ားအေပၚ ႀကီးမားေသာထိခိုက္မႈမ်ားရွိေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ ေသာ္လည္း ယင္းအဖြဲ႕မ်ားမွာ လႈပ္ရွားမႈမ်ားကို တက္ႂကြစြာလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း အီရန္စစ္တပ္က အေလးေပးေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.