အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့ကိုတုံ့ပြန်ရန် စစ်ရေးလေ့ကျင့်ခန်းများကို အရှိန်မြင့်လုပ်ဆောင်မည်ဟု မြောက်ကိုရီးယားအစိုးရပြော
111
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၈
မြောက်ကိုရီးယားအစိုးရက ကိုယ်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် စစ်ရေးလေ့ကျင့်ခန်းများကို အရှိန်မြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၁၅ ရက်က စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်က ကိုရီးယားကျွန်းဆွယ်အနီးရေပိုင်နက်နားတွင်ပြုလုပ်ခဲ့သော တောင်ကိုရီးယား၊ ဂျပန် နှင့် အမေရိကန်နိုင်ငံ တို့ပူးပေါင်းပြုလုပ်သော လေကြောင်းစစ်ရေးလေ့ကျင့်ခန်းတွင် အမေရိကန်နိုင်ငံ၏ မဟာဗျုဟာမြောက် B-1B အမျိုးအစား ဗုံးကြဲလေယာဉ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက "အမေရိကန်နိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့လုံခြုံရေးကို စိန်ခေါ်ရန် စတာမျိုးဖြစ်နေတယ်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စစ်ရေးရန်စမှုတွေဟာ ဒေသအတွင်းမျာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်မျိုး ဖြစ်လာနိုင်တယ်" ဟု ပြောသည်။
၂ဝ၂၅ ခုနှစ် နှစ်စချိန်တည်းက ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်ပြီး တင်းမာမှုမြင့်တက်လာခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံက အသံထက်မြန်သော ဒုံးကျည်စမ်းသပ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက "ဒေသအတွင်း တည်ငြိမ်ရေး၊ ကိုရီးယားကျွန်းဆွယ်မှာ ဟန်ချက်ညီမှု တွေကို ထိန်းသိမ်းနိုင်ရေးနဲ့ အမေရိကန်ရဲ့ရန်လိုမှုတွေကို တုံ့ပြန်နိုင်ဖို့ ကြိုတင်တားဆီးနိုင်အောင် စစ်ရေး လေ့ကျင့်ခန်းတွေ ပိုမိုလုပ်ဆောင်မယ်" ဟု သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံတွင် ကင်ဂျုံအမ်ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဒုံးကျည်စမ်းသပ်မှုများ အရှိန်မြင့် လုပ်ဆောင်လာခဲ့ရာ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့်တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဇန်နဝါရီလ ၁၅ ရက်တွင် စတင်ခဲ့သော သုံးနိုင်ငံ လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်းအတွင်း B-1B အမျိုးအစားဗုံးကြဲလေယာဉ်အပြင် တောင်ကိုရီးယားနိုင်ငံ ထုတ် F-15K အမျိုးအစား တိုက်လေယာဉ်၊ ဂျပန်နိုင်ငံ ၏ F-2 အမျိုးအစား တိုက်လေယာဉ်များ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ပြောသည်။ သုံးနိုင်ငံ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်ခန်းသည် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်၊ နျူကလီးယားများဖြင့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်၊ ကြိုတင်ဟန့်တားရန်အတွက် မဟာမိတ်နိုင်ငံ များ၏ လေကြောင်းစွမ်းရည် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ် က ပြောသည်။
Zawgyi Version
အေမရိကန္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္ႏိုင္ငံတို႔ကိုတုံ႔ျပန္ရန္ စစ္ေရးေလ့က်င့္ခန္းမ်ားကို အရွိန္ျမင့္လုပ္ေဆာင္မည္ဟု ေျမာက္ကိုရီးယားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၈
ေျမာက္ကိုရီးယားအစိုးရက ကိုယ္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ရန္အတြက္ စစ္ေရးေလ့က်င့္ခန္းမ်ားကို အရွိန္ျမင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အေမရိကန္၊ ေတာင္ကိုရီးယား၊ ဂ်ပန္ႏိုင္ငံတို႔ ပူးေပါင္းၿပီး ဇန္နဝါရီလ ၁၅ ရက္က စစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္လာခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားက ယင္းကဲ့သို႔ထုတ္ေဖာ္ေျပာဆိုလိုက္ျခင္းျဖစ္သည္။ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၁၅ ရက္က ကိုရီးယားကြၽန္းဆြယ္အနီးေရပိုင္နက္နားတြင္ျပဳလုပ္ခဲ့ေသာ ေတာင္ကိုရီးယား၊ ဂ်ပန္ ႏွင့္ အေမရိကန္ႏိုင္ငံ တို႔ပူးေပါင္းျပဳလုပ္ေသာ ေလေၾကာင္းစစ္ေရးေလ့က်င့္ခန္းတြင္ အေမရိကန္ႏိုင္ငံ၏ မဟာဗ်ဳဟာေျမာက္ B-1B အမ်ိဳးအစား ဗုံးႀကဲေလယာဥ္မ်ား ပူးေပါင္းပါဝင္ခဲ့ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက "အေမရိကန္ႏိုင္ငံ၊ ေတာင္ကိုရီးယား၊ ဂ်ပန္ႏိုင္ငံတို႔ရဲ႕ ပူးတြဲစစ္ေရး ေလ့က်င့္ခန္းေတြဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕လုံၿခဳံေရးကို စိန္ေခၚရန္ စတာမ်ိဳးျဖစ္ေနတယ္။ အေမရိကန္ႏိုင္ငံရဲ႕ ႏိုင္ငံေရးနဲ႔ စစ္ေရးရန္စမႈေတြဟာ ေဒသအတြင္းမ်ာ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္လာႏိုင္တဲ့အႏၲရာယ္မ်ိဳး ျဖစ္လာႏိုင္တယ္" ဟု ေျပာသည္။
၂ဝ၂၅ ခုႏွစ္ ႏွစ္စခ်ိန္တည္းက ကိုရီးယားကြၽန္းဆြယ္အေရးႏွင့္ပတ္သက္ၿပီး တင္းမာမႈျမင့္တက္လာခဲ့ၿပီး ေျမာက္ကိုရီးယားႏိုင္ငံက အသံထက္ျမန္ေသာ ဒုံးက်ည္စမ္းသပ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ေဒသအတြင္း တည္ၿငိမ္ေရး၊ ကိုရီးယားကြၽန္းဆြယ္မွာ ဟန္ခ်က္ညီမႈ ေတြကို ထိန္းသိမ္းႏိုင္ေရးနဲ႔ အေမရိကန္ရဲ႕ရန္လိုမႈေတြကို တုံ႔ျပန္ႏိုင္ဖို႔ ႀကိဳတင္တားဆီးႏိုင္ေအာင္ စစ္ေရး ေလ့က်င့္ခန္းေတြ ပိုမိုလုပ္ေဆာင္မယ္" ဟု သတင္းထုတ္ျပန္ထားသည္။
ေျမာက္ကိုရီးယားႏိုင္ငံတြင္ ကင္ဂ်ဳံအမ္ေခါင္းေဆာင္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဒုံးက်ည္စမ္းသပ္မႈမ်ား အရွိန္ျမင့္ လုပ္ေဆာင္လာခဲ့ရာ အေမရိကန္၊ ေတာင္ကိုရီးယား၊ ဂ်ပန္ႏိုင္ငံတို႔ႏွင့္တင္းမာမႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ဇန္နဝါရီလ ၁၅ ရက္တြင္ စတင္ခဲ့ေသာ သုံးႏိုင္ငံ ေလေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္ခန္းအတြင္း B-1B အမ်ိဳးအစားဗုံးႀကဲေလယာဥ္အျပင္ ေတာင္ကိုရီးယားႏိုင္ငံ ထုတ္ F-15K အမ်ိဳးအစား တိုက္ေလယာဥ္၊ ဂ်ပန္ႏိုင္ငံ ၏ F-2 အမ်ိဳးအစား တိုက္ေလယာဥ္မ်ား ပူးေပါင္း ပါဝင္ခဲ့ေၾကာင္း ေျပာသည္။ သုံးႏိုင္ငံ ပူးတြဲေလေၾကာင္းစစ္ေရးေလ့က်င့္ခန္းသည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ ဒုံးက်ည္၊ န်ဴကလီးယားမ်ားျဖင့္ ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္ရန္၊ ႀကိဳတင္ဟန႔္တားရန္အတြက္ မဟာမိတ္ႏိုင္ငံ မ်ား၏ ေလေၾကာင္းစြမ္းရည္ ပိုမိုေကာင္းမြန္ေစရန္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ က ေျပာသည္။