ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ အရေးယူမှုအပိုင်းတွင် ပိုမိုကြပ်မတ် စိစစ်လာဖွယ်ရှိ

 355

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၈

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ အရေးယူမှုအပိုင်းတွင် ပိုမိုကြပ်မတ်စိစစ်လာဖွယ်ရှိ ရှိနေ ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး နှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပုဂ္ဂလိက ကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ သက်တမ်းရှိ သတ်မှတ် လိုင်စင်ရှိစေရေး၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းထားသူများ မဖြစ်စေရေးတို့အတွက် မူဝါဒများ ချမှတ်ပေးလျက်ရှိ သောကိစ္စများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ခေတ်ကာလလိုအပ်ချက်အရ လက်ရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ဖြည့်စွက်ပြင်ဆင်သည့် ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလှအပရေးရာ ဆေးကုသမှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်ရေး လိုအပ်သည်များ ဆွေးနွေးကြမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အစည်းအဝေးတွင် ထည့်သွင်းပြောကြားထားသည်။
“ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး အရေးယူမှုပိုင်းမှာတော့ ပိုပြီးတော့ ကြပ်ကြပ်မတ်မတ်စိစစ်လာမယ်။ ဆေးခန်း တွေရဲ့လိုင်စင်ပိုင်းမှာတော့ စီစစ်မှုတွေက လက်ရှိမှာ စောင့်ကြည့် လာနိုင်တဲ့အခြေအနေဖြစ်လာမယ်။ အဲဒါကြောင့် ဒီဆေးခန်းတွေအပေါ် သက်ရောက်မှုတစ်စုံတစ်ရာတော့ ရှိနိုင်တယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သည့် အလှအပရေးရာဆေးခန်း၏ ပေါ့ဆမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးအလောင်းဖျောက်ခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဌာနက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Zawgyi Version
ပုဂၢလိက က်န္းမာေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ အေရးယူမႈအပိုင္းတြင္ ပိုမိုၾကပ္မတ္ စိစစ္လာဖြယ္ရွိ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၈

ပုဂၢလိက က်န္းမာေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ အေရးယူမႈအပိုင္းတြင္ ပိုမိုၾကပ္မတ္စိစစ္လာဖြယ္ရွိ ရွိေန ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းက ျပဳလုပ္ခဲ့ေသာ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာဗဟိုအဖြဲ႕အစည္းအေဝး ႏွင့္ ပတ္သက္၍ ေဆးဘက္ဆိုင္ရာနယ္ပယ္မွ ကြၽမ္းက်င္သူတစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။
ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာဗဟိုအဖြဲ႕အစည္းအေဝးကို ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၇ ရက္၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ က်န္းမာေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးတြင္ က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက ပုဂၢလိက က႑တြင္ ဝန္ေဆာင္မႈေပးေနေသာ က်န္းမာေရးေစာင့္ေရွာက္မႈေပးေနသူမ်ား သက္တမ္းရွိ သတ္မွတ္ လိုင္စင္ရွိေစေရး၊ တည္ဆဲဥပေဒမ်ားႏွင့္ ၿငိစြန္းထားသူမ်ား မျဖစ္ေစေရးတို႔အတြက္ မူဝါဒမ်ား ခ်မွတ္ေပးလ်က္ရွိ ေသာကိစၥမ်ားႏွင့္ပတ္သက္၍ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေခတ္ကာလလိုအပ္ခ်က္အရ လက္ရွိ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာဥပေဒကို ျဖည့္စြက္ျပင္ဆင္သည့္ ဥပေဒကို အတည္ျပဳျပ႒ာန္းႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ အလွအပေရးရာ ေဆးကုသမႈႏွင့္စပ္လ်ဥ္း၍ ဥပေဒႏွင့္အညီ ထိန္းေက်ာင္းႏိုင္ေရး လိုအပ္သည္မ်ား ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး က အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားထားသည္။
“ဒီအစည္းအေဝးနဲ႔ပတ္သက္ၿပီး အေရးယူမႈပိုင္းမွာေတာ့ ပိုၿပီးေတာ့ ၾကပ္ၾကပ္မတ္မတ္စိစစ္လာမယ္။ ေဆးခန္း ေတြရဲ႕လိုင္စင္ပိုင္းမွာေတာ့ စီစစ္မႈေတြက လက္ရွိမွာ ေစာင့္ၾကည့္ လာႏိုင္တဲ့အေျခအေနျဖစ္လာမယ္။ အဲဒါေၾကာင့္ ဒီေဆးခန္းေတြအေပၚ သက္ေရာက္မႈတစ္စုံတစ္ရာေတာ့ ရွိႏိုင္တယ္” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ရန္ကုန္ၿမိဳ႕တြင္ျဖစ္ပြားခဲ့သည့္ အလွအပေရးရာေဆးခန္း၏ ေပါ့ဆမႈေၾကာင့္ အမ်ိဳးသမီး တစ္ဦး ေသဆုံးအေလာင္းေဖ်ာက္ခံရသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီး အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်န္းမာေရးဝန္ႀကီး ဌာနက တစ္စုံတစ္ရာ ထုတ္ျပန္ေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.