TNLA ထိန်းချုပ်နယ်မြေသို့ ပြန်လည်သွားရောက်နေထိုင်ရာတွင် အဆင်မပြေသည့်အတွက် ဒုတိယအကြိမ် ပြန်လည်စွန့်ခွာနေကြ

 148

သုတကျော် (NP News) - ဇန်နဝါရီ ၁၈

TNLA ထိန်းချုပ်နယ်မြေသို့ ပြန်လည် သွားရောက်နေထိုင်ရာတွင် အဆင်မပြေသည့်အတွက် ဒုတိယအကြိမ် ပြန်လည်စွန့်ခွာနေကြကြောင်း ဒေသခံအချို့ထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များ အရ သိရသည်။
TNLA အနေဖြင့် ထိန်းချုပ်နယ်မြေများကို ရရှိခဲ့သော်လည်း ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေများတွင် တရားဥပဒေ မစိုးမိုးခြင်း နှင့် ပလောင်လူမျိုးကိုသာ ဦးစားပေးသည့်မူဝါဒကို ကျင့်သုံးလာနေသောကြောင့် အခက်အခဲများ တွေ့ကြုံနေကြရခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ကလည်း တပ်ကို တိုက်ခိုက်မယ်ဆိုတာမျိုးပြောထားတော့ မနေရဲတာလည်း ပါတယ်။ လေကြောင်းကနေ TNLA နေရာတွေ ဗုံးကြဲတာလည်း ရှိတယ်လေ။ ပြီးတော့ ဥပဒေ မစိုးမိုးဘူး။ တန်းတူအခွင့်အရေးလည်း မရှိဘူးလေ။ မနေချင်တာနေလို့ကို အဆင်မပြေတော့တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပါက တိုင်ကြားရန်အတွက် အခက်အခဲဖြစ်နေပြီး TNLA နှင့် အဆင်ပြေသူသာ အာဏာပိုင်များ နှင့် အဆင်ပြေသည့်အနေအထားဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“ပလောင်စာ ကို သင်ခိုင်းတာ အဲဒါမျိုးတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။
ကျောက်မဲမြို့တစ်မြို့အတွင်းမှာပဲ ပြန်လည်နေထိုင်ကြသူ အများစုပြန်လည်စွန့်ခွာနေကြကြောင်းလည်း ၎င်းက ရှင်းပြသည်။
“ကျောက်မဲမြို့ကနေ ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်က ထွက်လာကြတာပေါ့။ ဟိုတလောက ငြိမ်တော့ ပြန်သွားကြသေးတယ်။ နှစ်ခါရှိပြီလေ ပြန်ကြဲတာ။ သူတို့ ပလောင်စခန်းကို ကြဲချတာ။ လူနေအိမ်နဲ့ဝေးပေမယ့် ကြောက်ရတယ်လေ။ တော်တော်များများက ပစ္စည်းတွေပြန်သယ်ပြီးတော့ ရွေ့ကြတာ” ဟု ၎င်းက ရှင်းပြသည်။

Zawgyi Version;
TNLA ထိန္းခ်ဳပ္နယ္ေျမသို႔ ျပန္လည္သြားေရာက္ေနထိုင္ရာတြင္ အဆင္မေျပသည့္အတြက္ ဒုတိယအႀကိမ္ ျပန္လည္စြန႔္ခြာေနၾက
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၈

TNLA ထိန္းခ်ဳပ္နယ္ေျမသို႔ ျပန္လည္ သြားေရာက္ေနထိုင္ရာတြင္ အဆင္မေျပသည့္အတြက္ ဒုတိယအႀကိမ္ ျပန္လည္စြန႔္ခြာေနၾကေၾကာင္း ေဒသခံအခ်ိဳ႕ထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ား အရ သိရသည္။
TNLA အေနျဖင့္ ထိန္းခ်ဳပ္နယ္ေျမမ်ားကို ရရွိခဲ့ေသာ္လည္း ၎တို႔ ထိန္းခ်ဳပ္ရာ နယ္ေျမမ်ားတြင္ တရားဥပေဒ မစိုးမိုးျခင္း ႏွင့္ ပေလာင္လူမ်ိဳးကိုသာ ဦးစားေပးသည့္မူဝါဒကို က်င့္သုံးလာေနေသာေၾကာင့္ အခက္အခဲမ်ား ေတြ႕ႀကဳံေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို႔ကလည္း တပ္ကို တိုက္ခိုက္မယ္ဆိုတာမ်ိဳးေျပာထားေတာ့ မေနရဲတာလည္း ပါတယ္။ ေလေၾကာင္းကေန TNLA ေနရာေတြ ဗုံးႀကဲတာလည္း ရွိတယ္ေလ။ ၿပီးေတာ့ ဥပေဒ မစိုးမိုးဘူး။ တန္းတူအခြင့္အေရးလည္း မရွိဘူးေလ။ မေနခ်င္တာေနလို႔ကို အဆင္မေျပေတာ့တာ” ဟု ေဒသခံတစ္ဦးက ဆိုသည္။
လက္ရွိတြင္ ျပႆနာတစ္စုံတစ္ရာျဖစ္ပါက တိုင္ၾကားရန္အတြက္ အခက္အခဲျဖစ္ေနၿပီး TNLA ႏွင့္ အဆင္ေျပသူသာ အာဏာပိုင္မ်ား ႏွင့္ အဆင္ေျပသည့္အေနအထားျဖစ္ေနေၾကာင္း ၎က ဆိုသည္။
“ပေလာင္စာ ကို သင္ခိုင္းတာ အဲဒါမ်ိဳးေတြလည္း ရွိတယ္” ဟု ၎က ဆိုသည္။
ေက်ာက္မဲၿမိဳ႕တစ္ၿမိဳ႕အတြင္းမွာပဲ ျပန္လည္ေနထိုင္ၾကသူ အမ်ားစုျပန္လည္စြန႔္ခြာေနၾကေၾကာင္းလည္း ၎က ရွင္းျပသည္။
“ေက်ာက္မဲၿမိဳ႕ကေန ၆၀၊ ၇၀ ရာခိုင္ႏႈန္းေလာက္က ထြက္လာၾကတာေပါ့။ ဟိုတေလာက ၿငိမ္ေတာ့ ျပန္သြားၾကေသးတယ္။ ႏွစ္ခါရွိၿပီေလ ျပန္ႀကဲတာ။ သူတို႔ ပေလာင္စခန္းကို ႀကဲခ်တာ။ လူေနအိမ္နဲ႔ေဝးေပမယ့္ ေၾကာက္ရတယ္ေလ။ ေတာ္ေတာ္မ်ားမ်ားက ပစၥည္းေတြျပန္သယ္ၿပီးေတာ့ ေ႐ြ႕ၾကတာ” ဟု ၎က ရွင္းျပသည္။

Related news

© 2021. All rights reserved.