ကိုဗစ်(၁၉)ချေးငွေ ကျပ်ဘီလျံ(၂၀၀)မှ ဘီလျံ(၁၀၀)ကျော်ကိုပြန်လည်ရရှိထားပြီး ရုပ်ရှင်၊ ဂီတနှင့် မီဒီယာကဏ္ဍ တို့ကို ထုတ်ချေးထားသည့်ချေးငွေများ မကြာခင် သက်တမ်းပြည့်တော့မည်
128
ယွန်း (NP News) - ဇန်နဝါရီ ၁၈
ကိုဗစ်(၁၉)ချေးငွေ ကျပ်ဘီလျံ(၂၀၀)မှ ဘီလျံ(၁၀၀)ကျော်ကို ပြန်လည်ရရှိထားပြီး ရုပ်ရှင်၊ ဂီတနှင့် မီဒီယာကဏ္ဍ တို့ကို ထုတ်ချေးထားသည့်ချေးငွေများ မကြာခင်သက်တမ်းပြည့်တော့မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်(၁၉)ရန်ပုံငွေမှ ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းမီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများသည် (၂၀၂၅)ခုနှစ်အတွင်း ခွင့်ပြု ထားသည့် ချေးငွေသက်တမ်းပြည့်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။
"အဲဒီတုန်းက ရုပ်ရှင်အစည်းအရုံးကထောက်ခံစာ နဲ့ ချေးငွေချေးတဲ့လုပ်ငန်းရှင်တွေရှိသလို၊ ပြန်ကြားရေးဝန်ကြီး ဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး ချေးတဲ့လုပ်ငန်းတွေလည်းရှိတယ်။ အခုကတော့ ချေးတဲ့ လူတွေရဲ့အခြေအနေကို ပြန်မေးနေတယ်။ ဘယ်လိုပြန်ပြီးတော့ လုပ်ဆောင်ဖို့စီစဥ်ထားလဲဆိုတဲ့ သုံးသပ်ချက်ကို ရုပ်ရှင်အစည်းအရုံးကနေထောက်ခံစာနဲ့ တက်သွားတဲ့အဖွဲ့အစည်းတွေကိုတော့ ပြန်ပြီးမေးနေပါတယ်။ လက်ရှိ ကတော့ အကြောင်းကြားစာကတော့ မရောက်သေးပါဘူး။ ကြိုတင်ပြင်ဆင်တာတွေကတော့ လုပ်ရတော့မှာပေါ့။ သက်တမ်းမတိုးတော့ဘူး။ ဒါတွေပြန်ဆပ်ဖို့ စီစဥ်ပေးပါဆိုရင်လည်း ယူထားတာပဲလေ ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိနဲ့ ပြန်မပေးနိုင်ဘူးဆိုရင်လည်း အစိုးရရဲ့လုပ်ထုံးလုပ်နည်းနဲ့သွားရမှာပဲလေ" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ ပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NP News ကို ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် လုပ်ငန်းနယ်ပယ်များရှိ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၀ ပြည့် နှစ် ဧပြီလမှ စတင်ပြီး ချေးငွေသက်တမ်း (၁) နှစ် သတ်မှတ်၍ ချေးငွေများကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ထုတ်ချေးပြီးနောက် ချေးငွေသက်တမ်း(၁)နှစ်ပြည့်မြောက်ချိန်တွင်လည်း ၂၀၂၁ ခုနှစ် မတ်လ(၁၇)ရက်တွင် ပထမအကြိမ်(၆)လ၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ(၁၁)ရက်တွင် ဒုတိယအကြိမ်(၆)လနှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ(၄)ရက်တွင် တတိယအကြိမ် (၁)နှစ် သက်တမ်းတိုးခွင့်ပြုပေးခဲ့ပြီး စုစုပေါင်း သက်တမ်း (၃) နှစ် အထိ ခွင့်ပြုပေးထားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ဆိုရင် အဲဒီတုန်းက ချေးငွေ သိန်း(၁၀၀၀)ချေးခဲ့တယ်။ ကိုယ့်ပိုက်ဆံမဟုတ်ဘူးလေ နိုင်ငံတော်ငွေ ဖြစ်တဲ့အတွက် ချေးပြီးတော့ လက်ထဲပိုက်ဆံရောက်ပြီး (၁၀)လအတွင်းကို ဆပ်လိုက်ကြတယ်။ ဟာသပညာရှင် များအစည်းအရုံးကနေ ချေးလိုက်တာပေါ့။ လူရွှင်တော်လေးတွေကို (၅)သိန်း၊ (၁၀)သိန်းပြန်ချေးတယ် တစ်လ တစ်ကြိမ်ပြန်ကောက်တယ် ပြီးတော့ ပြန်ဆပ်တယ်။ ပိုက်ဆံဆိုတာယူထားပြီးရင် ပြန်ဆပ်ရတယ်လေ။ နိုင်ငံတော် ပိုက်ဆံဆိုတာက နိုင်ငံသူ၊ နိုင်ငံသားအားလုံးပိုင်တဲ့ပိုက်ဆံလေ။ မဆပ်လို့တော့ မရဘူးပေါ့။ အချိန်တွေပေးထားတာ လည်းကြာပြီလေ။ တစ်နှစ်ကနေ နောက်တစ်နှစ်တိုးတိုးပေးတယ်လေ။ အနုပညာသည်တွေက နိုင်ငံရေးသာဖြစ်နေ တာ ပွဲလမ်းသဘင်တွေကတော့ ထွက်နေရတာပဲ။ ဆပ်နိုင်မှာပါ။ အကြွေးဆိုတာ ဆပ်တတ်ရင်ကြေတာပဲလေ"ဟု မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ပြောသည်။
ကိုဗစ်(၁၉)ချေးငွေ ကျပ် ဘီလျံ(၂၀၀)ကို နိုင်ငံတော်၏လှည့်ပတ်ရန်ပုံငွေသို့ ငွေကျပ်(၅၀)ဘီလျံနှင့် အထွေထွေ ပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ်(၁၅၀)ဘီလျံမှ ငွေကျပ်(၆၈)ဘီလျံ စုစုပေါင်းငွေကျပ်(၁၁၈)ဘီလျံကို ပြန်လည်ကောက်ခံပြီးစီးပြီဖြစ်ကြောင်း ကိုဗစ်(၁၉)ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးကော်မတီမှ သိရသည်။
အဆိုပါချေးငွေများအနက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းမီဒီယာကဏ္ဍများမှ ကုမ္ပဏီ/လုပ်ငန်း စုစုပေါင်း (၈၇၉) ခုအတွက် ချေးငွေပမာဏ ငွေကျပ် (၁၃ ဒသမ ၁၃၂၅) ဘီလျံကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများ ထုတ်ပေးခဲ့ပြီး အတိုးနှုန်း(၁)ရာခိုင်နှုန်းသတ်မှတ်၍ ချေးငွေသက်တမ်းတစ်နှစ် ထုတ်ချေးခဲ့ခြင်းဖြစ်သည်။
"အခုကတော့ စာမရောက်သေးဘူး။ ချေးငွေက ဂီတအစည်းအရုံးက ချေးတာတော့မဟုတ်ဘူး။ ဂီတသမားတွေက ချေးကြတာ။ အဲဒါကို ဂီတအစည်းအရုံးက နေပြီးတော့ တင်ပေးရတာပေါ့။ ဆပ်နိုင်မဆပ်နိုင်တာကတော့ သူတို့ ပုဂ္ဂိုလ်ရေးနဲ့ပဲ ဆိုင်တာပေါ့။ ရုပ်ရှင်ရော၊ သဘင်ရော၊ ဂီတရော၊ စာပေသမားတွေကို လိုအပ်တဲ့ပမာဏကို ချေးပေးပြီး ပြန်ဆပ်ချိန်ကို တစ်နှစ်တစ်နှစ်ထက်တိုးပေးတာများပြီလေ။ အကြောင်းကြားစာကတော့ မရောက်သေး ဘူး။ ရောက်ရင်တော့ တစ်ဆင့်ပြန်ပြီး အကြောင်းကြားပေးရမှာပေါ့။ ပြန်ဆပ်ရင်တော့ ဂီတသမားတွေကိုယ်တိုင် တိုက်ရိုက်ဆပ်ရတာပေါ့။ အစည်းအရုံးက ထောက်ခံပေးတာတစ်ခုပဲ ရှိတယ်။ ချေးတဲ့သူက (၁၀)ယောက်ကျော်၊ (၁၅)ယောက်လောက်ပဲရှိတယ်။ တစ်ချို့က သိန်း(၃၀)၊ သိန်း(၅၀) ချေးတာရှိတယ်။ တစ်ချို့ကလည်း သိန်း(၁၀၀)၊ (၂၀၀)ချေးကြတာရှိတယ်။ ပမာဏကတော့ နည်းပါတယ်" ဟု မြန်မာနိုင်ငံဂီတပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က ပြောသည်။
ကိုဗစ်၁၉ ချေးငွေများ ပြန်ဆပ်ရန်အတွက် ငွေကျပ် ၈၂ ဘီလျံခန့်ကျန်ရှိနေပြီး မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတ နှင့် စာနယ်ဇင်းကဏ္ဍမှ ပြန်ဆပ်ရန်ရှိသည့် ပမာဏမှာ ငွေကျပ် ၁၃ ဒသမ ၁၃၂၅ ဘီလျံရှိကြောင်း သိရသည်။
Zawgyi Version;
ကိုဗစ္(၁၉)ေခ်းေငြ က်ပ္ဘီလ်ံ(၂၀၀)မွ ဘီလ်ံ(၁၀၀)ေက်ာ္ကိုျပန္လည္ရရွိထားၿပီး ႐ုပ္ရွင္၊ ဂီတႏွင့္ မီဒီယာက႑ တို႔ကို ထုတ္ေခ်းထားသည့္ေခ်းေငြမ်ား မၾကာခင္ သက္တမ္းျပည့္ေတာ့မည္
ယြန္း (NP News) - ဇန္နဝါရီ ၁၈
ကိုဗစ္(၁၉)ေခ်းေငြ က်ပ္ဘီလ်ံ(၂၀၀)မွ ဘီလ်ံ(၁၀၀)ေက်ာ္ကို ျပန္လည္ရရွိထားၿပီး ႐ုပ္ရွင္၊ ဂီတႏွင့္ မီဒီယာက႑ တို႔ကို ထုတ္ေခ်းထားသည့္ေခ်းေငြမ်ား မၾကာခင္သက္တမ္းျပည့္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
ကိုဗစ္(၁၉)ရန္ပုံေငြမွ ငါး၊ ပုစြန္ ေမြးျမဴေရး အပါအဝင္ ေမြးျမဴေရးက႑သို႔ ထုတ္ေပးထားသည့္ေခ်းေငြမ်ားႏွင့္ ႐ုပ္ရွင္၊ ဂီတ၊ သဘင္၊ စာနယ္ဇင္းမီဒီယာက႑သို႔ ထုတ္ေပးထားသည့္ေခ်းေငြမ်ားသည္ (၂၀၂၅)ခုႏွစ္အတြင္း ခြင့္ျပဳ ထားသည့္ ေခ်းေငြသက္တမ္းျပည့္ေျမာက္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
"အဲဒီတုန္းက ႐ုပ္ရွင္အစည္းအ႐ုံးကေထာက္ခံစာ နဲ႔ ေခ်းေငြေခ်းတဲ့လုပ္ငန္းရွင္ေတြရွိသလို၊ ျပန္ၾကားေရးဝန္ႀကီး ဌာန ႐ုပ္ရွင္ျမႇင့္တင္ေရးဌာနခြဲနဲ႔တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး ေခ်းတဲ့လုပ္ငန္းေတြလည္းရွိတယ္။ အခုကေတာ့ ေခ်းတဲ့ လူေတြရဲ႕အေျခအေနကို ျပန္ေမးေနတယ္။ ဘယ္လိုျပန္ၿပီးေတာ့ လုပ္ေဆာင္ဖို႔စီစဥ္ထားလဲဆိုတဲ့ သုံးသပ္ခ်က္ကို ႐ုပ္ရွင္အစည္းအ႐ုံးကေနေထာက္ခံစာနဲ႔ တက္သြားတဲ့အဖြဲ႕အစည္းေတြကိုေတာ့ ျပန္ၿပီးေမးေနပါတယ္။ လက္ရွိ ကေတာ့ အေၾကာင္းၾကားစာကေတာ့ မေရာက္ေသးပါဘူး။ ႀကိဳတင္ျပင္ဆင္တာေတြကေတာ့ လုပ္ရေတာ့မွာေပါ့။ သက္တမ္းမတိုးေတာ့ဘူး။ ဒါေတြျပန္ဆပ္ဖို႔ စီစဥ္ေပးပါဆိုရင္လည္း ယူထားတာပဲေလ ျပန္ေပးႏိုင္ျခင္း ရွိ၊ မရွိနဲ႔ ျပန္မေပးႏိုင္ဘူးဆိုရင္လည္း အစိုးရရဲ႕လုပ္ထုံးလုပ္နည္းနဲ႔သြားရမွာပဲေလ" ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ႏိုင္ငံတကာဆက္ဆံေရးေကာ္မတီမွ ျပန္ၾကားေရးမႉး ဦးခ်မ္းသာၾကည္စိုးက NP News ကို ေျပာသည္။
ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္ခံစားခဲ့ရသည့္ လုပ္ငန္းနယ္ပယ္မ်ားရွိ ကုမၸဏီ/လုပ္ငန္းမ်ားအား ၂၀၂၀ ျပည့္ ႏွစ္ ဧၿပီလမွ စတင္ၿပီး ေခ်းေငြသက္တမ္း (၁) ႏွစ္ သတ္မွတ္၍ ေခ်းေငြမ်ားကို ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။
ထိုသို႔ထုတ္ေခ်းၿပီးေနာက္ ေခ်းေငြသက္တမ္း(၁)ႏွစ္ျပည့္ေျမာက္ခ်ိန္တြင္လည္း ၂၀၂၁ ခုႏွစ္ မတ္လ(၁၇)ရက္တြင္ ပထမအႀကိမ္(၆)လ၊ ၂၀၂၁ ခုႏွစ္ စက္တင္ဘာ(၁၁)ရက္တြင္ ဒုတိယအႀကိမ္(၆)လႏွင့္ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာ(၄)ရက္တြင္ တတိယအႀကိမ္ (၁)ႏွစ္ သက္တမ္းတိုးခြင့္ျပဳေပးခဲ့ၿပီး စုစုေပါင္း သက္တမ္း (၃) ႏွစ္ အထိ ခြင့္ျပဳေပးထားခဲ့ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ဆိုရင္ အဲဒီတုန္းက ေခ်းေငြ သိန္း(၁၀၀၀)ေခ်းခဲ့တယ္။ ကိုယ့္ပိုက္ဆံမဟုတ္ဘူးေလ ႏိုင္ငံေတာ္ေငြ ျဖစ္တဲ့အတြက္ ေခ်းၿပီးေတာ့ လက္ထဲပိုက္ဆံေရာက္ၿပီး (၁၀)လအတြင္းကို ဆပ္လိုက္ၾကတယ္။ ဟာသပညာရွင္ မ်ားအစည္းအ႐ုံးကေန ေခ်းလိုက္တာေပါ့။ လူ႐ႊင္ေတာ္ေလးေတြကို (၅)သိန္း၊ (၁၀)သိန္းျပန္ေခ်းတယ္ တစ္လ တစ္ႀကိမ္ျပန္ေကာက္တယ္ ၿပီးေတာ့ ျပန္ဆပ္တယ္။ ပိုက္ဆံဆိုတာယူထားၿပီးရင္ ျပန္ဆပ္ရတယ္ေလ။ ႏိုင္ငံေတာ္ ပိုက္ဆံဆိုတာက ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံးပိုင္တဲ့ပိုက္ဆံေလ။ မဆပ္လို႔ေတာ့ မရဘူးေပါ့။ အခ်ိန္ေတြေပးထားတာ လည္းၾကာၿပီေလ။ တစ္ႏွစ္ကေန ေနာက္တစ္ႏွစ္တိုးတိုးေပးတယ္ေလ။ အႏုပညာသည္ေတြက ႏိုင္ငံေရးသာျဖစ္ေန တာ ပြဲလမ္းသဘင္ေတြကေတာ့ ထြက္ေနရတာပဲ။ ဆပ္ႏိုင္မွာပါ။ အေႂကြးဆိုတာ ဆပ္တတ္ရင္ေၾကတာပဲေလ"ဟု ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး ဥကၠ႒ ဦးဒိန္းေဒါင္က ေျပာသည္။
ကိုဗစ္(၁၉)ေခ်းေငြ က်ပ္ ဘီလ်ံ(၂၀၀)ကို ႏိုင္ငံေတာ္၏လွည့္ပတ္ရန္ပုံေငြသို႔ ေငြက်ပ္(၅၀)ဘီလ်ံႏွင့္ အေထြေထြ ပိုလွ်ံရန္ပုံေငြမွ ထုတ္ေပးထားသည့္ ေငြက်ပ္(၁၅၀)ဘီလ်ံမွ ေငြက်ပ္(၆၈)ဘီလ်ံ စုစုေပါင္းေငြက်ပ္(၁၁၈)ဘီလ်ံကို ျပန္လည္ေကာက္ခံၿပီးစီးၿပီျဖစ္ေၾကာင္း ကိုဗစ္(၁၉)ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ား အေပၚ ကုစားေရးေကာ္မတီမွ သိရသည္။
အဆိုပါေခ်းေငြမ်ားအနက္ ႐ုပ္ရွင္၊ ဂီတ၊ သဘင္၊ စာနယ္ဇင္းမီဒီယာက႑မ်ားမွ ကုမၸဏီ/လုပ္ငန္း စုစုေပါင္း (၈၇၉) ခုအတြက္ ေခ်းေငြပမာဏ ေငြက်ပ္ (၁၃ ဒသမ ၁၃၂၅) ဘီလ်ံကို ကိုဗစ္-၁၉ ရန္ပုံေငြမွ ေခ်းေငြမ်ား ထုတ္ေပးခဲ့ၿပီး အတိုးႏႈန္း(၁)ရာခိုင္ႏႈန္းသတ္မွတ္၍ ေခ်းေငြသက္တမ္းတစ္ႏွစ္ ထုတ္ေခ်းခဲ့ျခင္းျဖစ္သည္။
"အခုကေတာ့ စာမေရာက္ေသးဘူး။ ေခ်းေငြက ဂီတအစည္းအ႐ုံးက ေခ်းတာေတာ့မဟုတ္ဘူး။ ဂီတသမားေတြက ေခ်းၾကတာ။ အဲဒါကို ဂီတအစည္းအ႐ုံးက ေနၿပီးေတာ့ တင္ေပးရတာေပါ့။ ဆပ္ႏိုင္မဆပ္ႏိုင္တာကေတာ့ သူတို႔ ပုဂၢိဳလ္ေရးနဲ႔ပဲ ဆိုင္တာေပါ့။ ႐ုပ္ရွင္ေရာ၊ သဘင္ေရာ၊ ဂီတေရာ၊ စာေပသမားေတြကို လိုအပ္တဲ့ပမာဏကို ေခ်းေပးၿပီး ျပန္ဆပ္ခ်ိန္ကို တစ္ႏွစ္တစ္ႏွစ္ထက္တိုးေပးတာမ်ားၿပီေလ။ အေၾကာင္းၾကားစာကေတာ့ မေရာက္ေသး ဘူး။ ေရာက္ရင္ေတာ့ တစ္ဆင့္ျပန္ၿပီး အေၾကာင္းၾကားေပးရမွာေပါ့။ ျပန္ဆပ္ရင္ေတာ့ ဂီတသမားေတြကိုယ္တိုင္ တိုက္႐ိုက္ဆပ္ရတာေပါ့။ အစည္းအ႐ုံးက ေထာက္ခံေပးတာတစ္ခုပဲ ရွိတယ္။ ေခ်းတဲ့သူက (၁၀)ေယာက္ေက်ာ္၊ (၁၅)ေယာက္ေလာက္ပဲရွိတယ္။ တစ္ခ်ိဳ႕က သိန္း(၃၀)၊ သိန္း(၅၀) ေခ်းတာရွိတယ္။ တစ္ခ်ိဳ႕ကလည္း သိန္း(၁၀၀)၊ (၂၀၀)ေခ်းၾကတာရွိတယ္။ ပမာဏကေတာ့ နည္းပါတယ္" ဟု ျမန္မာႏိုင္ငံဂီတပညာရွင္မ်ားအစည္းအ႐ုံးဥကၠ႒ ဦးလြင္ျမင့္က ေျပာသည္။
ကိုဗစ္၁၉ ေခ်းေငြမ်ား ျပန္ဆပ္ရန္အတြက္ ေငြက်ပ္ ၈၂ ဘီလ်ံခန႔္က်န္ရွိေနၿပီး ျမန္မာႏိုင္ငံ ႐ုပ္ရွင္၊ သဘင္၊ ဂီတ ႏွင့္ စာနယ္ဇင္းက႑မွ ျပန္ဆပ္ရန္ရွိသည့္ ပမာဏမွာ ေငြက်ပ္ ၁၃ ဒသမ ၁၃၂၅ ဘီလ်ံရွိေၾကာင္း သိရသည္။