အသက် ၁၁၉ နှစ်အရွယ် ဘရာဇီးလ်အမျိုးသမီး၊ ကမ္ဘာ့အသက်အကြီးဆုံးလူသားဖြစ်လာနိုင်ဖွယ်ရှိ
43
ရောင်နီ (NP News) - ဇန်နဝါရီ ၁၈
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျာနိုင်ရိုပြည်နယ်က ဘွားဘွား ဒိုလီရာဂါလီဆာရီရာ ပက်ဒရိုဒါဆီလ်ဗာဟာ သူမရဲ့အသက် ၁၉၉ နှစ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရဖို့ နီးစပ်နေပြီ လို့ သိရပါတယ်။
လက်ရှိ ကမ္ဘာအသက်အကြီးဆုံး အသက်ရှင်နေသူအဖြစ် ဘရာဇီးတောင်ပိုင်း ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်မှ အသက် ၁၁၆ နှစ်ရှိ သီလရှင်မစ္စအင်နက်ကာနာဘာရိုလူးကတ်စ်က မှတ်တမ်းတင်ထားပေမယ့် မစ္စ ပက်ဒရို ဒါဆီလ်ဗာကတော့ အသက် ၁၁၉ နှစ်ဖြစ်တာကြောင့် မကြာမီ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် မှတ်တမ်းဝင်တော့ မယ်လို့ မျှော်လင့်နေကြပါတယ်။
မစ္စပက်ဒရိုဒါဆီလ်ဗာကို ၁၉ဝ၅ ခုနှစ်၊ မတ်လ ၁၀ ရက်က ရီယိုပြည်နယ်၊ မြို့ငယ်တစ်ခုဖြစ်တဲ့ ပေါ်ချန်ကူလာ ကျေးလက်ဒေသမှာ မွေးဖွားခဲ့တယ်လို့ အထောက်အထားတွေအရ သိရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါး က ဒေသတွင်း ရေကြီးမှုတွေကြောင့် မစ္စပက်ဒရိုဒါဆယ်ဗာရဲ့စာရွက်စာတမ်း အများစု ပျက်စီးသွားခဲ့ခြင်းကြောင့် ဒါဟာ သူမရဲ့အသက်အရွယ်နဲ့ ဂင်းနစ်မှတ်တမ်းဝင် တရားဝင်အသိအမှတ်ပြုမှုရရှိဖို့ စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင် တယ်လို့ ယူဆရပါတယ်။
Zawgyi Version;
အသက္ ၁၁၉ ႏွစ္အ႐ြယ္ ဘရာဇီးလ္အမ်ိဳးသမီး၊ ကမာၻ႔အသက္အႀကီးဆုံးလူသားျဖစ္လာႏိုင္ဖြယ္ရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၈
ဘရာဇီးႏိုင္ငံ၊ ရီယိုဒီဂ်ာႏိုင္႐ိုျပည္နယ္က ဘြားဘြား ဒိုလီရာဂါလီဆာရီရာ ပက္ဒ႐ိုဒါဆီလ္ဗာဟာ သူမရဲ႕အသက္ ၁၉၉ ႏွစ္နဲ႔ ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းမွာ ကမာၻ႔အသက္အႀကီးဆုံးပုဂၢိဳလ္အျဖစ္ အသိအမွတ္ျပဳခံရဖို႔ နီးစပ္ေနၿပီ လို႔ သိရပါတယ္။
လက္ရွိ ကမာၻအသက္အႀကီးဆုံး အသက္ရွင္ေနသူအျဖစ္ ဘရာဇီးေတာင္ပိုင္း ရီယိုဂရန္ဒီဒိုဆူလ္ျပည္နယ္မွ အသက္ ၁၁၆ ႏွစ္ရွိ သီလရွင္မစၥအင္နက္ကာနာဘာ႐ိုလူးကတ္စ္က မွတ္တမ္းတင္ထားေပမယ့္ မစၥ ပက္ဒ႐ို ဒါဆီလ္ဗာကေတာ့ အသက္ ၁၁၉ ႏွစ္ျဖစ္တာေၾကာင့္ မၾကာမီ ကမာၻ႔အသက္အႀကီးဆုံးအျဖစ္ မွတ္တမ္းဝင္ေတာ့ မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
မစၥပက္ဒ႐ိုဒါဆီလ္ဗာကို ၁၉ဝ၅ ခုႏွစ္၊ မတ္လ ၁၀ ရက္က ရီယိုျပည္နယ္၊ ၿမိဳ႕ငယ္တစ္ခုျဖစ္တဲ့ ေပၚခ်န္ကူလာ ေက်းလက္ေဒသမွာ ေမြးဖြားခဲ့တယ္လို႔ အေထာက္အထားေတြအရ သိရပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ ၂၀ နီးပါး က ေဒသတြင္း ေရႀကီးမႈေတြေၾကာင့္ မစၥပက္ဒ႐ိုဒါဆယ္ဗာရဲ႕စာ႐ြက္စာတမ္း အမ်ားစု ပ်က္စီးသြားခဲ့ျခင္းေၾကာင့္ ဒါဟာ သူမရဲ႕အသက္အ႐ြယ္နဲ႔ ဂင္းနစ္မွတ္တမ္းဝင္ တရားဝင္အသိအမွတ္ျပဳမႈရရွိဖို႔ စိန္ေခၚမႈတစ္ခုျဖစ္လာႏိုင္ တယ္လို႔ ယူဆရပါတယ္။