ရွေးကောက်ပွဲကျင်းပနိုင်သည့်အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌ မှာကြား
326
သုတကျော် (NP News) - ဇန်နဝါရီ ၁၈
ရွေးကောက်ပွဲကျင်းပနိုင်သည့်အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အဆိုပါစကားကို ဇန်နဝါရီလ ၁၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး တွင်ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်း၊ ကောက်ခံရရှိသည့်အချက်အလက်များအရ လူဦးရေအနေဖြင့် ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်သာရှိသည်ကိုတွေ့ရှိရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မွေးဖွားနှုန်း ကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်းလုပ်သားများရှားပါးလာကြောင်း၊ အလားတူ ရွေးကောက်ပွဲကျင်းပရာ၌လည်း အတိုင်းအတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်း ထည့်သွင်းပြောကြားသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်သည့်အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်းရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့်လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းမှာကြားခဲ့သည်။
Zawgyi Version;
ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္အေျခအေနမ်ိဳးျဖစ္ရန္အတြက္ ဖိဖိစီးစီးျဖင့္ ဆက္လက္ေဆာင္႐ြက္ၾကေစလိုေၾကာင္း နစကဥကၠ႒ မွာၾကား
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၈
ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္အေျခအေနမ်ိဳးျဖစ္ရန္အတြက္ ဖိဖိစီးစီးျဖင့္ ဆက္လက္ေဆာင္႐ြက္ၾကေစလိုေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
အဆိုပါစကားကို ဇန္နဝါရီလ ၁၈ ရက္က ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး တြင္ျပဳလုပ္ေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝးတြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေရွ႕လုပ္ငန္းစဥ္မ်ားအနက္ ေနာက္ဆုံးအခ်က္ျဖစ္သည့္ လြတ္လပ္၍ တရားမွ်တသည့္ အေထြေထြ ေ႐ြးေကာက္ပြဲတစ္ရပ္ က်င္းပႏိုင္ေရးအတြက္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာသန္းေခါင္စာရင္း ေကာက္ယူျခင္းလုပ္ငန္းကိုေဆာင္႐ြက္ခဲ့ေၾကာင္း၊ ေကာက္ခံရရွိသည့္အခ်က္အလက္မ်ားအရ လူဦးေရအေနျဖင့္ က်ဆင္းလ်က္ရွိၿပီး ၅၁ သန္းေက်ာ္ခန႔္သာရွိသည္ကိုေတြ႕ရွိရေၾကာင္း နစကဥကၠ႒က ေျပာသည္။
ေမြးဖြားႏႈန္း က်ဆင္းျခင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာသူမ်ားျပားလာျခင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေသဆုံးမႈမ်ားရွိျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း၊ လူဦးေရက်ဆင္းမႈေၾကာင့္ ျပည္တြင္းလုပ္သားမ်ားရွားပါးလာေၾကာင္း၊ အလားတူ ေ႐ြးေကာက္ပြဲက်င္းပရာ၌လည္း အတိုင္းအတာတစ္ခုအေနျဖင့္ သက္ေရာက္မႈမ်ားရွိလာႏိုင္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။
ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္႐ြက္ရာတြင္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္အေျခအေနမ်ိဳးျဖစ္ရန္အတြက္ ဖိဖိစီးစီးျဖင့္ ဆက္လက္ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားတြင္ အဆင့္ႏွင့္အညီ လႊတ္ေတာ္အစည္းအေဝးလုပ္ေဆာင္ႏိုင္စြမ္းရွိရမည္ျဖစ္ၿပီး သိကၡာရွိသည့္လႊတ္ေတာ္ျဖစ္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းမွာၾကားခဲ့သည္။