"မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" ကို UNESCO စာရင်းဝင်နိုင်ရေးဆောင်ရွက်နေ

 154

ချယ်ရီ (NP News)- ဇန်နဝါရီ ၁၈

‘မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်’ ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပထမဆုံးတရားဝင် ပါဝင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးနောက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" ကိုလည်း UNESCO စာရင်းဝင်နိုင်ရန်အတွက် ပြန်လည်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီသို့ (၂၀၂၃) ခုနှစ်၊ မတ်လ (၂၄)ရက်က မြန်မာနိုင်ငံမှ ပေးပို့တင်သွင်းခဲ့သော ‘မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်’ အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ် (ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်) အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် တရားဝင်ဆုံးဖြတ်ခဲ့ရာ ဒီဇင်ဘာလ(၅)ရက်တွင် မြန်မာ့သင်္ကြန်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

‘မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်’ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်အောင်လုပ်ဆောင် ခဲ့ပြီးနောက်" မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" ကိုလည်း UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက (၂၀၂၅)ခုနှစ်၊ မတ်လ(၃၁)ရက်မတိုင်မီ ပြန်လည်တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကြောင့် Nomination Form ( ICH-02) ကို အချိန်မီ တင်သွင်းနိုင်ရန်အတွက် 'Form ရေးသားပြုစုရေးလုပ်ငန်းအဖွဲ့' က နေပြည်တော်ရှိ အမျိုးသားပြတိုက်အစည်းအဝေးခန်းမတွင် ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၅ ရက်) မှ ဇန်နဝါရီလ ၁၇ရက်အထိ ရေးသားဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
"ျမန္မာ့သနပ္ခါးယဥ္ေက်းမႈဓေလ့" ကို UNESCO စာရင္းဝင္ႏိုင္ေရးေဆာင္႐ြက္ေန
ခ်ယ္ရီ (NP News)- ဇန္နဝါရီ ၁၈

‘ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္’ ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ပထမဆုံးတရားဝင္ ပါဝင္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီးေနာက္ ျမန္မာ့သနပ္ခါးယဥ္ေက်းမႈဓေလ့" ကိုလည္း UNESCO စာရင္းဝင္ႏိုင္ရန္အတြက္ ျပန္လည္ေဆာင္႐ြက္ေနေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ သိရသည္။

ယူနက္စကို၏ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ေကာ္မတီသို႔ (၂၀၂၃) ခုႏွစ္၊ မတ္လ (၂၄)ရက္က ျမန္မာႏိုင္ငံမွ ေပးပို႔တင္သြင္းခဲ့ေသာ ‘ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္’ အဆိုျပဳစာတြဲကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ပါဝင္ႏိုင္ေရးႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ႏွစ္ (ဒီဇင္ဘာ ၂ ရက္မွ ၇ ရက္) အထိ ပါရာေဂြးႏိုင္ငံ၊ အာဆြန္စီယြန္ၿမိဳ႕၌ က်င္းပျပဳလုပ္သည့္ (၁၉) ႀကိမ္ေျမာက္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ညီလာခံတြင္ တရားဝင္ဆုံးျဖတ္ခဲ့ရာ ဒီဇင္ဘာလ(၅)ရက္တြင္ ျမန္မာ့သၾကၤန္သည္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ပထမဆုံးတရားဝင္ပါဝင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

‘ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္’ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ပါဝင္ေအာင္လုပ္ေဆာင္ ခဲ့ၿပီးေနာက္" ျမန္မာ့သနပ္ခါးယဥ္ေက်းမႈဓေလ့" ကိုလည္း UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တြင္ စာရင္းဝင္ႏိုင္ရန္ ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက (၂၀၂၅)ခုႏွစ္၊ မတ္လ(၃၁)ရက္မတိုင္မီ ျပန္လည္တင္သြင္းရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိုေၾကာင့္ Nomination Form ( ICH-02) ကို အခ်ိန္မီ တင္သြင္းႏိုင္ရန္အတြက္ 'Form ေရးသားျပဳစုေရးလုပ္ငန္းအဖြဲ႕' က ေနျပည္ေတာ္ရွိ အမ်ိဳးသားျပတိုက္အစည္းအေဝးခန္းမတြင္ ၿပီးခဲ့သည့္ (ဇန္နဝါရီလ ၁၅ ရက္) မွ ဇန္နဝါရီလ ၁၇ရက္အထိ ေရးသားေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.