နိုင်ငံတကာအဆင့်မီမြန်မာအနုပညာဗဟိုဌာန(ရန်ကုန်) အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်းလက်ခံ

 69

NP News - ဇန်နဝါရီလ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ မြန်မာအနုပညာဗဟို ဌာနအဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်းလက်ခံခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံကို အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်တွင်တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါအဆောက်အအုံကို တည်ဆောက်ခဲ့သော iGreen Construction Co., Ltd ထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်း လက်ခံယူသည့် အခမ်းအနားကို ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်)၊ နံနက် ၁၀ နာရီက ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာအနုပညာဗဟိုဌာန (Myanmar Art Center–Yangon) အဆောက်အအုံ Steel Structure Skeleton Building လက်ခံရေးအဖွဲ့ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ iGreen Construction Co.,Ltd ဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ မြန်မာအနုပညာဗဟိုဌာနအဆောက်အအုံလက်ခံရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် Steel Structure Skeleton Building သာ ပြီးစီးခဲ့သည့် မြန်မာအနုပညာဗဟိုဌာန (ရန်ကုန်)အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့ပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်မည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာရပ်များအတွက် အဖိုးမဖြတ်နိုင်သည့် နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန ပေါ်ထွန်းနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လည်း ဒုတိယဝန်ကြီး က တိုက်တွန်းပြောကြားခဲ့သည်။

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စသည့် အနုပညာဆိုင်ရာလုပ်ငန်း များဆောင်ရွက်နိုင်မည့် နိုင်ငံတကာ အဆင့်မီ အနုပညာဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ မြေဧရိယာ ၈ ဒသမ ၄၁ ဧက ပေါ်တွင် iGreen Construction Co., Ltd က ၂၀၁၆ ခုနှစ် မတ် ၂၈ ရက်တွင် စာချုပ်ချုပ်ဆို၍ စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

သဘောတူစာချုပ်နှင့်အညီ ရေးဆွဲထားသည့် အဆောက်အအုံဒီဇိုင်းအတိုင်းသံမဏိဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အဆောက်အအုံ (Steel Structure Skeleton Building) ကို ၂၀၁၈ ခုနှစ် မတ်လတွင် ရာခိုင်နှုန်းပြည့်တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ႏိုင္ငံတကာအဆင့္မီျမန္မာအႏုပညာဗဟိုဌာန(ရန္ကုန္) အေဆာက္အအုံကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက လႊဲေျပာင္းလက္ခံ
NP News - ဇန္နဝါရီလ ၁၈

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ရွိ ႏိုင္ငံတကာအဆင့္မီ ျမန္မာအႏုပညာဗဟို ဌာနအေဆာက္အအုံကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက လႊဲေျပာင္းလက္ခံခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာအႏုပညာဗဟိုဌာန(ရန္ကုန္)အေဆာက္အအုံကို အင္းစိန္ၿမိဳ႕နယ္၊ အေရွ႕ႀကိဳ႕ကုန္းရပ္ကြက္တြင္တည္ေဆာက္ထားျခင္းျဖစ္ၿပီး အဆိုပါအေဆာက္အအုံကို တည္ေဆာက္ခဲ့ေသာ iGreen Construction Co., Ltd ထံမွ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက လႊဲေျပာင္း လက္ခံယူသည့္ အခမ္းအနားကို ယမန္ေန႔ (ဇန္နဝါရီလ ၁၇ ရက္)၊ နံနက္ ၁၀ နာရီက ဒဂုံၿမိဳ႕နယ္ ၿမိဳ႕မေက်ာင္းလမ္းရွိ အမ်ိဳးသားဇာတ္႐ုံ (ရန္ကုန္) ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ျမန္မာအႏုပညာဗဟိုဌာန (Myanmar Art Center–Yangon) အေဆာက္အအုံ Steel Structure Skeleton Building လက္ခံေရးအဖြဲ႕ဥကၠ႒ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒၚႏုျမဇံ၊ ရန္ကုန္တိုင္းေဒသႀကီး လူမႈေရးရာဝန္ႀကီး ဦးေဌးေအာင္၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမႉး၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ iGreen Construction Co.,Ltd ဒါ႐ိုက္တာႏွင့္ အဖြဲ႕ဝင္မ်ား၊ ျမန္မာအႏုပညာဗဟိုဌာနအေဆာက္အအုံလက္ခံေရးအဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ Steel Structure Skeleton Building သာ ၿပီးစီးခဲ့သည့္ ျမန္မာအႏုပညာဗဟိုဌာန (ရန္ကုန္)အေဆာက္အအုံကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက ၿပီးစီးေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီး ေဒၚႏုျမဇံက အခမ္းအနားတြင္ ေျပာၾကားခဲ့သည္။

ထို႔ျပင္ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက ေဆာင္႐ြက္မည့္ ႐ုပ္ရွင္၊ ဂီတ၊ သဘင္၊ စာေပ အႏုပညာရပ္မ်ားအတြက္ အဖိုးမျဖတ္ႏိုင္သည့္ ႏိုင္ငံတကာအဆင့္မီအႏုပညာဗဟိုဌာန ေပၚထြန္းႏိုင္ေရး ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးၾကရန္လည္း ဒုတိယဝန္ႀကီး က တိုက္တြန္းေျပာၾကားခဲ့သည္။

႐ုပ္ရွင္၊ ဂီတ၊ သဘင္၊ စာေပ စသည့္ အႏုပညာဆိုင္ရာလုပ္ငန္း မ်ားေဆာင္႐ြက္ႏိုင္မည့္ ႏိုင္ငံတကာ အဆင့္မီ အႏုပညာဗဟိုဌာနကို ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ အေရွ႕ႀကိဳ႕ကုန္းရပ္ကြက္ရွိ ေျမဧရိယာ ၈ ဒသမ ၄၁ ဧက ေပၚတြင္ iGreen Construction Co., Ltd က ၂၀၁၆ ခုႏွစ္ မတ္ ၂၈ ရက္တြင္ စာခ်ဳပ္ခ်ဳပ္ဆို၍ စတင္တည္ေဆာက္ခဲ့ေၾကာင္း သိရသည္။

သေဘာတူစာခ်ဳပ္ႏွင့္အညီ ေရးဆြဲထားသည့္ အေဆာက္အအုံဒီဇိုင္းအတိုင္းသံမဏိျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားေသာ အေဆာက္အအုံ (Steel Structure Skeleton Building) ကို ၂၀၁၈ ခုႏွစ္ မတ္လတြင္ ရာခိုင္ႏႈန္းျပည့္တည္ေဆာက္ၿပီးစီးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.