ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TikTok ကို အမေရိကန်နိုင်ငံအတွင်းအသုံးပြုခွင့်ပိတ်ပင်ဖို့ အမေရိကန်တရားရုံး ဆုံးဖြတ်

 536

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၈

အမေရိကန်တရားရုံးဟာ ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TikTok ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ပင်မယ်ဆိုတဲ့ အမေရိကန်အစိုးရဲ့အမိန့်ထုတ်ပြန်ချက်တွေကို အတည်ပြုလက်ခံလိုက်ကြောင်း သိရပါတယ်။ တရုတ်အစိုးရဟာ TikTok လူမှုကွန်ရက်ကိုအသုံးချပြီး အမေရိကန်နိုင်ငံသားတွေရဲ့အချက်အလက်တွေကို ရယူနိုင် အောင် ကြိုးပမ်းနေတယ်လို့ စွပ်စွဲကာ အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုခွင့်ပိတ်ပင်ဖို့ နဲ့ TikTok ကို အသုံးပြုခွင့်ရလိုတယ်ဆိုရင် အမေရိကန်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်ကို ပြန်လည်ရောင်းချရမယ်လို့ အမေရိကန်အစိုးရက သတ်မှတ်ထားပါတယ်။

TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ဟာ အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို နှစ်သက်မှုမရှိတဲ့အတွက် တရားရုံး ထံ လျှောက်ထားတိုင်တန်းခဲ့ရာ တရားရုံးကလည်း TikTok လူမှုကွန်ရက်ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ပင်ဖို့ ထပ်မံဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ TikTok က အမေရိကန်နိုင်ငံသားတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်တာမျိုးဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ထားကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံအတွင်းမှာ TikTok လူမှုကွန်ရက်အသုံးပြုသူ သန်း ၁၇၀ ကျော်ရှိနေပြီး လူကြိုက်များတဲ့ လူမူကွန်ရက်တစ်ခုလည်းဖြစ်ပါတယ်။ အမေရိကန်တရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် ByteDance ဟာ TikTok လူမှုကွန်ရက်ကို ပြန်လည်ရောင်းချရဖွယ်ရှိနေပါတယ်။ အမေရိကန်တရားရုံးဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင် TikTok လူမှုကွန်ရက်ကို ပိတ်ပင်မယ့် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီဟာ TikTok လူမှုကွန်ရက်နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့သလို ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်နဲ့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ TikTok ကို အေမရိကန္ႏိုင္ငံအတြင္းအသုံးျပဳခြင့္ပိတ္ပင္ဖို႔ အေမရိကန္ တရား႐ုံး ဆုံးျဖတ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၈

အေမရိကန္တရား႐ုံးဟာ ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ TikTok ကို အေမရိကန္ႏိုင္ငံအတြင္း အသုံးျပဳခြင့္ ပိတ္ပင္မယ္ဆိုတဲ့ အေမရိကန္အစိုးရဲ႕အမိန႔္ထုတ္ျပန္ခ်က္ေတြကို အတည္ျပဳလက္ခံလိုက္ေၾကာင္း သိရပါတယ္။ တ႐ုတ္အစိုးရဟာ TikTok လူမႈကြန္ရက္ကိုအသုံးခ်ၿပီး အေမရိကန္ႏိုင္ငံသားေတြရဲ႕အခ်က္အလက္ေတြကို ရယူႏိုင္ ေအာင္ ႀကိဳးပမ္းေနတယ္လို႔ စြပ္စြဲကာ အေမရိကန္ႏိုင္ငံအတြင္း TikTok အသုံးျပဳခြင့္ပိတ္ပင္ဖို႔ နဲ႔ TikTok ကို အသုံးျပဳခြင့္ရလိုတယ္ဆိုရင္ အေမရိကန္ႏိုင္ငံသားစီးပြားေရးလုပ္ငန္းရွင္ကို ျပန္လည္ေရာင္းခ်ရမယ္လို႔ အေမရိကန္အစိုးရက သတ္မွတ္ထားပါတယ္။

TikTok ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ ByteDance ဟာ အေမရိကန္အစိုးရရဲ႕လုပ္ရပ္ကို ႏွစ္သက္မႈမရွိတဲ့အတြက္ တရား႐ုံး ထံ ေလွ်ာက္ထားတိုင္တန္းခဲ့ရာ တရား႐ုံးကလည္း TikTok လူမႈကြန္ရက္ကို အေမရိကန္ႏိုင္ငံအတြင္း အသုံးျပဳခြင့္ ပိတ္ပင္ဖို႔ ထပ္မံဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ TikTok က အေမရိကန္ႏိုင္ငံသားေတြရဲ႕ လြတ္လပ္စြာေျပာဆိုခြင့္ကို ခ်ိဳးေဖာက္တာမ်ိဳးျဖစ္တယ္လို႔ ေဝဖန္ျပစ္တင္ထားေၾကာင္း သိရပါတယ္။
အေမရိကန္ႏိုင္ငံအတြင္းမွာ TikTok လူမႈကြန္ရက္အသုံးျပဳသူ သန္း ၁၇၀ ေက်ာ္ရွိေနၿပီး လူႀကိဳက္မ်ားတဲ့ လူမူကြန္ရက္တစ္ခုလည္းျဖစ္ပါတယ္။ အေမရိကန္တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ ByteDance ဟာ TikTok လူမႈကြန္ရက္ကို ျပန္လည္ေရာင္းခ်ရဖြယ္ရွိေနပါတယ္။ အေမရိကန္တရား႐ုံးဟာ ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ က်မ္းသစၥာမက်ိန္ဆိုခင္ TikTok လူမႈကြန္ရက္ကို ပိတ္ပင္မယ့္ ဆုံးျဖတ္ခ်က္ခ်ခဲ့တာျဖစ္ပါတယ္။
တ႐ုတ္ကုမၸဏီဟာ TikTok လူမႈကြန္ရက္နဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္နဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေတြ႕ဆုံေဆြးေႏြးခဲ့သလို ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္နဲ႔လည္း ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.