ရုရှားထံမှ နျူကလီးယားလောင်စာများကို ဝယ်ယူနေဆဲဖြစ်ကြောင်း အမေရိကန် ဝန်ခံ

2072

Pika (NP News) - ဇန်နဝါရီ ၁၈
အမေရိကန်နိုင်ငံသည် ရုရှား၏ နျူကလီးယားလောင်စာများအပေါ် မှီခိုနေရဆဲဖြစ်ပြီး အမေရိကန်အပေါ် လောင်စာဆီထောက်ပံ့မှု၏ ငါးပုံတစ်ပုံသည် ရုရှားနိုင်ငံထံမှလာခြင်းဖြစ်ကြောင်း စွမ်းအင်အရင်းမြစ်ဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျီအော့ဖ်ဖရေးပီရက်၏ ပြောကြားချက်များအရ သိရသည်။
အမေရိကန်စွမ်းအင်ဌာနသည် ရုရှား၏ နျူကလီးယားလောင်စာအပေါ် အမေရိကန်၏ မှီခိုအားထားမှုနှင့် ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး မှီခိုအားထားမှုကို လျှော့ချရန် နှင့် နောက်ဆုံးတွင် အပြီးသတ် ဖယ်ရှားပစ်ရန် လိုအပ်ကြောင်း ဖော်ပြပြောကြားခဲ့ဖူးသည်။
ဂျီအော့ဖ်ဖရေးပီရက်က ‘‘အမေရိကန်ဟာ ရုရှားဆီကနေ နျူကလီးယားလောင်စာထောက်ပံ့မှု (၂၀)ရာခိုင်နှုန်းကို ရယူနေရဆဲဖြစ်ပြီး ရုရှား မဟုတ်တဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်ယူရပါဦးမယ်” ဟု ဝန်ခံပြောခဲ့သည်။ US Energy Information Administration (EIA) ၏ အဆိုအရ (၂၀၂၃)ခုနှစ်တွင် ရုရှားသည် အမေရိကန်နျူကလီးယားဓာတ်ပေါင်းဖိုများအတွက် သန့်စင်ပြီးသော ယူရေနီယမ် ခန့်မှန်းခြေ(၂၇)ရာခိုင်နှုန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ရုရှားထံမှ ယူရေနီယမ်တင်သွင်းမှုများကို တားမြစ် ပိတ်ပင်သည့် ရုရှားယူရေနီယံတင်သွင်းမှု အက်ဥပဒေကို လက်မှတ်ရေးထိုးခဲ့ဖူးကြောင်း သိရသည်။ အဆိုပါ ဥပဒေကို လက်မှတ်ရေးထိုးထားသော်လည်း (၂၀၂၈)ခုနှစ်အထိ သီးခြားအခြေအနေများအောက်တွင် အခြား ဝယ်ယူမှုများကိုမူ ခွင့်ပြုထားဆဲဖြစ်ကြောင်း သိရသည်။
ယင်းတားမြစ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားအစိုးရသည် သန့်စင်ပြီး ယူရေနီယမ်များကို အမေရိကန် သို့ တင်ပို့မှုယာယီကန့်သတ်ချက်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Zawgyi Version;
႐ုရွားထံမွ န်ဴကလီးယားေလာင္စာမ်ားကို ဝယ္ယူေနဆဲျဖစ္ေၾကာင္း အေမရိကန္ ဝန္ခံ
Pika (NP News) - ဇန္နဝါရီ ၁၈
အေမရိကန္ႏိုင္ငံသည္ ႐ုရွား၏ န်ဴကလီးယားေလာင္စာမ်ားအေပၚ မွီခိုေနရဆဲျဖစ္ၿပီး အေမရိကန္အေပၚ ေလာင္စာဆီေထာက္ပံ့မႈ၏ ငါးပုံတစ္ပုံသည္ ႐ုရွားႏိုင္ငံထံမွလာျခင္းျဖစ္ေၾကာင္း စြမ္းအင္အရင္းျမစ္ဆိုင္ရာ အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ီေအာ့ဖ္ဖေရးပီရက္၏ ေျပာၾကားခ်က္မ်ားအရ သိရသည္။
အေမရိကန္စြမ္းအင္ဌာနသည္ ႐ုရွား၏ န်ဴကလီးယားေလာင္စာအေပၚ အေမရိကန္၏ မွီခိုအားထားမႈႏွင့္ ပတ္သက္ၿပီး အေလးအနက္ စိုးရိမ္မိေၾကာင္း ယခင္က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးၿပီး မွီခိုအားထားမႈကို ေလွ်ာ့ခ်ရန္ ႏွင့္ ေနာက္ဆုံးတြင္ အၿပီးသတ္ ဖယ္ရွားပစ္ရန္ လိုအပ္ေၾကာင္း ေဖာ္ျပေျပာၾကားခဲ့ဖူးသည္။
ဂ်ီေအာ့ဖ္ဖေရးပီရက္က ‘‘အေမရိကန္ဟာ ႐ုရွားဆီကေန န်ဴကလီးယားေလာင္စာေထာက္ပံ့မႈ (၂၀)ရာခိုင္ႏႈန္းကို ရယူေနရဆဲျဖစ္ၿပီး ႐ုရွား မဟုတ္တဲ့ ေထာက္ပံ့ေရးကြင္းဆက္တစ္ခုကို တည္ေဆာက္ဖို႔အတြက္ အခ်ိန္ယူရပါဦးမယ္” ဟု ဝန္ခံေျပာခဲ့သည္။ US Energy Information Administration (EIA) ၏ အဆိုအရ (၂၀၂၃)ခုႏွစ္တြင္ ႐ုရွားသည္ အေမရိကန္န်ဴကလီးယားဓာတ္ေပါင္းဖိုမ်ားအတြက္ သန႔္စင္ၿပီးေသာ ယူေရနီယမ္ ခန႔္မွန္းေျခ(၂၇)ရာခိုင္ႏႈန္းကို ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္တြင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ႐ုရွားထံမွ ယူေရနီယမ္တင္သြင္းမႈမ်ားကို တားျမစ္ ပိတ္ပင္သည့္ ႐ုရွားယူေရနီယံတင္သြင္းမႈ အက္ဥပေဒကို လက္မွတ္ေရးထိုးခဲ့ဖူးေၾကာင္း သိရသည္။ အဆိုပါ ဥပေဒကို လက္မွတ္ေရးထိုးထားေသာ္လည္း (၂၀၂၈)ခုႏွစ္အထိ သီးျခားအေျခအေနမ်ားေအာက္တြင္ အျခား ဝယ္ယူမႈမ်ားကိုမူ ခြင့္ျပဳထားဆဲျဖစ္ေၾကာင္း သိရသည္။
ယင္းတားျမစ္ခ်က္ကို တုံ႔ျပန္သည့္အေနျဖင့္ ႐ုရွားအစိုးရသည္ သန႔္စင္ၿပီး ယူေရနီယမ္မ်ားကို အေမရိကန္ သို႔ တင္ပို႔မႈယာယီကန႔္သတ္ခ်က္ကို ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။