အာဆီယံအဖွဲ့ ဝင်နိုင်ငံများအကြောင်း မသိသဖြင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးအသစ် ဝေဖန်ခံနေရ
187
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၈
အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံထားရသော ပီတီဟတ်ဆီသည် လက်ရှိအချိန်တွင် အာဆီယံအဖွဲ့နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံ နေရပြီး ၎င်း၏သိမှုပိုင်းအပေါ် မေးခွန်းထုတ်မှုမြင့်တက်နေကြောင်း သိရသည်။ အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဒေါ်နယ်ထရမ့်သည် မရိန်းတပ်သားဟောင်း အမေရိကန်ရုပ်သံသတင်းဌာန၏ တင်ဆက်သူဖြစ်သော ပီတီဟတ်ဆီကို ၎င်းဦးဆောင်မည့် အမေရိကန်အစိုးရ အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူရန် ရွေးချယ်ခန့်အပ်ထားကြောင်း သိရသည်။
အမေရိကန်အထက်လွှတ်တော်အမတ်ဖြစ်သူ တန်မီဒက်ဝက်သည် ပီတီဟတ်ကို ပြီးခဲ့သော ရက်ပိုင်းက လွှတ်တော်အတွင်း မေးမြန်းမှုများလုပ်ဆောင်ခဲ့ရာ ပီတီဟတ်သည် အာဆီယံနှင့်ပတ်သက်ပြီး ကျွမ်းကျင်စွာ မသိသေးကြောင်း ဝေဖန်ခံနေရသည်။ အထက်လွှတ်တော် ကြားနာပွဲအတွင်း ပီတီဟတ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ပေါင်း ဘယ်နှနိုင်ငံရှိသလဲ ဆိုသောအချက်၊ အမေရိကန်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ သဘာတူညီမှုစာချုပ် အမျိုးအစားများကို အဓိကထားမေးမြန်းခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူတော့မည့် ပီတီဟတ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံအရေအတွက်ကို တိတိကျကျမဖြေဆိုနိုင်ခဲ့ ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်နှင့် သဘောတူညီမှုစာချုပ်များချုပ်ဆိုထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ အမည်ကိုလည်း ဖြေဆိုနိုင် ခြင်းမျိုးမရှိခဲ့ကြောင်း ဝေဖန်ခံနေရသည်။
ပီတီဟတ်ဆီက ‘‘အမေရိကန်နိုင်ငံဟာ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျတို့နဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်တယ်။ အဲဒီသုံးနိုင်ငံစလုံးဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ဘူး” ဟု သွယ်ဝိုက်ပြီး ဖြေဆိုသွားခဲ့ကာ တိတိ ကျကျမဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။ အမေရိကန်အထက်လွှတ်တော်အမတ်ဖြစ်သူ ဒက်ဝက်က အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူမည့် ပီတီဟတ်ဆီသည် အိမ်စာလုပ်ရန် အများကြီးလိုသေးကြောင်း ဝေဖန်ခဲ့ သည်။ အာဆီယံအဖွဲ့ကို (၁၉၆၇)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀)နိုင်ငံရှိနေကာ မကြာမီတွင် အရှေ့တီမောနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်လာဖွယ်ရှိနေသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုစုပေါင်း လူဦးရေက သန်း(၆၅၀)ကျော်ရှိနေပြီး စုစုပေါင်း ဂျီဒီပီတန်ဖိုးက အမေရိကန်ဒေါ်လာ (၃)ထရီလျံ ရှိနေကြောင်း သိရသည်။ အမေရိကန်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် မဟာမိတ်စာချုပ်ချုပ်ဆိုထားပြီး အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ ဩဇာ လွှမ်းမိုးမှုကို တုံ့ပြန်နိုင်ရန် အာဆီယံအဖွဲ့အပေါ် ဩဇာလွှမ်းမိုးရန်အတွက် ကြိုးပမ်းနေကြောင်း သိရသည်။ အာဆီယံအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အမေရိကန် ကာကွယ်ရေး နှင့် နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်လေ့ရှိကြောင်း သိရသည်။ အာဆီယံအဖွဲ့သည် အမေရိကန် နိုင်ငံ၏ ကုန်သွယ်ရေးမိတ်ဖက်အဖွဲ့အစည်းများထဲတွင် အဓိကအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေကြောင်း သိရသည်။
Zawgyi Version;
အာဆီယံအဖြဲ႕ ဝင္ႏိုင္ငံမ်ားအေၾကာင္း မသိသျဖင့္ အေမရိကန္ကာကြယ္ေရးဝန္ႀကီးအသစ္ ေဝဖန္ခံေနရ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၈
အေမရိကန္ကာကြယ္ေရးဝန္ႀကီးအျဖစ္ ေ႐ြးခ်ယ္ခံထားရေသာ ပီတီဟတ္ဆီသည္ လက္ရွိအခ်ိန္တြင္ အာဆီယံအဖြဲ႕ႏွင့္ပတ္သက္၍ ေဝဖန္ျပစ္တင္ခံ ေနရၿပီး ၎၏သိမႈပိုင္းအေပၚ ေမးခြန္းထုတ္မႈျမင့္တက္ေနေၾကာင္း သိရသည္။ အေမရိကန္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရၿပီးေနာက္ ေဒၚနယ္ထရမ့္သည္ မရိန္းတပ္သားေဟာင္း အေမရိကန္႐ုပ္သံသတင္းဌာန၏ တင္ဆက္သူျဖစ္ေသာ ပီတီဟတ္ဆီကို ၎ဦးေဆာင္မည့္ အေမရိကန္အစိုးရ အဖြဲ႕တြင္ ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူရန္ ေ႐ြးခ်ယ္ခန႔္အပ္ထားေၾကာင္း သိရသည္။
အေမရိကန္အထက္လႊတ္ေတာ္အမတ္ျဖစ္သူ တန္မီဒက္ဝက္သည္ ပီတီဟတ္ကို ၿပီးခဲ့ေသာ ရက္ပိုင္းက လႊတ္ေတာ္အတြင္း ေမးျမန္းမႈမ်ားလုပ္ေဆာင္ခဲ့ရာ ပီတီဟတ္သည္ အာဆီယံႏွင့္ပတ္သက္ၿပီး ကြၽမ္းက်င္စြာ မသိေသးေၾကာင္း ေဝဖန္ခံေနရသည္။ အထက္လႊတ္ေတာ္ ၾကားနာပြဲအတြင္း ပီတီဟတ္ကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ ေပါင္း ဘယ္ႏွႏိုင္ငံရွိသလဲ ဆိုေသာအခ်က္၊ အေမရိကန္ႏွင့္အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံ၏ သဘာတူညီမႈစာခ်ဳပ္ အမ်ိဳးအစားမ်ားကို အဓိကထားေမးျမန္းခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး အျဖစ္ တာဝန္ယူေတာ့မည့္ ပီတီဟတ္သည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအေရအတြက္ကို တိတိက်က်မေျဖဆိုႏိုင္ခဲ့ ေၾကာင္း သိရသည္။ ထို႔ျပင္ အေမရိကန္ႏွင့္ သေဘာတူညီမႈစာခ်ဳပ္မ်ားခ်ဳပ္ဆိုထားေသာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံ၏ အမည္ကိုလည္း ေျဖဆိုႏိုင္ ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း ေဝဖန္ခံေနရသည္။
ပီတီဟတ္ဆီက ‘‘အေမရိကန္ႏိုင္ငံဟာ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ဩစေၾတးလ်တို႔နဲ႔ မဟာမိတ္ႏိုင္ငံေတြ ျဖစ္တယ္။ အဲဒီသုံးႏိုင္ငံစလုံးဟာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြ မဟုတ္ဘူး” ဟု သြယ္ဝိုက္ၿပီး ေျဖဆိုသြားခဲ့ကာ တိတိ က်က်မေျဖဆိုႏိုင္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္အထက္လႊတ္ေတာ္အမတ္ျဖစ္သူ ဒက္ဝက္က အေမရိကန္ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူမည့္ ပီတီဟတ္ဆီသည္ အိမ္စာလုပ္ရန္ အမ်ားႀကီးလိုေသးေၾကာင္း ေဝဖန္ခဲ့ သည္။ အာဆီယံအဖြဲ႕ကို (၁၉၆၇)ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အဖြဲ႕ဝင္ႏိုင္ငံေပါင္း (၁၀)ႏိုင္ငံရွိေနကာ မၾကာမီတြင္ အေရွ႕တီေမာႏိုင္ငံက အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပူးေပါင္းပါဝင္လာဖြယ္ရွိေနသည္။
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စုစုေပါင္း လူဦးေရက သန္း(၆၅၀)ေက်ာ္ရွိေနၿပီး စုစုေပါင္း ဂ်ီဒီပီတန္ဖိုးက အေမရိကန္ေဒၚလာ (၃)ထရီလ်ံ ရွိေနေၾကာင္း သိရသည္။ အေမရိကန္သည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအနက္ ထိုင္းႏိုင္ငံႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔သည္ မဟာမိတ္စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး အေမရိကန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံ၏ ဩဇာ လႊမ္းမိုးမႈကို တုံ႔ျပန္ႏိုင္ရန္ အာဆီယံအဖြဲ႕အေပၚ ဩဇာလႊမ္းမိုးရန္အတြက္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။ အာဆီယံအဖြဲ႕၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝး၊ ကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးကို အေမရိကန္ ကာကြယ္ေရး ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားတက္ေရာက္ေလ့ရွိေၾကာင္း သိရသည္။ အာဆီယံအဖြဲ႕သည္ အေမရိကန္ ႏိုင္ငံ၏ ကုန္သြယ္ေရးမိတ္ဖက္အဖြဲ႕အစည္းမ်ားထဲတြင္ အဓိကအဖြဲ႕အစည္းတစ္ခုအျဖစ္ ရပ္တည္ေနေၾကာင္း သိရသည္။