ဒေါ်နယ်ထရမ့်က ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးအတွက် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ဟု အစ္စရေးမီဒီယာများ ချီးကျူး

 101

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၈

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် အစ္စရေး နှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား (၁၅)လ ကျော်ကြာဖြစ်ပွားနေသော ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ကြောင်း အစ္စရေးနိုင်ငံ အခြေစိုက် Times of Israel သတင်းဌာနက ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်ရွေးကောက်ပွဲတွင်အနိုင်ရခဲ့ပြီးနောက် ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေး ရယူနိုင် ရန်ကြားဝင်ကြိုးပမ်းခဲ့ပြီး ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းအထူးကိုယ်စားလှယ် စတီဗီဝစ်အော့က အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကို လက်ခံယုံကြည်အောင် ကြိုးပမ်းနိုင်ခဲ့ကြောင်း သိရသည်။ စတီဗီအော့သည် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တာဝန်ရှိသူများ နှင့် အစည်းအဝေးတစ်ကြိမ်လုပ်ချိန်အတွင်း အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများရ ယူနိုင်ရန် ကြိုးပမ်းပေးခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က အစ္စရေးနှင့်ဟားမတ်စ် လက်နက်ကိုင်အဖွဲ့တို့သည် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ က ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေးအချက် ပါဝင်သော သဘောတူညီမှုကို ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ ကြားအပစ်ခတ်ရပ်စဲရေးတွင် (၄၂)ရက်ကြာ အပစ်ခတ်ရပ်စဲမည်ဖြစ်ပြီး အပစ်ခတ်ရပ်စဲရေးကာလအတွင်း အကျဉ်းသားများ၊ ဖမ်ဆီးထားသူများ အပြန်အလှန်လဲလှယ်ရမည်ဖြစ်ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရအဖွဲ့အတွင်း အရှေ့အလယ်ပိုင်းရေးရာ အထူးကိုယ်စား လှယ်အဖြစ်ခန့်အပ်ထားသော စတီဗီဝစ်အော့သည် ပြီးခဲ့သောသီတင်းပတ်တွင် ကာတာနိုင်ငံဒိုဟာမြို့သို့သွား ရောက်ခဲ့ပြီး ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းသည် ကာတာနိုင်ငံသို့သွားရောက်ခဲ့ပြီး နောက်ရက်ပိုင်းအကြာတွင် အစ္စရေးနိုင်ငံသို့ထပ်မံသွားရောက်ကာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဂါဇာစစ်ပွဲအပစ် ခတ်ရပ်စဲရေးအတွက် စတီဗီဝစ်အော့ အဆိုပြုသောအချက်များကို လက်ခံခဲ့ကြောင်း သိရသည်။
စတီဗီဝစ်အော့သည် အစ္စရေးဝန်ကြီးချုပ်နေတန် ရာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ရက်အကြာ တွင် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးမူကြမ်းကို ရေးဆွဲနိုင်ခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက် ထက်တွင် ဂါဇာစစ်ပွဲ အဆုံးသတ်ရန် တစ်နှစ်ကျော်ကြာချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကြိုး ပမ်းနိုင်ခြင်းမရှိသော် လည်း ဒေါ်နယ်ထရမ့်သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် လအနည်းငယ်အကြာတွင် ဂါဇာစစ်ပွဲ အပစ်ခတ် ရပ်စဲရေးရယူနိုင်ရန် လက်တွေ့စွမ်းဆောင်နိုင်ခဲ့ကြောင်း အစ္စရေးမီဒီယာများက ချီးကျူးရေးသားကြသည်။ အပစ်အခတ်ရပ်စဲရေးရယူနိုင်ခြင်းသည် ဒေါ်နယ်ထရမ့်၏ စီမံခန့်ခွဲမှု ကောင်းမွန်သည့်အတွက် ရယူနိုင်ခဲ့ခြင်းမျိုးဖြစ် ကြောင်း အစ္စရေး အခြေစိုက် Times of Israel သတင်းဌာနက ဖော်ပြထားသည်။

Zawgyi Version;
ေဒၚနယ္ထရမ့္က ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးအတြက္ အဓိကအခန္းက႑မွပါဝင္ခဲ့ဟု အစၥေရးမီဒီယာမ်ား ခ်ီးက်ဴး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၈

အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္သည္ အစၥေရး ႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား (၁၅)လ ေက်ာ္ၾကာျဖစ္ပြားေနေသာ ဂါဇာစစ္ပြဲအဆုံးသတ္ရန္အတြက္ အဓိကအခန္းက႑မွ ပါဝင္ခဲ့သူျဖစ္ေၾကာင္း အစၥေရးႏိုင္ငံ အေျခစိုက္ Times of Israel သတင္းဌာနက ေဖာ္ျပထားသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္ေ႐ြးေကာက္ပြဲတြင္အႏိုင္ရခဲ့ၿပီးေနာက္ ဂါဇာစစ္ပြဲအပစ္အခတ္ရပ္စဲေရး ရယူႏိုင္ ရန္ၾကားဝင္ႀကိဳးပမ္းခဲ့ၿပီး ေဒၚနယ္ထရမ့္၏ အေရွ႕အလယ္ပိုင္းအထူးကိုယ္စားလွယ္ စတီဗီဝစ္ေအာ့က အစၥေရးႏွင့္ ဟားမတ္စ္အဖြဲ႕တို႔ကို လက္ခံယုံၾကည္ေအာင္ ႀကိဳးပမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။ စတီဗီေအာ့သည္ အစၥေရးႏွင့္ ဟားမတ္စ္အဖြဲ႕တာဝန္ရွိသူမ်ား ႏွင့္ အစည္းအေဝးတစ္ႀကိမ္လုပ္ခ်ိန္အတြင္း အပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈမ်ားရ ယူႏိုင္ရန္ ႀကိဳးပမ္းေပးခဲ့ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္က အစၥေရးႏွင့္ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕တို႔သည္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ က ဖမ္းဆီးထားသူမ်ား ျပန္လႊတ္ေပးေရးအခ်က္ ပါဝင္ေသာ သေဘာတူညီမႈကို ရရွိခဲ့ေၾကာင္း ေၾကညာခဲ့သည္။ အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ ၾကားအပစ္ခတ္ရပ္စဲေရးတြင္ (၄၂)ရက္ၾကာ အပစ္ခတ္ရပ္စဲမည္ျဖစ္ၿပီး အပစ္ခတ္ရပ္စဲေရးကာလအတြင္း အက်ဥ္းသားမ်ား၊ ဖမ္ဆီးထားသူမ်ား အျပန္အလွန္လဲလွယ္ရမည္ျဖစ္ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က ၎၏ အစိုးရအဖြဲ႕အတြင္း အေရွ႕အလယ္ပိုင္းေရးရာ အထူးကိုယ္စား လွယ္အျဖစ္ခန႔္အပ္ထားေသာ စတီဗီဝစ္ေအာ့သည္ ၿပီးခဲ့ေသာသီတင္းပတ္တြင္ ကာတာႏိုင္ငံဒိုဟာၿမိဳ႕သို႔သြား ေရာက္ခဲ့ၿပီး ဖမ္းဆီးခံထားရသူမ်ား ျပန္လႊတ္ေပးေရးအတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ၎သည္ ကာတာႏိုင္ငံသို႔သြားေရာက္ခဲ့ၿပီး ေနာက္ရက္ပိုင္းအၾကာတြင္ အစၥေရးႏိုင္ငံသို႔ထပ္မံသြားေရာက္ကာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဂါဇာစစ္ပြဲအပစ္ ခတ္ရပ္စဲေရးအတြက္ စတီဗီဝစ္ေအာ့ အဆိုျပဳေသာအခ်က္မ်ားကို လက္ခံခဲ့ေၾကာင္း သိရသည္။
စတီဗီဝစ္ေအာ့သည္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ ရာဟုႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ႏွစ္ရက္အၾကာ တြင္ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးမူၾကမ္းကို ေရးဆြဲႏိုင္ခဲ့သည္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္လက္ ထက္တြင္ ဂါဇာစစ္ပြဲ အဆုံးသတ္ရန္ တစ္ႏွစ္ေက်ာ္ၾကာခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ ႀကိဳး ပမ္းႏိုင္ျခင္းမရွိေသာ္ လည္း ေဒၚနယ္ထရမ့္သမၼတအျဖစ္ ေ႐ြးေကာက္ခံရၿပီးေနာက္ လအနည္းငယ္အၾကာတြင္ ဂါဇာစစ္ပြဲ အပစ္ခတ္ ရပ္စဲေရးရယူႏိုင္ရန္ လက္ေတြ႕စြမ္းေဆာင္ႏိုင္ခဲ့ေၾကာင္း အစၥေရးမီဒီယာမ်ားက ခ်ီးက်ဴးေရးသားၾကသည္။ အပစ္အခတ္ရပ္စဲေရးရယူႏိုင္ျခင္းသည္ ေဒၚနယ္ထရမ့္၏ စီမံခန႔္ခြဲမႈ ေကာင္းမြန္သည့္အတြက္ ရယူႏိုင္ခဲ့ျခင္းမ်ိဳးျဖစ္ ေၾကာင္း အစၥေရး အေျခစိုက္ Times of Israel သတင္းဌာနက ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.