ဒေါ်နယ်ထရမ့်လက်ထက်မှာ အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေအပေါ်တိုက်ခိုက်မှုက ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေဟုဆို

 65

Pika (NP News) - ဇန်နဝါရီ ၁၈

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ရဲ့လက်ထက်မှာ အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေအပေါ် တိုက်ခိုက်မှုက ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်ပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့် က အမေရိကန်သမ္မတအဖြစ် တာဝန်မထမ်းဆောင်ခင် အီရန်ရဲ့နျူကလီးယားအစီအစဉ်အပေါ် စစ်ဘက်ဆိုင်ရာ တိုက်ခိုက်နိုင်ခြေတွေကို လျှော့ချနိုင်မယ့် နည်းလမ်းရှိ/မရှိကို ဥရောပသံတမန်တွေက ရှာဖွေဖို့ကြိုးပမ်းနေကြတယ် လို့လည်း သိရပါတယ်။
အကြီးတန်းဥရောပသံတမန်တစ်ဦးက “ပြီးခဲ့တဲ့လများစွာအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ သိသာတဲ့တိုးတက် ပြောင်းလဲမှုတွေရှိခဲ့ပြီးနောက် အစ္စရေးဟာ တိုက်ခိုက်မှုတွေကိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ကို ရယူခဲ့တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ မကြာခင်အချိန်အတွင်း ဖြစ်ပေါ်လာနိုင်ခြေ ရှိ/မရှိ ဆိုတဲ့ အချက်ကို အဲ့ဒီဥရောပသံတမန်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဥရောပနိုင်ငံအများအပြားဟာ အီရန်ကို နျူကလီးယားလက်နက် မရရှိစေဖို့အတွက် လုပ်ဆောင်မယ့် အခြားနည်းလမ်း ဒါမှမဟုတ် သံတမန်ရေးအရ အခွင့်အလမ်းရှိ/မရှိကို သိရှိနိုင်ဖို့အတွက် ဒေါ်နယ်ထရမ့်ရဲ့အဖွဲ့နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဗြိတိန်၊ ဂျာမနီ နဲ့ ပြင်သစ်တို့ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန် ခြင်းမျိုးမရှိဘဲ လျှို့ဝှက်တွေ့ဆုံမှုတွေကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အီရန်နဲ့ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ဗြိတိန်၊ ဂျာမနီ နဲ့ ပြင်သစ်တို့ဟာ အီရန်ရဲ့ယူရေနီယမ် သန့်စင်နိုင်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြ တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေဒၚနယ္ထရမ့္လက္ထက္မွာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြအေပၚတိုက္ခိုက္မႈက ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေန ဟုဆို
Pika (NP News) - ဇန္နဝါရီ ၁၈

အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ရဲ႕လက္ထက္မွာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြအေပၚ တိုက္ခိုက္မႈက ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ သုံးသပ္ေျပာဆိုမႈေတြရွိေနတယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ က အေမရိကန္သမၼတအျဖစ္ တာဝန္မထမ္းေဆာင္ခင္ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္အေပၚ စစ္ဘက္ဆိုင္ရာ တိုက္ခိုက္ႏိုင္ေျခေတြကို ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းရွိ/မရွိကို ဥေရာပသံတမန္ေတြက ရွာေဖြဖို႔ႀကိဳးပမ္းေနၾကတယ္ လို႔လည္း သိရပါတယ္။
အႀကီးတန္းဥေရာပသံတမန္တစ္ဦးက “ၿပီးခဲ့တဲ့လမ်ားစြာအတြင္း အေရွ႕အလယ္ပိုင္းေဒသမွာ သိသာတဲ့တိုးတက္ ေျပာင္းလဲမႈေတြရွိခဲ့ၿပီးေနာက္ အစၥေရးဟာ တိုက္ခိုက္မႈေတြကိုလုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခ်က္ကို ရယူခဲ့တယ္လို႔ ကြၽန္ေတာ္တို႔ ထင္ပါတယ္။ အဲဒီတိုက္ခိုက္မႈေတြဟာ မၾကာခင္အခ်ိန္အတြင္း ျဖစ္ေပၚလာႏိုင္ေျခ ရွိ/မရွိ ဆိုတဲ့ အခ်က္ကို အဲ့ဒီဥေရာပသံတမန္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ဥေရာပႏိုင္ငံအမ်ားအျပားဟာ အီရန္ကို န်ဴကလီးယားလက္နက္ မရရွိေစဖို႔အတြက္ လုပ္ေဆာင္မယ့္ အျခားနည္းလမ္း ဒါမွမဟုတ္ သံတမန္ေရးအရ အခြင့္အလမ္းရွိ/မရွိကို သိရွိႏိုင္ဖို႔အတြက္ ေဒၚနယ္ထရမ့္ရဲ႕အဖြဲ႕နဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ၎က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ၿဗိတိန္၊ ဂ်ာမနီ နဲ႔ ျပင္သစ္တို႔ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး လူသိရွင္ၾကား ထုတ္ျပန္ ျခင္းမ်ိဳးမရွိဘဲ လွ်ိဳ႕ဝွက္ေတြ႕ဆုံမႈေတြကို ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလမွာ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အီရန္နဲ႔ေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း ၿဗိတိန္၊ ဂ်ာမနီ နဲ႔ ျပင္သစ္တို႔ဟာ အီရန္ရဲ႕ယူေရနီယမ္ သန္႔စင္ႏိုင္မႈေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ထုတ္ေဖာ္ျပသခဲ့ၾက တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.