ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနဲ့ဇနီးဖြစ်သူတို့ကို ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ဟု တရားရုံးသတင်းထုတ်ပြန်

 53

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၈

ပါကစ္စတန်တရားရုံးဟာ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ အင်ရန်ခန်း နဲ့ ဇနီးဖြစ်သူတို့ကို ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။ အီရန်ခန်းနဲ့ ဇနီးဖြစ်သူတို့ဟာ မြေယာကို လက်ဆောင်ယူခဲ့မှု နဲ့ပတ်သက်ပြီး အကျင့်ပျက်လာဘ်စားမှုတွေကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ကာ ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတ်ယ။ အီရန်ခန်းဟာ လက်ရှိအချိန်မှာ အကျင့်ပျက်လာဘ်စားမှု အပါအဝင် စွဲချက်အများအပြားကို ရင်ဆိုင် နေရသူဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လနောက်ပိုင်းကတည်းက တရားရုံးမှာအမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။
အီရန်ခန်းက "ကျွန်တော်ဟာ အဲဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးလိုသလို သက်သာခွင့် လျှောက်ထားမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။ တရားသူကြီးရာနာကတော့ "အီရန်ခန်းဟာ ပြစ်မှုကျူးလွန်ခဲ့ တယ်ဆိုတာကို သက်သေပြနိုင်ခဲ့တယ်" လို့ ပြောပါတယ်။
တရားရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးက အာမခံနဲ့ မကြာသေးမီက ပြန်လွှတ်ပေးခဲ့တဲ့ အီရန်ခန်းရဲ့ဇနီးဖြစ်သူကို ပြန်လည်ဖမ်းဆီးမယ်လို့ ပြောပါတယ်။ ပါကစ္စတန်အစိုးရနဲ့ ၏ PTI ပါတီတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး နောက်တစ်ရက်အကြာမှာပဲ PTI ပါတီရဲ့ခေါင်းဆောင်ဖြစ်သူ အီရန်ခန်းကို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်အစိုးရရှေ့နေတွေက အီရန်ခန်းနဲ့ ဇနီးဖြစ်သူတို့ဟာ အိမ်ယာဆောက်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်းချီတန်ကြေးရှိတဲ့မြေကွက်ကို လက်ဆောင်အဖြစ်ရယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အီရန်ခန်းကတော့ ၎င်းအပေါ် စွဲဆိုတားတဲ့စွဲချက်များကို ငြင်းဆန်ထားပြီး နိုင်ငံရေးအရ လုပ်ကြံမှုမျိုးသာဖြစ်တယ်လို့ ပြောပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အီရန်ခန်း ဦးဆောင်တဲ့ PTI ပါတီနဲ့ အစိုးရကြားထိပ်တိုက်တွေ့ဆုံမှုများဟာ အီရန်ခန်းရာထူးက ဖြုတ်ချခံရပြီးနောက်ပိုင်း ပိုမိုဖြစ်လာခဲ့ပါတယ်။

Zawgyi Version;
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနဲ့ဇနီးဖြစ်သူတို့ကို ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ဟု တရားရုံးသတင်း ထုတ်ပြန်

Related news

© 2021. All rights reserved.