အာဆီယံဥက္ကဋ္ဌနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုလုပ်ရန် 7 EAO တို့ ကြိုးပမ်း
207
သုတကျော် (NP News) - ဇန်နဝါရီ ၁၈
လက်ရှိအကျပ်အတည်းကို ကျော်လွှားရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်ရန်အတွက် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ - 7 EAO Alliance မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် က NP News သို့ ပြောသည်။
7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင် အဖွဲ့အစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် ယခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေ ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေး၊ EAO များအတွင်း Coor- dination and Cooperation ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင်ချဲ့ထွင်ရေးလုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲအခင်းအကျင်း ပေါ်ပေါက်လာပါစေ ကျွန်တော်တို့ 7 EAO Alliance အနေနဲ့ကတော့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ကျွန်တော်တို့အဖွဲ့ ကလည်းပဲ တစ်ထောင့် တစ်နေရာကနေပြီးတော့ လက်ရှိအကျပ်အတည်းကို ကျော်လွှားရာမှာ ပူးပေါင်းပါဝင်ဖို့ လုပ်ငန်းစဉ်တွေကို ဆွေးနွေး လိုက်တဲ့အခါမှာကျတော့ အပိုင်း (၂) ပိုင်းရှိတယ်။ ပထမအပိုင်းက ကျွန်တော်တို့ (၇) ဖွဲ့ထဲမှာ လုပ်ရမှာဖြစ်တယ်။ ဒုတိယအပိုင်းကျတော့ တခြားသော ပြင်ပအင်အားစုတွေနဲ့လုပ်ရမယ့် အလုပ်တွေ ဖြစ်တယ်လို့ ကျွန်တော်တို့ ခွဲခြားထားပါတယ်” ဟု ၎င်းက ဆိုသည်။
7 EAO Alliance အနေဖြင့် အခြားတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကို ချဉ်းကပ်မှုများ လုပ်ဆောင်ကာ လက်ရှိ အကျပ်အတည်းကို ကျော်လွှားရန်အတွက် စုစည်းမှုများ၊ စုပေါင်းဆောင်ရွက်မှုများ မည်ကဲ့သို့ လုပ်ဆောင်နိုင်မည် ဆိုခြင်းကို စတင်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ၎င်းကဆိုသည်။
“လက်ရှိ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ကျော်လွှားဖို့အတွက် နိုင်ငံတကာရဲ့ပံ့ပိုးမှုက မလွဲမသွေ လိုအပ် တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် မို့လို့ 7 EAO Alliance အနေနဲ့ မကြာခင်မှာ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဘာတို့ အပါအဝင် အာဆီယံခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းတာလုပ်မယ်၊ နောက်တစ်ခါ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကိုကျော်လွှားဖို့အတွက် အိမ်နီးချင်းနိုင်ငံ တွေနဲ့ထိတွေ့ဆက်ဆံဖို့ ညှိနှိုင်းဆောင်ရွက်တဲ့လုပ်ငန်းတွေလုပ်နိုင်အောင် အစီအစဉ်တွေလည်း ဆွေးနွေးဆုံးဖြတ် နိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ယခင် NCA လက်မှတ်ရေးထိုးစဉ်က အသိသက်သေအဖြစ်ပါဝင်ခဲ့သော နိုင်ငံတကာက ခေါင်းဆောင်များ၊ အစုအဖွဲ့များကို ပြန်လည်ချိတ်ဆက်ကာ လက်ရှိအကျပ်အတည်းကိုကျော်လွှားရန် မည်သို့ ကူညီ၊ အကြံပြုမှုများ ရနိုင်မည်နည်းဆိုသည်ကိုလည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
“လက်ရှိ နိုင်ငံရေး အခက်အခဲ၊ အကျပ်အတည်းကို ကျွန်တော်တို့ ကျော်လွှားတဲ့နေရာမှာ ဒီအချိန်မှာ လုပ်ဆောင်မှုက အမျိုးမျိုးရှိတယ်။ ရှိပါစေ ဒါကတော့ ပကတိ အရှိတရားပဲ။ တကယ့်တကယ် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ပဲပြောပြော၊ ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အနိဋ္ဌာရုံတွေ၊ အခက်အခဲတွေကို ကျော်လွှားဖို့အတွက် နောက်ဆုံးက နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ မလွဲမသွေကို ရှိကိုရှိရမယ်လို့ ကျွန်တော်တို့ ယုံကြည်လို့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်တဲ့နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
Zawgyi Version;
အာဆီယံဥကၠ႒ႏိုင္ငံႏွင့္ ထိေတြ႕ဆက္ဆံမႈလုပ္ရန္ 7 EAO တို႔ ႀကိဳးပမ္း
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၈
လက္ရွိအက်ပ္အတည္းကို ေက်ာ္လႊားရန္အတြက္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲမ်ား ျဖစ္ေျမာက္ရန္အတြက္ ဆက္လက္ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း (၇) ဖြဲ႕၏ မဟာမိတ္အဖြဲ႕ - 7 EAO Alliance မွ ေျပာေရးဆိုခြင့္ ရွိသူ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္ က NP News သို႔ ေျပာသည္။
7 EAO Alliance ၏ (၃/၂၀၂၅) ဦးေဆာင္ အဖြဲ႕အစည္းအေဝးကို ၿပီးခဲ့သည့္ရက္ပိုင္းက ျပဳလုပ္ခဲ့ရာ အဆိုပါ အစည္းအေဝးတြင္ ယခုႏွစ္အတြင္း ျဖစ္ေပၚလာႏိုင္မည့္ ႏိုင္ငံေရးအခင္းအက်င္းႏွင့္အညီ ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳတင္ျပင္ဆင္ထားရွိေရး၊ သက္ဆိုင္သူမ်ားအားလုံးပါဝင္ေသာ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈမ်ား ျဖစ္ေပၚလာေစ ေရး၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေဖာ္ေဆာင္ေရး၊ EAO မ်ားအတြင္း Coor- dination and Cooperation ပိုမိုရရွိလာေစေရး၊ ျပည္တြင္းႏိုင္ငံေရးေဘာင္ခ်ဲ႕ထြင္ေရးလုပ္ငန္းစဥ္ကို တိုးျမႇင့္ေဆာင္႐ြက္ေရးတို႔ကို ဆက္လက္ ႀကိဳးပမ္းေဆာင္႐ြက္သြားရန္ ေဆြးေႏြးခဲ့သည္။
“ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ဘယ္လိုပဲအခင္းအက်င္း ေပၚေပါက္လာပါေစ ကြၽန္ေတာ္တို႔ 7 EAO Alliance အေနနဲ႔ကေတာ့ ျဖစ္ေပၚလာတဲ့ ႏိုင္ငံေရးအခင္းအက်င္းနဲ႔အညီ ကြၽန္ေတာ္တို႔အဖြဲ႕ ကလည္းပဲ တစ္ေထာင့္ တစ္ေနရာကေနၿပီးေတာ့ လက္ရွိအက်ပ္အတည္းကို ေက်ာ္လႊားရာမွာ ပူးေပါင္းပါဝင္ဖို႔ လုပ္ငန္းစဥ္ေတြကို ေဆြးေႏြး လိုက္တဲ့အခါမွာက်ေတာ့ အပိုင္း (၂) ပိုင္းရွိတယ္။ ပထမအပိုင္းက ကြၽန္ေတာ္တို႔ (၇) ဖြဲ႕ထဲမွာ လုပ္ရမွာျဖစ္တယ္။ ဒုတိယအပိုင္းက်ေတာ့ တျခားေသာ ျပင္ပအင္အားစုေတြနဲ႔လုပ္ရမယ့္ အလုပ္ေတြ ျဖစ္တယ္လို႔ ကြၽန္ေတာ္တို႔ ခြဲျခားထားပါတယ္” ဟု ၎က ဆိုသည္။
7 EAO Alliance အေနျဖင့္ အျခားတိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကို ခ်ဥ္းကပ္မႈမ်ား လုပ္ေဆာင္ကာ လက္ရွိ အက်ပ္အတည္းကို ေက်ာ္လႊားရန္အတြက္ စုစည္းမႈမ်ား၊ စုေပါင္းေဆာင္႐ြက္မႈမ်ား မည္ကဲ့သို႔ လုပ္ေဆာင္ႏိုင္မည္ ဆိုျခင္းကို စတင္ေဆာင္႐ြက္ရန္ အစီအစဥ္ရွိေၾကာင္း ၎ကဆိုသည္။
“လက္ရွိ ျမန္မာႏိုင္ငံရဲ႕အက်ပ္အတည္းကို ေက်ာ္လႊားဖို႔အတြက္ ႏိုင္ငံတကာရဲ႕ပံ့ပိုးမႈက မလြဲမေသြ လိုအပ္ တယ္လို႔ ယုံၾကည္တဲ့အတြက္ေၾကာင့္ မို႔လို႔ 7 EAO Alliance အေနနဲ႔ မၾကာခင္မွာ အာဆီယံဥကၠ႒ျဖစ္လာမယ့္ မေလးရွားႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ဘာတို႔ အပါအဝင္ အာဆီယံေခါင္းေဆာင္ေတြနဲ႔ ထိေတြ႕ဆက္ဆံဖို႔ ႀကိဳးပမ္းတာလုပ္မယ္၊ ေနာက္တစ္ခါ ျမန္မာႏိုင္ငံရဲ႕အက်ပ္အတည္းကိုေက်ာ္လႊားဖို႔အတြက္ အိမ္နီးခ်င္းႏိုင္ငံ ေတြနဲ႔ထိေတြ႕ဆက္ဆံဖို႔ ညႇိႏႈိင္းေဆာင္႐ြက္တဲ့လုပ္ငန္းေတြလုပ္ႏိုင္ေအာင္ အစီအစဥ္ေတြလည္း ေဆြးေႏြးဆုံးျဖတ္ ႏိုင္ခဲ့တယ္” ဟု ၎က ဆိုသည္။
ယခင္ NCA လက္မွတ္ေရးထိုးစဥ္က အသိသက္ေသအျဖစ္ပါဝင္ခဲ့ေသာ ႏိုင္ငံတကာက ေခါင္းေဆာင္မ်ား၊ အစုအဖြဲ႕မ်ားကို ျပန္လည္ခ်ိတ္ဆက္ကာ လက္ရွိအက်ပ္အတည္းကိုေက်ာ္လႊားရန္ မည္သို႔ ကူညီ၊ အႀကံျပဳမႈမ်ား ရႏိုင္မည္နည္းဆိုသည္ကိုလည္း ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က ဆိုသည္။
“လက္ရွိ ႏိုင္ငံေရး အခက္အခဲ၊ အက်ပ္အတည္းကို ကြၽန္ေတာ္တို႔ ေက်ာ္လႊားတဲ့ေနရာမွာ ဒီအခ်ိန္မွာ လုပ္ေဆာင္မႈက အမ်ိဳးမ်ိဳးရွိတယ္။ ရွိပါေစ ဒါကေတာ့ ပကတိ အရွိတရားပဲ။ တကယ့္တကယ္ ကြၽန္ေတာ္တို႔ရဲ႕ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးလို႔ပဲေျပာေျပာ၊ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ႀကဳံေတြ႕ေနရတဲ့ အနိ႒ာ႐ုံေတြ၊ အခက္အခဲေတြကို ေက်ာ္လႊားဖို႔အတြက္ ေနာက္ဆုံးက ႏိုင္ငံေရးျပႆနာျဖစ္တဲ့အတြက္ေၾကာင့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးဖို႔ မလြဲမေသြကို ရွိကိုရွိရမယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္လို႔ ပါဝင္သင့္ ပါဝင္ထိုက္သူအားလုံး ပါဝင္ႏိုင္တဲ့ႏိုင္ငံေရး ေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ေျမာက္ဖို႔ တစိုက္မတ္မတ္ႀကိဳးပမ္းေဆာင္႐ြက္ေနတာျဖစ္ပါတယ္” ဟု ၎က ဆိုသည္။