ဂါဇာအပစ်အခတ်ရပ်စဲရေးက ထင်ရှားတဲ့တိုးတက်မှုတစ်ခုဖြစ်တယ်လို့ G7 အဖွဲ့ပြော

 173

Pika (NP News) - ဇန်နဝါရီ ၁၈

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခု ဖြစ်ပြီး အပြည့်အဝအကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်ကြဖို့ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကို G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
G7 အဖွဲ့က “ဒါဟာ သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ကြဖို့နဲ့ ရန်လိုမှုတွေကို အပြီးတိုင်အဆုံးသတ်ဖို့အတွက် နောက်ထပ်ဆွေးနွေးပွဲအဆင့်တွေမှာ ပါဝင်ကြဖို့ ကျွန်တော်တို့တိုက်တွန်းထားပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
ပါလက်စတိုင်းအကျဉ်းသားတွေကို အစ္စရေးဓါးစာခံတွေနဲ့လဲလှယ်ပေးမယ့် အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ဟာ စစ်ပွဲကို အပြီးတိုင်အဆုံးသတ်မယ့်စည်းမျဉ်းတွေကို ဆွေးနွေးပြီးနောက် စတင်အသက်မဝင်မီ အစ္စရေး အစိုးရအဖွဲ့၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် G7 အဖွဲ့ဟာ လုံခြုံရေး ခြိမ်းခြောက်မှုတွေကနေ အစ္စရေးရဲ့ကာကွယ်မှုအတွက် ၎င်းတို့ရဲ့ထောက်ခံမှုတွေကို ထပ်မံအတည်ပြုခဲ့တယ်လို့ လည်း သိရပါတယ်။
အီရန်နဲ့ ၎င်းကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေကိုလည်း အီရန်ကိုနောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ဆောင်တာကနေ ရှောင်ကြဉ်ကြဖို့ G7 အဖွဲ့က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာ အခြေအနေတွေ ဆက်လက်ဆိုးရွားနေဆဲဖြစ်တဲ့ဂါဇာကမ်းမြောင်ဒေသက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးအခြေအနေကို မီးမောင်းထိုးပြခဲ့တယ်လို့လည်း သိရပါတယ်။
G7 အဖွဲ့က “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်သားတွေ အပါအဝင် အရပ်သားတွေကို ဘေးကင်းလုံခြုံ ပြီး လျင်လျင်မြန်မြန်နဲ့ အတားအဆီးမရှိ ဖြတ်သန်းခွင့်ပြုဖို့နဲ့ ကာကွယ်ဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version;
ဂါဇာအပစ္အခတ္ရပ္စဲေရးက ထင္ရွားတဲ့တိုးတက္မႈတစ္ခုျဖစ္တယ္လို႔ G7 အဖြဲ႕ေျပာ
Pika (NP News) - ဇန္နဝါရီ ၁၈

ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ သိသာထင္ရွားတဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခု ျဖစ္ၿပီး အျပည့္အဝအေကာင္အထည္ေဖာ္ဖို႔အတြက္ လုပ္ေဆာင္ၾကဖို႔ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ကို G7 အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြက ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
G7 အဖြဲ႕က “ဒါဟာ သိသာထင္ရွားတဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခုပဲျဖစ္ပါတယ္။ အဲဒီသေဘာတူညီခ်က္ကို အျပည့္အဝ အေကာင္အထည္ေဖာ္ၾကဖို႔နဲ႔ ရန္လိုမႈေတြကို အၿပီးတိုင္အဆုံးသတ္ဖို႔အတြက္ ေနာက္ထပ္ေဆြးေႏြးပြဲအဆင့္ေတြမွာ ပါဝင္ၾကဖို႔ ကြၽန္ေတာ္တို႔တိုက္တြန္းထားပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ပါလက္စတိုင္းအက်ဥ္းသားေတြကို အစၥေရးဓါးစာခံေတြနဲ႔လဲလွယ္ေပးမယ့္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီ ခ်က္ဟာ စစ္ပြဲကို အၿပီးတိုင္အဆုံးသတ္မယ့္စည္းမ်ဥ္းေတြကို ေဆြးေႏြးၿပီးေနာက္ စတင္အသက္မဝင္မီ အစၥေရး အစိုးရအဖြဲ႕၏ အတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနရဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ G7 အဖြဲ႕ဟာ လုံၿခဳံေရး ၿခိမ္းေျခာက္မႈေတြကေန အစၥေရးရဲ႕ကာကြယ္မႈအတြက္ ၎တို႔ရဲ႕ေထာက္ခံမႈေတြကို ထပ္မံအတည္ျပဳခဲ့တယ္လို႔ လည္း သိရပါတယ္။
အီရန္နဲ႔ ၎ေက်ာေထာက္ေနာက္ခံျပဳ လက္နက္ကိုင္အဖြဲ႕ေတြကိုလည္း အီရန္ကိုေနာက္ထပ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္တာကေန ေရွာင္ၾကဥ္ၾကဖို႔ G7 အဖြဲ႕က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ၎တို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ အေျခအေနေတြ ဆက္လက္ဆိုး႐ြားေနဆဲျဖစ္တဲ့ဂါဇာကမ္းေျမာင္ေဒသက လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ ကပ္ေဘးအေျခအေနကို မီးေမာင္းထိုးျပခဲ့တယ္လို႔လည္း သိရပါတယ္။
G7 အဖြဲ႕က “လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာလုပ္သားေတြ အပါအဝင္ အရပ္သားေတြကို ေဘးကင္းလုံၿခဳံ ၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ အတားအဆီးမရွိ ျဖတ္သန္းခြင့္ျပဳဖို႔နဲ႔ ကာကြယ္ဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုထားပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.