အနာဂါတ်မျှဝေထားတဲ့အသိုင်းအဝိုင်းတစ်ခုကို ဗီယက်နမ်နဲ့အတူ တည်ဆောက်လိုတယ်လို့ တရုတ်သမ္မတပြော

 354

Pika (NP News) - ဇန်နဝါရီ ၁၈

တရုတ်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံနဲ့အတူ မဟာဗျူဟာမြောက် အရေးပါတဲ့အနာဂါတ်မျှဝေထားတဲ့ အသိုင်းအဝိုင်း တစ်ခုကိုတည်ဆောက်ဖို့အတွက် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဗီယက်နမ် အာဏာရကွန်မြူနစ်ပါတီ အကြီးအကဲ To Lam နဲ့ သမ္မတ Luong Cuong တို့ထံ ဂုဏ်ပြုကြောင်းစာတစ်စောင်ကို ရှီကျင့်ဖျင်က ပေးပိုခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ရည်မှန်းချက်တွေ၊အကျိုးစီးပွားတွေ နဲ့ အယူဝါဒတွေအပြင် ခိုင်မာတဲ့ရည်မှန်းချက်တွေအပေါ်အခြေခံပြီး အနာဂတ်မျှဝေထားတဲ့ လူ့အဖွဲ့အစည်းကို တရုတ်နိုင်ငံက တည်ဆောက်လိုနေတာလည်းဖြစ်ပါတယ်။
အဲဒီတည်ဆောက်မှုတွေကို မဟာဗျူဟာမြောက်အရေးပါမှုတစ်ခုအဖြစ် တရုတ်ဘက်က ဖော်ပြပြောဆိုထား တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း အချိန်(၇၅)နှစ်တာ ကာလအတွင်း နှစ်နိုင်ငံစလုံးဟာ အမျိုးသားလွတ်လပ်ရေးနဲ့ ပြည်သူလွတ်လပ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြတဲ့နှစ်တွေအတွင်း အချင်းချင်းကူညီပံ့ပိုးပေးခဲ့ကြပေမယ့်အခက်အခဲတွေများစွာကို ရင်ဆိုင်ခဲ့ရတယ်လို့လည်း ရှီကျင့်ဖျင်က မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

Zawgyi Version;


Related news

© 2021. All rights reserved.