ဖိလစ်ပိုင်ရေတပ်က အငြင်းပွားကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်

 263

Pika (NP News) - ဇန်နဝါရီ ၁၉

ဖိလစ်ပိုင်ရေတပ်က ၎င်းတို့ရဲ့သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ အငြင်းပွားကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်နေတယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အငြင်းပွားမှုတွေဖြစ်နေတဲ့ကြားက ဘုံသဘောတူညီချက်တစ်ခုကိုရှာဖွေဖို့ သဘောတူမှုတွေရှိခဲ့ပေမယ့်လည်း ဖိလစ်ပိုင်ဖက်က စစ်ရေးလေ့ကျင့်မှုတွေ ကို ဆက်လက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
Scarborough Shoal ကျွန်းပတ်ဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေဟာ ဖိလစ်ပိုင်ရေတပ်ရဲ့စွမ်းရည်တွေ ပိုမိုတိုးမြင့်လာအောင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဖိလစ်ပိုင်ရေတပ်က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန်အတွင်းမှာ လှည့်ပတ်နေတဲ့ ကင်းလှည့်သင်္ဘောနှစ်စီးနဲ့ Antonio Luna ဖရီးဂိတ် သင်္ဘောတို့ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပုံမှန်လေ့ကျင်မှုအဖြစ် ဖိလစ်ပိုင်ရေတပ်က ဖော်ပြခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို ဇန်နဝါရီလ(၁၉)ရက်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဖိလစ်ပိုင်ရေတပ်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို ဖိလစ်ပိုင်ရဲ့သီးသန့်စီးပွားရေးဇုန်အတွင်း ရောက်ရှိနေတဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့အကြီးဆုံးသင်္ဘောဆီက ရေဒီယိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဖိလစ်ပိုင်ရေတပ်က ပြောကြားထားပါတယ်။
ဖိလစ်ပိုင်ရေတပ်ရဲ့စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို ဖိလစ်ပိုင်မှာရှိတဲ့ တရုတ်သံရုံးက ချက်ချင်း မှတ်ချက်ပြုတုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ေရတပ္က အျငင္းပြားကြၽန္းအနီးမွာ စစ္ေရးေလ့က်င့္မႈေတြျပဳလုပ္
Pika (NP News) - ဇန္နဝါရီ ၁၉

ဖိလစ္ပိုင္ေရတပ္က ၎တို႔ရဲ႕သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာရွိတဲ့ အျငင္းပြားကြၽန္းအနီးမွာ စစ္ေရးေလ့က်င့္မႈေတြကို ျပဳလုပ္ေနတယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အျငင္းပြားမႈေတြျဖစ္ေနတဲ့ၾကားက ဘုံသေဘာတူညီခ်က္တစ္ခုကိုရွာေဖြဖို႔ သေဘာတူမႈေတြရွိခဲ့ေပမယ့္လည္း ဖိလစ္ပိုင္ဖက္က စစ္ေရးေလ့က်င့္မႈေတြ ကို ဆက္လက္လုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္။
Scarborough Shoal ကြၽန္းပတ္ဝန္းက်င္မွာ စစ္ေရးေလ့က်င့္မႈေတြဟာ ဖိလစ္ပိုင္ေရတပ္ရဲ႕စြမ္းရည္ေတြ ပိုမိုတိုးျမင့္လာေအာင္လုပ္ေဆာင္ဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔ ဖိလစ္ပိုင္ေရတပ္က ေျပာၾကားခဲ့ပါတယ္။ ဖိလစ္ပိုင္သီးသန္႔စီးပြားေရးဇုန္အတြင္းမွာ လွည့္ပတ္ေနတဲ့ ကင္းလွည့္သေဘၤာႏွစ္စီးနဲ႔ Antonio Luna ဖရီးဂိတ္ သေဘၤာတို႔ပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈကို ပုံမွန္ေလ့က်င္မႈအျဖစ္ ဖိလစ္ပိုင္ေရတပ္က ေဖာ္ျပခဲ့ပါတယ္။
အဲဒီစစ္ေရးေလ့က်င့္မႈေတြကို ဇန္နဝါရီလ(၁၉)ရက္အထိ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း ဖိလစ္ပိုင္ေရတပ္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီစစ္ေရးေလ့က်င့္မႈေတြကို ဖိလစ္ပိုင္ရဲ႕သီးသန္႔စီးပြားေရးဇုန္အတြင္း ေရာက္ရွိေနတဲ့ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕အႀကီးဆုံးသေဘၤာဆီက ေရဒီယိုစိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔လုပ္ေဆာင္ေနတာ ျဖစ္တယ္လို႔လည္း ဖိလစ္ပိုင္ေရတပ္က ေျပာၾကားထားပါတယ္။
ဖိလစ္ပိုင္ေရတပ္ရဲ႕စစ္ေရးေလ့က်င့္မႈနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို ဖိလစ္ပိုင္မွာရွိတဲ့ တ႐ုတ္သံ႐ုံးက ခ်က္ခ်င္း မွတ္ခ်က္ျပဳတုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.