ဒေါ်နယ်ထရမ့်ရဲ့စီးပွားရေးအစီအစဉ်တွေက ငွေကြေးဖောင်းပွမှုကို မြင့်တက်လာစေနိုင်တယ်လို့ IMF ပြော

 311

Pika (NP News) - ဇန်နဝါရီ ၁၉

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့စီးပွားရေးအစီအစဉ်တွေဟာ အမေရိကန်နိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုကို ပြန်လည်မြင့်တက်လာစေနိုင်မယ့် အန္တရာယ်ရှိတယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က စီးပွားရေးပညာရှင် Pierre-Olivier Gourinchas က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အကောက်ခွန်တိုးမြှင့်ဖို့နဲ့ လူဝင်မှုကြီးကြပ်ရေးကန့်သတ်မှုတွေအတွက် ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုချက်တွေဟာ စီးပွားရေးထောက်ပံ့ရေးဘက်ခြမ်းမှာ ကန့်သတ်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပြီး ဈေးနှုန်းတွေကို မြင့်တက်လာစေ နိုင်တယ်လို့ Pierre-Olivier Gourinchas က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အခွန်ဖြတ်တောက်ခြင်းလိုမျိုး ဒေါ်နယ်ထရမ့်ရဲ့အခြားအဆိုပြုချက်တွေဟာလည်း ဝယ်လိုအားကိုမြှင့်တင်မှု နဲ့အတူ ငွေကြေးဖောင်းပွမှုကို ဖြစ်‌ပေါ်စေနိုင်တယ်လို့ Pierre-Olivier Gourinchas က ထပ်မံပြောကြားခဲ့ပါတယ်။ Pierre-Olivier Gourinchas က "အဓိကအချက်ကတော့ အမေရိကန်အတွက် အန္တရာယ်တွေကို ကြည့်လိုက်တဲ့ အခါ ငွေ‌ကြေး‌ဖောင်းပွမှုတွေ မြင့်တက်လာနိုင်တဲ့အန္တရာယ်ကို တွေ့မြင်နေရပါတယ်" လို့ ပြောခဲ့ပါတယ်။
Pierre-Olivier Gourinchas ဟာ အမေရိကန်မှာရှိတဲ့ IMF ရုံးချုပ်မှာ World Economic Outlook (WEO) အစီရင်ခံစာ မထုတ်ပြန်ခင် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ စီးပွားရေးပညာရှင်အများအပြားဟာ ဒေါ်နယ်ထရမ့်ရဲ့အကောက်ခွန်နဲ့လူဝင်မှုကြီးကြပ်ရေးအစီအစဉ်တွေကို ငွေ‌ကြေးဖောင်းပွမှုတစ်ခုအဖြစ် ရှုမြင်ထား ကြပေမယ့်လည်း ဒေါ်နယ်ထရမ့်နဲ့ ၎င်းရဲ့အကြံပေးသူတွေက ဒီအစီအစဉ်တွေအားလုံးဟာ ဈေးနှုန်းတွေကို ထိန်းသိမ်းရာမှာ အကူအညီဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလ(၂၀)ရက်မှာ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး အခြားနိုင်ငံတွေရဲ့‌ခေါင်းဆောင်အများအပြားဟာ ၎င်းရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်နိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေဒၚနယ္ထရမ့္ရဲ႕စီးပြားေရးအစီအစဥ္ေတြက ေငြေၾကးေဖာင္းပြမႈကို ျမင့္တက္လာေစႏိုင္တယ္လို႔ IMF ေျပာ
Pika (NP News) - ဇန္နဝါရီ ၁၉

အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ရဲ႕စီးပြားေရးအစီအစဥ္ေတြဟာ အေမရိကန္ႏိုင္ငံရဲ႕ ေငြေၾကး ေဖာင္းပြမႈကို ျပန္လည္ျမင့္တက္လာေစႏိုင္မယ့္ အႏၲရာယ္ရွိတယ္လို႔ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕(IMF) က စီးပြားေရးပညာရွင္ Pierre-Olivier Gourinchas က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေကာက္ခြန္တိုးျမႇင့္ဖို႔နဲ႔ လူဝင္မႈႀကီးၾကပ္ေရးကန႔္သတ္မႈေတြအတြက္ ေဒၚနယ္ထရမ့္ရဲ႕အဆိုျပဳခ်က္ေတြဟာ စီးပြားေရးေထာက္ပံ့ေရးဘက္ျခမ္းမွာ ကန႔္သတ္မႈေတြကို ျဖစ္ေပၚလာေစႏိုင္ၿပီး ေဈးႏႈန္းေတြကို ျမင့္တက္လာေစ ႏိုင္တယ္လို႔ Pierre-Olivier Gourinchas က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အခြန္ျဖတ္ေတာက္ျခင္းလိုမ်ိဳး ေဒၚနယ္ထရမ့္ရဲ႕အျခားအဆိုျပဳခ်က္ေတြဟာလည္း ဝယ္လိုအားကိုျမႇင့္တင္မႈ နဲ႔အတူ ေငြေၾကးေဖာင္းပြမႈကို ျဖစ္‌ေပၚေစႏိုင္တယ္လို႔ Pierre-Olivier Gourinchas က ထပ္မံေျပာၾကားခဲ့ပါတယ္။ Pierre-Olivier Gourinchas က "အဓိကအခ်က္ကေတာ့ အေမရိကန္အတြက္ အႏၲရာယ္ေတြကို ၾကည့္လိုက္တဲ့ အခါ ေငြ‌ေၾကး‌ေဖာင္းပြမႈေတြ ျမင့္တက္လာႏိုင္တဲ့အႏၲရာယ္ကို ေတြ႕ျမင္ေနရပါတယ္" လို႔ ေျပာခဲ့ပါတယ္။
Pierre-Olivier Gourinchas ဟာ အေမရိကန္မွာရွိတဲ့ IMF ႐ုံးခ်ဳပ္မွာ World Economic Outlook (WEO) အစီရင္ခံစာ မထုတ္ျပန္ခင္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ စီးပြားေရးပညာရွင္အမ်ားအျပားဟာ ေဒၚနယ္ထရမ့္ရဲ႕အေကာက္ခြန္နဲ႔လူဝင္မႈႀကီးၾကပ္ေရးအစီအစဥ္ေတြကို ေငြ‌ေၾကးေဖာင္းပြမႈတစ္ခုအျဖစ္ ရႈျမင္ထား ၾကေပမယ့္လည္း ေဒၚနယ္ထရမ့္နဲ႔ ၎ရဲ႕အႀကံေပးသူေတြက ဒီအစီအစဥ္ေတြအားလုံးဟာ ေဈးႏႈန္းေတြကို ထိန္းသိမ္းရာမွာ အကူအညီျဖစ္ေစလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ဇန္နဝါရီလ(၂၀)ရက္မွာ အေမရိကန္သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုမွာျဖစ္ၿပီး အျခားႏိုင္ငံေတြရဲ႕‌ေခါင္းေဆာင္အမ်ားအျပားဟာ ၎ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.