ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရုရှားအစိုးရတာဝန်ရှိသူတွေ မတက်ရောက်ဟုဆို

 522

Pika (NP News) - ဇန်နဝါရီ ၁၉

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို ရုရှားနိုင်ငံက တာဝန်ရှိသူတွေ တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားအစိုးရရဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အထူးလက်ထောက် ယူရီယူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလ(၂၀)ရက်မှာ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။ အစဥ်အလာအရ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေဟာ အဲဒီအခမ်းအနားကို ၎င်းတို့ရဲ့သံတမန်တွေ စေလွှတ်ကြတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ရောက်နိုင်တာနဲ့ပတ်သက်ပြီး ရုရှားဘက်က ယခုလိုထုတ်ဖော်ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။ ယူရီယူရှာကော့ဗ်က "ဒေါ်နယ်ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို ရုရှားနိုင်ငံက တာဝန်ရှိသူတွေ တက်ရောက်မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ရုရှားဟာ အမေရိကန်မှာ သံတမန် တွေ မရှိသေးပါဘူး" လို့ ပြောခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ဖိတ်ကြားမှုကို လက်ခံရရှိခဲ့မယ်ဆိုရင် ရုရှားကိုယ်စားလှယ်တစ်ဦးက ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လိမ့်မယ်လို့ ယူရီယူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။ (၂၀၁၇)ခုနှစ် ဩဂုတ်လကတည်းက အမေရိကန်ကိုရောက်ရှိနေတဲ့ ရုရှားသံအမတ်ကြီး အန်နာတိုလေးအန်တိုနော့ဗ်ကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ ရုရှားအစိုးရက ပြန်လည်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။
ကနေဒါဆိုင်ရာ ရုရှားသံမန်ဟောင်း အလက်ဇန်းဒါးဒါချီယက်ဗ်ကို အန်နာတိုလေးအန်တိုနော့ဗ်နေရာမှာ အစားထိုး နိုင်ဖွယ်ရှိနေတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြထားကြပေမယ့်လည်း သံတမန်အသစ်ခန့်အပ်မှုနဲ့ပတ်သက်ပြီး တရားဝင် အတည်ပြုချက်တွေတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ေဒၚနယ္ထရမ့္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကို ႐ုရွားအစိုးရတာဝန္ရွိသူေတြ မတက္ေရာက္ဟုဆို
Pika (NP News) - ဇန္နဝါရီ ၁၉

အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို ႐ုရွားႏိုင္ငံက တာဝန္ရွိသူေတြ တက္ေရာက္မွာမဟုတ္ဘူးလို႔ ႐ုရွားအစိုးရရဲ႕ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ အထူးလက္ေထာက္ ယူရီယူရွာေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ဇန္နဝါရီလ(၂၀)ရက္မွာ အေမရိကန္သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုမွာျဖစ္ပါတယ္။ အစဥ္အလာအရ အေမရိကန္နဲ႔ သံတမန္ဆက္ဆံေရးရွိတဲ့ ႏိုင္ငံေတြဟာ အဲဒီအခမ္းအနားကို ၎တို႔ရဲ႕သံတမန္ေတြ ေစလႊတ္ၾကတယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကို မတက္ေရာက္ႏိုင္တာနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္က ယခုလိုထုတ္ေဖာ္ေျပာဆိုလာခဲ့တာပဲျဖစ္ပါတယ္။ ယူရီယူရွာေကာ့ဗ္က "ေဒၚနယ္ထရမ့္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို ႐ုရွားႏိုင္ငံက တာဝန္ရွိသူေတြ တက္ေရာက္မွာမဟုတ္ပါဘူး။ လက္ရွိအခ်ိန္မွာ ႐ုရွားဟာ အေမရိကန္မွာ သံတမန္ ေတြ မရွိေသးပါဘူး" လို႔ ေျပာခဲ့ပါတယ္။
က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ဖို႔ ဖိတ္ၾကားမႈကို လက္ခံရရွိခဲ့မယ္ဆိုရင္ ႐ုရွားကိုယ္စားလွယ္တစ္ဦးက က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္လိမ့္မယ္လို႔ ယူရီယူရွာေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။ (၂၀၁၇)ခုႏွစ္ ဩဂုတ္လကတည္းက အေမရိကန္ကိုေရာက္ရွိေနတဲ့ ႐ုရွားသံအမတ္ႀကီး အန္နာတိုေလးအန္တိုေနာ့ဗ္ကို ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလမွာ ႐ုရွားအစိုးရက ျပန္လည္ေခၚယူခဲ့တာလည္းျဖစ္ပါတယ္။
ကေနဒါဆိုင္ရာ ႐ုရွားသံမန္ေဟာင္း အလက္ဇန္းဒါးဒါခ်ီယက္ဗ္ကို အန္နာတိုေလးအန္တိုေနာ့ဗ္ေနရာမွာ အစားထိုး ႏိုင္ဖြယ္ရွိေနတယ္လို႔ ႐ုရွားမီဒီယာေတြက ေဖာ္ျပထားၾကေပမယ့္လည္း သံတမန္အသစ္ခန႔္အပ္မႈနဲ႔ပတ္သက္ၿပီး တရားဝင္ အတည္ျပဳခ်က္ေတြေတာ့ မရွိေသးဘူးလို႔လည္း သိရပါတယ္။

Picture

Zawoo Than

19/01/2025 20:06

ဘာဆိုင်လို့တက်ရမှာလဲဟ ​​ဒေါ်နွယ်ထွန့် က စက်ြာဝ​တေးမင်းလား?

Related news

© 2021. All rights reserved.