အမေရိကန်နိုင်ငံသားအများစုက ဂရင်းလန်းကျွန်းကို ရယူပိုင်ဆိုင်လိုမှုမရှိကြောင်း စစ်တမ်းတွင် ဖော်ပြ

 236

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၉

အမေရိကန်နိုင်ငံသားအများစုသည် ဂရင်းလန်းကျွန်းကို ဒိန်းမတ်နိုင်ငံထံမှရယူရန် လိုလားခြင်း မရှိကြောင်း အမေရိကန်အခြေစိုက် USA Today သတင်းဌာနမှပြုလုပ်ခဲ့သောစစ်တမ်းတွင် ဖော်ပြထားသည်။ အမေရိကန်ရွေး ကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကိုရလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မကြာမီ အငြင်းပွားမှုများဖြစ်လာနေချိန်တွင် အမေရိကန်အခြေစိုက်သတင်းဌာနက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံပိုင်နက်ဖြစ်ပြီး အာတိတ်သမုဒ္ဒရာအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး (၁၈၀ဝ) ပြည့်နှစ်နောက်ပိုင်းတည်းက ဒိန်းမတ်နိုင်ငံပိုင်နက်အဖြစ် နိုင်ငံတကာက အသိမှတ်ပြုထားကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်ကာလအတွင်း ဂရင်းလန်း ကျွန်းကို ဝယ်ယူရန် စီစဉ်ခဲ့ဖူးပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
USA Today သတင်းဌာနသည် ဂရင်းလန်း ကျွန်းပိုင်ဆိုင်ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသား (၁၀ဝဝ) ကို စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်း ဖြေဆိုသူအားလုံး၏ (၁၁) ရာခိုင်နှုန်းက ဂရင်းလန်း ကျွန်းပိုင်ဆိုင် ရေးကို လက်ခံခဲ့ပြီး အခြား (၅၃) ရာခိုင်နှုန်းကထောက်ခံခြင်းမရှိကြောင်း သိရသည်။ ထို့ပြင် စစ်တမ်းဖြေဆိုသူ အားလုံး၏ (၂၉)ရာခိုင်နှုန်းက ဉာဏ်ကောင်းသော်လည်း သင့်တော်မှုမရှိကြောင်း ဖြေဆိုကြသည်။
ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် အငြင်းပွားမှုများရှိနေပြီး ဂရင်းလန်းကျွန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲက ကျွန်းကို ရောင်းချမည်မဟုတ်ဘဲ ကျွန်းလုံခြုံရေးနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရနှင့် ဆွေးနွေးရန်လမ်းကြောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဂရင်းလန်းကျွန်းတွင် လူဦးရေ (၆)သောင်းနီး ပါးရှိနေကာ ကိုယ်ပိုင်လွတ်လပ်ရေးရလိုနေပြီး ကျွန်းဧရိယာစုစုပေါင်း (၂ ဒသမ ၂) သန်း စတုရန်းကီလိုမီတာရှိပြီး ရွှေ၊ ငွေ၊ ကြေးနီ နှင့် ယူရေနီယမ်ထွက်ရှိကြောင်း သိရသည်။ ဂရင်းလန်းကျွန်း၏ မျက်နှာပြင်(၈၀)ရာခိုင်နှုန်းသည် ရေခဲများဖုံးလွှမ်းနေပြီး မဟာဗျူဟာအရ အချက်အချာကျသောကျွန်းဖြစ်ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့် အနေဖြင့် နိုင်ငံလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ထိန်းချုပ်ခွင့်ရအောင်ကြိုးပမ်းမည်ဟု ပြောဆိုထားရာ ဒေါ်နယ်ထရမ့်သမ္မတအဖြစ် တာဝန်ယူချိန်တွင်အပြောင်းအလဲများ ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံသားအမ်ားစုက ဂရင္းလန္းကြၽန္းကို ရယူပိုင္ဆိုင္လိုမႈမရွိေၾကာင္း စစ္တမ္းတြင္ ေဖာ္ျပ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၉

အေမရိကန္ႏိုင္ငံသားအမ်ားစုသည္ ဂရင္းလန္းကြၽန္းကို ဒိန္းမတ္ႏိုင္ငံထံမွရယူရန္ လိုလားျခင္း မရွိေၾကာင္း အေမရိကန္အေျခစိုက္ USA Today သတင္းဌာနမွျပဳလုပ္ခဲ့ေသာစစ္တမ္းတြင္ ေဖာ္ျပထားသည္။ အေမရိကန္ေ႐ြး ေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က ဂရင္းလန္းကြၽန္းကိုရလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ မၾကာမီ အျငင္းပြားမႈမ်ားျဖစ္လာေနခ်ိန္တြင္ အေမရိကန္အေျခစိုက္သတင္းဌာနက စစ္တမ္းေကာက္ယူခဲ့ျခင္းျဖစ္သည္။

ဂရင္းလန္းကြၽန္းသည္ ဒိန္းမတ္ႏိုင္ငံပိုင္နက္ျဖစ္ၿပီး အာတိတ္သမုဒၵရာအတြင္းရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္ၿပီး (၁၈၀ဝ) ျပည့္ႏွစ္ေနာက္ပိုင္းတည္းက ဒိန္းမတ္ႏိုင္ငံပိုင္နက္အျဖစ္ ႏိုင္ငံတကာက အသိမွတ္ျပဳထားေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္ကာလအတြင္း ဂရင္းလန္း ကြၽန္းကို ဝယ္ယူရန္ စီစဥ္ခဲ့ဖူးၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
USA Today သတင္းဌာနသည္ ဂရင္းလန္း ကြၽန္းပိုင္ဆိုင္ျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံသား (၁၀ဝဝ) ကို စစ္တမ္းေကာက္ယူခဲ့ရာ စစ္တမ္း ေျဖဆိုသူအားလုံး၏ (၁၁) ရာခိုင္ႏႈန္းက ဂရင္းလန္း ကြၽန္းပိုင္ဆိုင္ ေရးကို လက္ခံခဲ့ၿပီး အျခား (၅၃) ရာခိုင္ႏႈန္းကေထာက္ခံျခင္းမရွိေၾကာင္း သိရသည္။ ထို႔ျပင္ စစ္တမ္းေျဖဆိုသူ အားလုံး၏ (၂၉)ရာခိုင္ႏႈန္းက ဉာဏ္ေကာင္းေသာ္လည္း သင့္ေတာ္မႈမရွိေၾကာင္း ေျဖဆိုၾကသည္။
ဂရင္းလန္းကြၽန္းႏွင့္ပတ္သက္ၿပီး လက္ရွိအခ်ိန္တြင္ အျငင္းပြားမႈမ်ားရွိေနၿပီး ဂရင္းလန္းကြၽန္း ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသအႀကီးအကဲက ကြၽန္းကို ေရာင္းခ်မည္မဟုတ္ဘဲ ကြၽန္းလုံၿခဳံေရးႏွင့္ပတ္သက္ၿပီး အေမရိကန္ အစိုးရႏွင့္ ေဆြးေႏြးရန္လမ္းေၾကာင္း ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။ ဂရင္းလန္းကြၽန္းတြင္ လူဦးေရ (၆)ေသာင္းနီး ပါးရွိေနကာ ကိုယ္ပိုင္လြတ္လပ္ေရးရလိုေနၿပီး ကြၽန္းဧရိယာစုစုေပါင္း (၂ ဒသမ ၂) သန္း စတုရန္းကီလိုမီတာရွိၿပီး ေ႐ႊ၊ ေငြ၊ ေၾကးနီ ႏွင့္ ယူေရနီယမ္ထြက္ရွိေၾကာင္း သိရသည္။ ဂရင္းလန္းကြၽန္း၏ မ်က္ႏွာျပင္(၈၀)ရာခိုင္ႏႈန္းသည္ ေရခဲမ်ားဖုံးလႊမ္းေနၿပီး မဟာဗ်ဴဟာအရ အခ်က္အခ်ာက်ေသာကြၽန္းျဖစ္ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္ အေနျဖင့္ ႏိုင္ငံလုံၿခဳံေရးအတြက္ ဂရင္းလန္းကြၽန္းကို ထိန္းခ်ဳပ္ခြင့္ရေအာင္ႀကိဳးပမ္းမည္ဟု ေျပာဆိုထားရာ ေဒၚနယ္ထရမ့္သမၼတအျဖစ္ တာဝန္ယူခ်ိန္တြင္အေျပာင္းအလဲမ်ား ျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.