မြန်မာ-ဘူတန်ကုန်သွယ်ရေးလမ်းကြောင်းဖြတ်သန်းမယ့် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ရဲ့လူသိနည်းတဲ့ အချက်များ

 416

မြန်မာ-ဘူတန်ကုန်သွယ်ရေးလမ်းကြောင်းဖြတ်သန်းမယ့် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ရဲ့လူသိနည်းတဲ့ အချက်များ
Htay Oung (NP News) - ဇန်နဝါရီ ၁၉

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖျား အာရူနာချယ် ပရာဒက်ရှ်ပြည်နယ် ဒေသခံလူငယ်များအား အိန္ဒိယနိုင်ငံဆိုင်ရာ ဂျပန် ဟွန်ဒါ ဖောင်ဒေးရှင်းက ကျွမ်းကျင်မှုသင်တန်းပို့ချပြီးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက် အီတန်နာဂါအခြေစိုက် “Arunachal24” ဒေသန္တရသတင်းအေဂျင်စီက ရေးသားပါတယ်။
အစိုးရ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမယ့် ၂ လသင်တန်း ပြီးဆုံးသူတို့ကို ပြည်နယ်ပြင်ပ ဟိုတယ်နဲ့ အပန်း ဖြေစခန်းတို့မှာ အလုပ်ခန့်ထားမယ်လို့ သိရှိရပါတယ်။ ဂျပန်-အိန္ဒိယသဘောတူညီချက်အရ ၃ နှစ်ကြာအစီအစဉ်ရဲ့ ပထမအသုတ် သင်တန်းသား ၃၅ ဦးတို့ဟာ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် အီတန်နာဂါနဲ့ တာဝမ်းမြို့တို့တွင် စာတွေ့လက်တွေ့တက်ရောက်သင်ယူကြမှာဖြစ်ပြီး ပြည်နယ်စွန့်ဦးတီထွင်လုပ်ငန်း SDE နဲ့ ဟွန်ဒါအိန္ဒိယ ဖောင်ဒေးရှင်းတို့က နားလည်မှုစာချွန်လွှာမှာ လက်မှတ်ရေးထိုးကြကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယတိုက်ငယ်ကို ကိုလိုနီပြုခဲ့တဲ့ ဗြိတိသျှအစိုးရဟာ အရှေ့မြောက် နယ်မြေချင်းထိစပ်လျက်ရှိတဲ့ တိဗက်နိုင်ငံနဲ့ ၁၉၁၄ ခုနှစ် “ ဆင်းမလား နယ်ခြားဆိုင်ရာ သဘောတူစာချုပ်” အရ “မက်မဟွန်လိုင်း” (ခေါ်) နှစ်နိုင်ငံ နယ်ခြား မျဉ်းကို ရေးဆွဲခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်တို့က လာဆာမြိုကို တိုက်ခိုက် သိမ်းယူလိုက်တဲ့အတွက် တိဗက်အုပ်ချုပ်သူ ဒလိုင်းလားမားလည်း အိန္ဒိယနိုင်ငံအတွင်း ပြေးဝင်သွားရပါတယ်။ တိဗက်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်သွားပြီး ယခင် တိဗက်အစိုးရက သဘောတူထားခဲ့တဲ့ နယ်ခြားမျဉ်းကို ပေကျင်းက အသိအမှတ် မပြုပါဘူး။ အာရူနာချယ်ပရာ ဒက်ရှ်ပြည်နယ် မြောက်ပိုင်းအဖြစ် အိန္ဒိယက ပြောဆိုနေတဲ့ ဟိမဝန္တာတောင်တန်းဒေသတစ်စိတ်တစ်ပိုင်းဟာ တရုတ်နိုင်ငံပိုင် “တောင်တိဗက်နယ်မြေ” ဖြစ်တယ်လို့ ပေကျင်းက အစဉ်တစ်စိုက်ပြောဆိုရာမှ နှစ်နိုင်ငံ အငြင်းပွားနေဆဲဖြစ်ပါ တယ်။
ဒလိုင်းလားမားကို ခိုလှုံခွင့်ပေးခြင်း၊ နယူးဒေလီအခြေစိုက် တိဗက်ပြည်ပြေးတို့ရဲ့ ပေကျင်း ဆန့်ကျင်ရေး ပြင်းထန် လာခြင်း၊ မော်စီတုန်း-ခရူးရှော့ဗ်တို့အကြား တရုတ်-ဆိုဗီယက် အကွဲအပြဲမှာ အိန္ဒိယလေတပ်က မော်စကို ထံမှ MiG-21 ဂျက်တိုက်လေယာဉ်များ ဝယ်ယူခြင်း၊ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှာ သံတမန်နည်းလမ်း အားထုတ်မှု မအောင်မြင်ခြင်းတို့ကြောင်း ၁၉၆၂-ခုနှစ်မှာ တရုတ်-အိန္ဒိယစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယအရှေ့မြောက် (နီပေါနိုင်ငံအနောက်ဘက်) အတ်ဆိုင်ချင်းနဲ့ ဘူတန်နိုင်ငံ အရှေ့ဘက် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် နယ်ခြား တစ်လျှောက် နှစ်ဖက်တပ်များ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပါတယ်။ မက်မဟွန်နယ်ခြားမျဉ်းကို ဖြတ်ကျော်လာတဲ့ တရုတ်တို့ဟာ ၁-လနဲ့ ၁-ရက်ကြာမြင့်တဲ့အခါ အပစ်အခတ်ရပ်စဲကြောင်း တစ်ဖက်သတ်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့လူဦးရေအများဆုံး နျူကလီယာလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံအကြားတင်းမာမှုများ သိသိသာ သာလျော့ကျသွားခြင်းမရှိပဲ အိန္ဒိယ-တရုတ်နယ်စပ်တလျှောက် နှစ်ဖက်ရန် စောင်နေခဲ့ကြပါတယ်။

နယ်စပ်နဲ့ နီးကပ်တဲ့နယ်မြေမှာ အိန္ဒိယက အဝေးပြေးလမ်းများ ဖောက်လုပ်နေတယ်လို့ ပေကျင်းက စွပ်စွဲခြင်း၊ အမှန်တကယ် ထိန်းချုပ်မျဉ်း LAC အနီး နယ်မြေမှာ ပေကျင်းက ကျေးရွာပေါင်း ၆၀ ကျော်ထူထောင်လာတယ် လို့ နယူးဒေလီက စွပ်စွဲခြင်း၊ ၂၀၂၀-ခုနှစ် အငြင်းပွားနယ်ခြားဒေသမှာ နှစ်ဖက်စစ်သားချင်း လုံးထွေးသတ်ပုတ်ရာမှ အသက်သေဆုံးတဲ့အထိ အသီးသီးဖြစ်ပေါ်ခဲ့ခြင်းကြောင့် တင်းမာမှု အရှိန်မြင့်တက်လာရပါတယ်။ ယခု နောက်ဆုံး မကျေအလည်ဖြစ်ရတာကတော့ ဘူတန်နိုင်ငံအရှေ့ဘက် အိန္ဒိယ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် ပေပေါင်း ၁၃၀၀၀ ကျော်မြင့်တဲ့ ဆီလာတောင်ကြားဒေသမှာ အိန္ဒိယက ဥမင်လှိုဏ်ခေါင်း တူးဖော်ခြင်းကြောင့် ဖြစ်ပါတယ်။ အရှည် ၇ မိုင်ခွဲကျော်နဲ့ ကမ္ဘာ့အရှည်လျားဆုံးဖြစ်လာတဲ့ နှစ်လမ်းသွားဥမင်ဟာ တရုတ်တို့နဲ့ မျက်နှာချင်ဆိုင်နေတဲ့ LAC အရောက် တပ်ဖွဲ့များ၊ လက်နက်နဲ့ စစ်ယန္တရားများကို ရာသီမရွေး ပို့ဆောင်ပေးနိုင်ပါတဲ့အတွက် တရုတ်တို့ရဲ့ အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ်နယ်မြေကို ခြိမ်းခြောက်သလို ရှိနေပါတယ်။ အဲဒီနောက် တရုတ်နဲ့ နီးစပ်သူအဖြစ် ကမ္ဘာက သိရှိထားတဲ့ KIA က လွန်ခဲ့တဲ့နှစ်မှာ ကချင်ပြည်နယ် ပူတာအိုမြို့ ကို တိုက်ခိုက်သိမ်းယူမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဆီလာဥမင်အဝင် တာဝမ်းမြို့ဟာ ပူတာအိုမြို့အနောက်ဖက် (အ ဖြောင့်တိုင်းလျှင်) မိုင် ၃၄၀ ခန့်သာ ဝေးကွာပြီး တောင်ကြား လမ်း ၄-ခုမှ သွားရောက်နိုင်ပါတယ်။ ယခု ဂျပန် ဟွန်ဒါ ဖောင် ဒေးရှင်းမှ သင်တန်း ပို့ချမယ့် မြို့ ၂ မြို့ဟာ ဥမင်နဲ့ အိန္ဒိယ အမှတ် NH-13 အမျိုးသား လမ်းမကြီး နဲ့ ချိတ်ဆက်ထားရာလမ်းမပေါ်မှာ တည်ရှိပါတယ်။
အဲဒီအတောအတွင်း အိန္ဒိယနယ်စပ် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ပန်ဆောင်တောင်ကြားမှတဆင့် ဘူတန်နိုင်ငံနဲ့ ချိတ်ဆက်မယ့် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ရဲ့ ကျန်းမာရေး-ပညာရေး-သဘာဝရင်းမြစ်ဆိုင်ရာအလားအလာများကို ပြည်နယ်ကျွမ်းကျင်သူများက သုံးသပ်နေကြ တယ်လို့ “ဆန်တီနယ်သတင်းဌာန” (14 January 2025) က ရေးသားပါတယ်။ ဇန်နဝါရီလ ၁၃ ရက်က မြန်မာ အစိုးရက တင်သွင်းတဲ့ အဲ့ဒီကုန်သွယ်ရေးလမ်းကြောင်းဟာ သမိုင်းစဉ်လာ အိမ်နီးချင်းနိုင်ငံနဲ့ ချိတ်ဆက်ခြင်းမှ တဆင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်စွမ်းအင်စင်္ကြံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်နိုင်ပြီး ကြီးမား စွာ အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဆန်တီနယ်က ရေးပါတယ်။
ယခုရက်ပိုင်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ရောက်ရှိနေတဲ့ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့အဖွဲ့ဟာ ဇန်နဝါရီ ၁၆ရက်က လဟယ်မြို့ကို ရောက်ရှိလာပြီး နာဂရိုး ရာ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ခန္တီးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ တွေ့ဆုံကြောင်း ယမန်နေ့ နိုင်ငံပိုင် MRTV ရုပ်သံက သတင်းထုတ်လွှင့်ပါတယ်။
#HtayOung #OungMarine #အာရူနာချယ်ပရာဒက်ရှိ #ပန်ဆောင် #တရုတ်အိန္ဒိယစစ်ပွဲ #ကချင်ပြည်နယ်
#ပူတာအို #ဟုမ္မလင်း #လဟယ် #fyp

Zawgyi Version;
ျမန္မာ-ဘူတန္ကုန္သြယ္ေရးလမ္းေၾကာင္းျဖတ္သန္းမယ့္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ရဲ႕လူသိနည္းတဲ့ အခ်က္ အလက္မ်ား
Htay Oung (NP News) - ဇန္နဝါရီ ၁၉

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ဖ်ား အာ႐ူနာခ်ယ္ ပရာဒက္ရွ္ျပည္နယ္ ေဒသခံလူငယ္မ်ားအား အိႏၵိယႏိုင္ငံဆိုင္ရာ ဂ်ပန္ ဟြန္ဒါ ေဖာင္ေဒးရွင္းက ကြၽမ္းက်င္မႈသင္တန္းပို႔ခ်ၿပီးမည္ျဖစ္ေၾကာင္း ဇန္နဝါရီလ ၈ ရက္ အီတန္နာဂါအေျခစိုက္ “Arunachal24” ေဒသႏၲရသတင္းေအဂ်င္စီက ေရးသားပါတယ္။
အစိုးရ အသိအမွတ္ျပဳလက္မွတ္ထုတ္ေပးမယ့္ ၂ လသင္တန္း ၿပီးဆုံးသူတို႔ကို ျပည္နယ္ျပင္ပ ဟိုတယ္နဲ႔ အပန္း ေျဖစခန္းတို႔မွာ အလုပ္ခန႔္ထားမယ္လို႔ သိရွိရပါတယ္။ ဂ်ပန္-အိႏၵိယသေဘာတူညီခ်က္အရ ၃ ႏွစ္ၾကာအစီအစဥ္ရဲ႕ ပထမအသုတ္ သင္တန္းသား ၃၅ ဦးတို႔ဟာ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ အီတန္နာဂါနဲ႔ တာဝမ္းၿမိဳ႕တို႔တြင္ စာေတြ႕လက္ေတြ႕တက္ေရာက္သင္ယူၾကမွာျဖစ္ၿပီး ျပည္နယ္စြန႔္ဦးတီထြင္လုပ္ငန္း SDE နဲ႔ ဟြန္ဒါအိႏၵိယ ေဖာင္ေဒးရွင္းတို႔က နားလည္မႈစာခြၽန္လႊာမွာ လက္မွတ္ေရးထိုးၾကေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။

အိႏၵိယတိုက္ငယ္ကို ကိုလိုနီျပဳခဲ့တဲ့ ၿဗိတိသွ်အစိုးရဟာ အေရွ႕ေျမာက္ နယ္ေျမခ်င္းထိစပ္လ်က္ရွိတဲ့ တိဗက္ႏိုင္ငံနဲ႔ ၁၉၁၄ ခုႏွစ္ “ ဆင္းမလား နယ္ျခားဆိုင္ရာ သေဘာတူစာခ်ဳပ္” အရ “မက္မဟြန္လိုင္း” (ေခၚ) ႏွစ္ႏိုင္ငံ နယ္ျခား မ်ဥ္းကို ေရးဆြဲခဲ့ပါတယ္။ ၁၉၅၉ ခုႏွစ္မွာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္တို႔က လာဆာၿမိဳကို တိုက္ခိုက္ သိမ္းယူလိုက္တဲ့အတြက္ တိဗက္အုပ္ခ်ဳပ္သူ ဒလိုင္းလားမားလည္း အိႏၵိယႏိုင္ငံအတြင္း ေျပးဝင္သြားရပါတယ္။ တိဗက္ဟာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတစ္ခုျဖစ္သြားၿပီး ယခင္ တိဗက္အစိုးရက သေဘာတူထားခဲ့တဲ့ နယ္ျခားမ်ဥ္းကို ေပက်င္းက အသိအမွတ္ မျပဳပါဘူး။ အာ႐ူနာခ်ယ္ပရာ ဒက္ရွ္ျပည္နယ္ ေျမာက္ပိုင္းအျဖစ္ အိႏၵိယက ေျပာဆိုေနတဲ့ ဟိမဝႏၲာေတာင္တန္းေဒသတစ္စိတ္တစ္ပိုင္းဟာ တ႐ုတ္ႏိုင္ငံပိုင္ “ေတာင္တိဗက္နယ္ေျမ” ျဖစ္တယ္လို႔ ေပက်င္းက အစဥ္တစ္စိုက္ေျပာဆိုရာမွ ႏွစ္ႏိုင္ငံ အျငင္းပြားေနဆဲျဖစ္ပါ တယ္။
ဒလိုင္းလားမားကို ခိုလႈံခြင့္ေပးျခင္း၊ နယူးေဒလီအေျခစိုက္ တိဗက္ျပည္ေျပးတို႔ရဲ႕ ေပက်င္း ဆန႔္က်င္ေရး ျပင္းထန္ လာျခင္း၊ ေမာ္စီတုန္း-ခ႐ူးေရွာ့ဗ္တို႔အၾကား တ႐ုတ္-ဆိုဗီယက္ အကြဲအၿပဲမွာ အိႏၵိယေလတပ္က ေမာ္စကို ထံမွ MiG-21 ဂ်က္တိုက္ေလယာဥ္မ်ား ဝယ္ယူျခင္း၊ ႏွစ္ႏိုင္ငံ နယ္စပ္အျငင္းပြားမွာ သံတမန္နည္းလမ္း အားထုတ္မႈ မေအာင္ျမင္ျခင္းတို႔ေၾကာင္း ၁၉၆၂-ခုႏွစ္မွာ တ႐ုတ္-အိႏၵိယစစ္ပြဲျဖစ္ပြားခဲ့ပါတယ္။ အိႏၵိယအေရွ႕ေျမာက္ (နီေပါႏိုင္ငံအေနာက္ဘက္) အတ္ဆိုင္ခ်င္းနဲ႔ ဘူတန္ႏိုင္ငံ အေရွ႕ဘက္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ နယ္ျခား တစ္ေလွ်ာက္ ႏွစ္ဖက္တပ္မ်ား ျပင္းထန္စြာ တိုက္ခိုက္ခဲ့ၾကပါတယ္။ မက္မဟြန္နယ္ျခားမ်ဥ္းကို ျဖတ္ေက်ာ္လာတဲ့ တ႐ုတ္တို႔ဟာ ၁-လနဲ႔ ၁-ရက္ၾကာျမင့္တဲ့အခါ အပစ္အခတ္ရပ္စဲေၾကာင္း တစ္ဖက္သတ္ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ ကမာၻ႔လူဦးေရအမ်ားဆုံး န်ဴကလီယာလက္နက္ပိုင္ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကားတင္းမာမႈမ်ား သိသိသာ သာေလ်ာ့က်သြားျခင္းမရွိပဲ အိႏၵိယ-တ႐ုတ္နယ္စပ္တေလွ်ာက္ ႏွစ္ဖက္ရန္ ေစာင္ေနခဲ့ၾကပါတယ္။

နယ္စပ္နဲ႔ နီးကပ္တဲ့နယ္ေျမမွာ အိႏၵိယက အေဝးေျပးလမ္းမ်ား ေဖာက္လုပ္ေနတယ္လို႔ ေပက်င္းက စြပ္စြဲျခင္း၊ အမွန္တကယ္ ထိန္းခ်ဳပ္မ်ဥ္း LAC အနီး နယ္ေျမမွာ ေပက်င္းက ေက်း႐ြာေပါင္း ၆၀ ေက်ာ္ထူေထာင္လာတယ္ လို႔ နယူးေဒလီက စြပ္စြဲျခင္း၊ ၂၀၂၀-ခုႏွစ္ အျငင္းပြားနယ္ျခားေဒသမွာ ႏွစ္ဖက္စစ္သားခ်င္း လုံးေထြးသတ္ပုတ္ရာမွ အသက္ေသဆုံးတဲ့အထိ အသီးသီးျဖစ္ေပၚခဲ့ျခင္းေၾကာင့္ တင္းမာမႈ အရွိန္ျမင့္တက္လာရပါတယ္။ ယခု ေနာက္ဆုံး မေက်အလည္ျဖစ္ရတာကေတာ့ ဘူတန္ႏိုင္ငံအေရွ႕ဘက္ အိႏၵိယ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ ေပေပါင္း ၁၃၀၀၀ ေက်ာ္ျမင့္တဲ့ ဆီလာေတာင္ၾကားေဒသမွာ အိႏၵိယက ဥမင္လႈိဏ္ေခါင္း တူးေဖာ္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ အရွည္ ၇ မိုင္ခြဲေက်ာ္နဲ႔ ကမာၻ႔အရွည္လ်ားဆုံးျဖစ္လာတဲ့ ႏွစ္လမ္းသြားဥမင္ဟာ တ႐ုတ္တို႔နဲ႔ မ်က္ႏွာခ်င္ဆိုင္ေနတဲ့ LAC အေရာက္ တပ္ဖြဲ႕မ်ား၊ လက္နက္နဲ႔ စစ္ယႏၲရားမ်ားကို ရာသီမေ႐ြး ပို႔ေဆာင္ေပးႏိုင္ပါတဲ့အတြက္ တ႐ုတ္တို႔ရဲ႕ အေနာက္ေတာင္တိုင္း စစ္႒ာနခ်ဳပ္နယ္ေျမကို ၿခိမ္းေျခာက္သလို ရွိေနပါတယ္။ အဲဒီေနာက္ တ႐ုတ္နဲ႔ နီးစပ္သူအျဖစ္ ကမာၻက သိရွိထားတဲ့ KIA က လြန္ခဲ့တဲ့ႏွစ္မွာ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕ ကို တိုက္ခိုက္သိမ္းယူမႈ ျဖစ္ေပၚခဲ့ပါတယ္။ ဆီလာဥမင္အဝင္ တာဝမ္းၿမိဳ႕ဟာ ပူတာအိုၿမိဳ႕အေနာက္ဖက္ (အ ေျဖာင့္တိုင္းလွ်င္) မိုင္ ၃၄၀ ခန႔္သာ ေဝးကြာၿပီး ေတာင္ၾကား လမ္း ၄-ခုမွ သြားေရာက္ႏိုင္ပါတယ္။ ယခု ဂ်ပန္ ဟြန္ဒါ ေဖာင္ ေဒးရွင္းမွ သင္တန္း ပို႔ခ်မယ့္ ၿမိဳ႕ ၂ ၿမိဳ႕ဟာ ဥမင္နဲ႔ အိႏၵိယ အမွတ္ NH-13 အမ်ိဳးသား လမ္းမႀကီး နဲ႔ ခ်ိတ္ဆက္ထားရာလမ္းမေပၚမွာ တည္ရွိပါတယ္။
အဲဒီအေတာအတြင္း အိႏၵိယနယ္စပ္ ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္း ပန္ေဆာင္ေတာင္ၾကားမွတဆင့္ ဘူတန္ႏိုင္ငံနဲ႔ ခ်ိတ္ဆက္မယ့္ ကုန္သြယ္ေရးလမ္းေၾကာင္းနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ရဲ႕ က်န္းမာေရး-ပညာေရး-သဘာဝရင္းျမစ္ဆိုင္ရာအလားအလာမ်ားကို ျပည္နယ္ကြၽမ္းက်င္သူမ်ားက သုံးသပ္ေနၾက တယ္လို႔ “ဆန္တီနယ္သတင္းဌာန” (14 January 2025) က ေရးသားပါတယ္။ ဇန္နဝါရီလ ၁၃ ရက္က ျမန္မာ အစိုးရက တင္သြင္းတဲ့ အဲ့ဒီကုန္သြယ္ေရးလမ္းေၾကာင္းဟာ သမိုင္းစဥ္လာ အိမ္နီးခ်င္းႏိုင္ငံနဲ႔ ခ်ိတ္ဆက္ျခင္းမွ တဆင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ခရီးသြားလုပ္ငန္း၊ လွ်ပ္စစ္စြမ္းအင္စႀကႍနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ကူးလူးဖလွယ္ႏိုင္ၿပီး ႀကီးမား စြာ အက်ိဳးျဖစ္ထြန္းေစလိမ့္မယ္လို႔ ဆန္တီနယ္က ေရးပါတယ္။
ယခုရက္ပိုင္း စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕မွာ ေရာက္ရွိေနတဲ့ နစကအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ကာကြယ္ေရး ဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးနဲ႔အဖြဲ႕ဟာ ဇန္နဝါရီ ၁၆ရက္က လဟယ္ၿမိဳ႕ကို ေရာက္ရွိလာၿပီး နာဂ႐ိုး ရာ စာေပယဥ္ေက်းမႈအဖြဲ႕ဝင္မ်ား၊ ခႏၲီးၿမိဳ႕ရွိ ဌာနဆိုင္ရာဝန္ထမ္းမ်ားနဲ႔ ေတြ႕ဆုံေၾကာင္း ယမန္ေန႔ ႏိုင္ငံပိုင္ MRTV ႐ုပ္သံက သတင္းထုတ္လႊင့္ပါတယ္။
#HtayOung #OungMarine #အာ႐ူနာခ်ယ္ပရာဒက္ရွိ #ပန္ေဆာင္ #တ႐ုတ္အိႏၵိယစစ္ပြဲ #ကခ်င္ျပည္နယ္
#ပူတာအို #ဟုမၼလင္း #လဟယ္ #fyp

Related news

© 2021. All rights reserved.