၁၆ လအတွင်း အခြေခံစာတတ်မြောက်ရေးဆောင်ရွက်ချက်ဖြင့် ၇၈၃၉၇ ဦး၊ စဉ်ဆက် ပညာရေး ဆောင်ရွက်ချက်ဖြင့် ၇၄၃၄ ဦးတို့ကို သင်ကြားပေးနိုင်ခဲ့

 313

နာမူ (NP News) - ဇန်နဝါရီ ၁၉

ပညာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း အခြေခံစာတတ်မြောက်ရေး ဆောင်ရွက်ချက်(Basic Literacy) ဖြင့် သင်ယူသူ ၇၈၃၉၇ ဦး၊ စဉ်ဆက်ပညာရေးဆောင်ရွက်ချက် (Continuing Education)ဖြင့် သင်ယူသူ ၇၄၃၄ ဦးတို့ကို သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပြင်ပပညာရေးလုပ်ငန်းကို အကေင်အထည်ဖော်နိုင်ရန်အတွက် ကျောင်း ပြင်ပ နှင့် တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ပညာရေးဝန်ကြီးဌာန၏ ကျောင်းပြင်ပကဏ္ဍ၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ချက်အရ နည်းပြဦးရေ ၇၈၀၀ ကျော်ဖြင့် စာသင်ဝိုင်း ၅၆၀၀ ကျော်တွင် သင်ယူသူဦးရေ ၇၈၃၉၇ ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်ချက်အရ နည်းပြဦးရေ ၆၉၀ဦး ဖြင့် စာသင်ဝိုင်း ၁၄၀၀ ကျော်တွင် သင်ယူသူဦးရေ ၇၄၃၄ ဦးကို သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
ပုံမှန်သင်ကြားခြင်းအပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် Mobile Application အသုံးပြု၍ လက်ကိုင်ဖုန်းများဖြင့် အခြေခံစာတတ်မြောက်ရေးသင်ကြားခြင်းအစီအစဉ်များကို တွဲဖက်လုပ်ဆောင်နိုင်ခဲ့ ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလူဦးရေနှင့် သန်းခေါင်စာရင်းအရ အကြောင်းအမျိုးမျိုးကြောင့် ကျောင်း မနေနိုင်သည့် ကျောင်းပြင်ပရောက် ကလေး ၂ ဒသမ ၇ သန်းခန့်ရှိပြီး အသက် ၁၅ နှစ်နှင့်အထက် လူငယ် နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူ ၄ ဒသမ ၁ သန်း ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
၁၆ လအတြင္း အေျခခံစာတတ္ေျမာက္ေရးေဆာင္႐ြက္ခ်က္ျဖင့္ ၇၈၃၉၇ ဦး၊ စဥ္ဆက္ ပညာေရး ေဆာင္႐ြက္ခ်က္ ျဖင့္ ၇၄၃၄ ဦးတို႔ကို သင္ၾကားေပးႏိုင္ခဲ့
နာမူ (NP News) - ဇန္နဝါရီ ၁၉
ပညာေရးဝန္ႀကီးဌာနသည္ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွ ၂၀၂၄ ခုႏွစ္ ဧၿပီလအတြင္း အေျခခံစာတတ္ေျမာက္ေရး ေဆာင္႐ြက္ခ်က္(Basic Literacy) ျဖင့္ သင္ယူသူ ၇၈၃၉၇ ဦး၊ စဥ္ဆက္ပညာေရးေဆာင္႐ြက္ခ်က္ (Continuing Education)ျဖင့္ သင္ယူသူ ၇၄၃၄ ဦးတို႔ကို သင္ၾကားေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ေက်ာင္းျပင္ပပညာေရးလုပ္ငန္းကို အေကင္အထည္ေဖာ္ႏိုင္ရန္အတြက္ ေက်ာင္း ျပင္ပ ႏွင့္ တစ္သက္တာ ပညာေရးဦးစီးဌာနကို ၂၀၁၆ ခုႏွစ္တြင္ ျပင္ဆင္ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ မွ ၂၀၂၄ ခုႏွစ္၊ ဧၿပီလအထိ ပညာေရးဝန္ႀကီးဌာန၏ ေက်ာင္းျပင္ပက႑၊ အေျခခံ စာတတ္ေျမာက္ေရးလုပ္ငန္းေဆာင္႐ြက္ခ်က္အရ နည္းျပဦးေရ ၇၈၀၀ ေက်ာ္ျဖင့္ စာသင္ဝိုင္း ၅၆၀၀ ေက်ာ္တြင္ သင္ယူသူဦးေရ ၇၈၃၉၇ ဦးကို သင္ၾကားေပးႏိုင္ခဲ့ၿပီး စဥ္ဆက္ပညာေရးလုပ္ငန္း ေဆာင္႐ြက္ခ်က္အရ နည္းျပဦးေရ ၆၉၀ဦး ျဖင့္ စာသင္ဝိုင္း ၁၄၀၀ ေက်ာ္တြင္ သင္ယူသူဦးေရ ၇၄၃၄ ဦးကို သင္ၾကားေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ပုံမွန္သင္ၾကားျခင္းအျပင္ သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာန၏ နည္းပညာပံ့ပိုးမႈျဖင့္ Mobile Application အသုံးျပဳ၍ လက္ကိုင္ဖုန္းမ်ားျဖင့္ အေျခခံစာတတ္ေျမာက္ေရးသင္ၾကားျခင္းအစီအစဥ္မ်ားကို တြဲဖက္လုပ္ေဆာင္ႏိုင္ခဲ့ ေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၁၄ ခုႏွစ္ ျပည္ေထာင္စုလူဦးေရႏွင့္ သန္းေခါင္စာရင္းအရ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္း မေနႏိုင္သည့္ ေက်ာင္းျပင္ပေရာက္ ကေလး ၂ ဒသမ ၇ သန္းခန႔္ရွိၿပီး အသက္ ၁၅ ႏွစ္ႏွင့္အထက္ လူငယ္ ႏွင့္ သက္ႀကီးပိုင္းအ႐ြယ္ စာမတတ္သူ ၄ ဒသမ ၁ သန္း ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.