ဘင်္ဂလားဒေ့ရှ်-အိန္ဒိယအကြား နယ်ခြားအငြင်းပွားမှု ပြင်းထန်လာ
66
Htay Oung (NP News) - ဇန်နဝါရီ ၁၉
ဘင်္ဂလားဒေ့ရှ်ဘက်က ခိုးဝင်နေသူတွေကို တားဆီးဖို့ဆိုပြီး အိန္ဒိယနယ်ခြားလုံခြုံရေးတပ် BSF က နှစ်နိုင်ငံအ ကြား တံတိုင်းစည်းရိုးကာရံဖို့ စီစဉ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ အပြန်အလှန်အားဖြင့် မိုဒီအစိုးရက အိန္ဒိယဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကို တနင်္လာနေ့မှာ ဆင့်ခေါ်ပြီး ဒါကာအနေနဲ့ ယခင်အစိုးရတွေလက်ထက်ကတည်းက သဘောတူညီချက်တွေကို လိုက်နာရမှာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောပြလိုက်တယ်လို့ “India.com” က ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်က ရေးသားခဲ့ပါတယ်။
ရှိတ်ဟာစီနာ အစိုးရကို ဖယ်ရှားပြီးနောက် မိုဟာမက်ယူနွတ်စ် ဦးဆောင် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ လက် ထက်မှာ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စများပင်လျှင် နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာစရာများချည့်ဖြစ်နေ ပါတယ်။ အိန္ဒိယရဲ့မဟာရန်ဘက် အိမ်နီးချင်း တရုတ်နိုင်ငံဟာ အဲဒီအခြေအနေကို ကောင်းကောင်းကြီး သတိပြုမိ ပြီး အခွင့်ကောင်းယူသလိုမျိုး လုပ်နေပါတယ်။ တရုတ်နိုင်ငံဟာ အခြေအနေအားလုံးမှာ သူ့ခြေသူ့လက်လုပ်နိုင်ဖို့ အတွက် ဒါကာရှိ နိုင်ငံရေးပါတီများနဲ့ တက်ကြွစွာ ထိတွေ့ဆက်ဆံလျက်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ် “ဒေးလီးအော့ဇာဘား” သတင်းအရ တနင်္လာနေ့တုန်းက တရုတ်သံအမတ် “ယိုဝမ်” ဟာ (ဟာစီ နာရဲ့ ရန်သူတော်) ခါလီဒါဇီယာရဲ့ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) အထွေထွေအတွင်းရေးမှူးဖြစ်သူ နဲ့ ဒါကာမြို့မှာ တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။ ဟာစီနာအစိုးရ ဖြုတ်ချခံရပြီးနောက် အာဏာရလာတဲ့ ယူနွတ် ကြားဖြတ်အစိုးရ အုပ်ချုပ်မှုအောက် ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာ အစွန်းရောက်အင်အားစုများ ပိုမိုအားကောင်းလာ ပါတယ်။ ဟာစီနာရဲ့မွတ်စလင်အဖွဲ့ချုပ်အပေါ် ဆန့်ကျင်မှုများ ကြီးထွားလာပြီး ဇက်ရဲလက်ရဲဖြစ်နေပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ ရွေးကောက်ပွဲများ ကျင်းပဖွယ်ရှိပြီး ခါလီဒါဇီယာရဲ့ BNP ပါတီဟာ ပြိုင်ဘက် ကင်း အာဏာရရှိသူဖြစ်လာလိမ့်မယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။ ပြောင်းလဲလာတဲ့နိုင်ငံရေးအခင်း အကျင်းကို ခြုံငုံကြည့်မယ်ဆိုရင် တရုတ်သံအမတ်ဟာ သူတို့ရဲ့အနာဂတ်ဗျူဟာများအတွက် ဒါကာ မှာ ခြေလှမ်း သွက်နေကြောင်း သိသာပါတယ်။
၁၉၇၁ ခုနှစ်မှာ ထွန်းပေါ်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသမိုင်းတလျောက် ခါလီဒါဇီယာရဲ့ BNP ပါတီဟာ အိန္ဒိယ ဆန့်ကျင်ရေး ရပ်တည်ချက်ကို အမြဲတမ်းလုပ်ဆောင်ခဲ့ပါတယ်။ မတူညီတာကတော့ ရှိတ်ဟာစီနာအစိုးရ လက်ထက်ဆိုရင် အိန္ဒိယနဲ့ဆက်ဆံရေးခိုင်မာဖို့ လိုလိုလားလား ရှိတတ်ပါတယ်။ ဒေလီမှာ G20 ထိပ်သီးအစည်း အဝေးကျင်းပတုန်းကဆိုရင် ဝန်ကြီးချုပ် မိုဒီက ဟာစီနာကို ကမ္ဘာ့ခေါင်းဆောင်များအကြား ပွဲထုတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာတို့ရဲ့ဆယ်လ်ဖီဓါတ်ပုံဟာ အွန်လိုင်းတစ်ခွင် ပလူပျံသွားခဲ့ဖူးပါတယ်။
BNP ပါတီဟာ အိန္ဒိယကို မထောက်ခံဘူးဆိုတာ တရုတ်က ကောင်းကောင်းသိပါတယ်။ မကြာသေးမီက BNP ခေါင်းဆောင်တွေဟာ အိန္ဒိယဆန့်ကျင်ရေးဆန္ဒပြပွဲများကိုပြုလုပ်ခဲ့ပြီး ဆာရီနဲ့ အခြားပစ္စည်းမျိုးတို့လို အိန္ဒိယ လုပ် ကုန်ပစ္စည်းများကို မီးရှို့ပြီး သူတို့ရဲ့ဆန့်ကျင်မှုကို ထပ်မံပြသခဲ့ပါတယ်။
ယူနွတ်အစိုးရကိုယ်တိုင်က အိန္ဒိယဆန့်ကျင်ရေး စတန့်ထွင်နေပြီး “ရပ်ဝန်းနဲ့ လမ်း” BRI စီမံကိန်းကို ဒါကာ အရောက် ဆောင်ကျဉ်းလိုတဲ့ ပေကျင်းက ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးခိုင်မာစေရန် အားထုတ်နေခြင်းဟာ နယူးဒေလီအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာဖွယ်ရှိပါတယ်။ ဒီကိစ္စသာ တကယ်ဖြစ်လာခဲ့ရင် အိန္ဒိယအတွက် အခက်တွေ့မယ့် အဓိပ္ပါယ်သက်ရောက်နေပါတယ်။
တရုတ်သံအမတ်နဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံအကျိုးတူအကြောင်း အရာများကို ဆွေးနွေးခဲ့ကြောင်း BNP ပါတီ မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။ တရုတ်သံရုံးကတော့ သံအမတ်ကြီး ယိုဝမ် ဟာ BNP ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ တွေ့ဆုံခဲ့ကြောင်း သူတို့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ နှစ်ဘက်စလုံးက မျှဝေခံစားနေကြရတဲ့ စိုးရိမ်ပူပန်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တရုတ် သံအမတ်ကြီးဟာ BNP ပါတီရုံးချုပ်ကို သွားရောက်ပြီး မီဇာ ဖာကူးလ်ဦးဆောင် ပါတီကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့တာ ယမန်နှစ် သြဂုတ် ၂၁ ရက် ဟာစီနာ ပြည်ပထွက်ခွာသွားရပြီး ရက်သတ္တ ၂ ပတ်ခန့်အကြာမှာ ဖြစ်ပါတယ်။
(ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ဟာစီနာ ပြုတ်ကျခြင်းကြောင့် တရုတ်အနေနဲ့ ပြာပြာသလဲ ဖြစ်သွားရပြီး နေပြည် တော် နစကအပေါ် သာသာထိုးထိုး ဆက်ဆံလာရတယ်ဆိုတာ မြန်မာနိုင်ငံရေးမဟော်သဓါများ့ အမြင်သာ ဖြစ်ပါတယ်။ ဘယ် ပြည်ပနိုင်ငံရေးလေ့လာသူကမျှ အဲဒီလိုမထင်ကြပါ။ ဟာစီနာပြုတ်ကျရခြင်းမှာ ဘင်္ဂလား ဒေ့ရှ်အစ္စလာမ် မစ်ဝါဒီများ လက်ချက်ဖြစ်ပြီး အဲဒီလူတွေရဲ့ကျောထောက်နောက်ခံမှာ ပါကစ္စတန်ရှိနေလို့ ဖြစ်စရာရှိရင် ထောင်ကဲ ပဲ ဖြစ်မယ်လို့ ရေးကြပါတယ်။
တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ဟာ တိုက်ရိုက် ဆက်သွယ်ရန် ကုန်းလမ်း မရှိပါး ဘင်္ဂလားဒေ့ရှ်မှာ ဘယ်အစိုးရ တက်တက် ပေကျင်းရဲ့ BRI အကောင်အထည်ဖော်ဖို့ကိစ္စဟာ ကြားခံဖြတ်သန်းသွားရမယ့် မြန်မာနိုင်ငံရဲ့နိုင်ငံရေး လုံခြုံရေး အပေါ် မူတည်နေပါတယ်။ ။ သတင်းဘာသာပြန်သူ))
#HtayOung, #OungMarine #အိန္ဒိယ #ခါလီဒါ_ဇီယာ #မိုဟာမက်_ယူနွတ် #BRI
#ဘင်္ဂလားဒေ့ရှ်_ကြားဖြတ်အစိုးရ #fyp
Zawgyi Version;
ဘဂၤလားေဒ့ရွ္-အိႏၵိယအၾကား နယ္ျခားအျငင္းပြားမႈ ျပင္းထန္လာ
Htay Oung (NP News) - ဇန္နဝါရီ ၁၉
ဘဂၤလားေဒ့ရွ္ဘက္က ခိုးဝင္ေနသူေတြကို တားဆီးဖို႔ဆိုၿပီး အိႏၵိယနယ္ျခားလုံၿခဳံေရးတပ္ BSF က ႏွစ္ႏိုင္ငံအ ၾကား တံတိုင္းစည္း႐ိုးကာရံဖို႔ စီစဥ္ေနပါတယ္။ ဘဂၤလားေဒ့ရွ္က ဒီလုပ္ရပ္ကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္ပါတယ္။ အျပန္အလွန္အားျဖင့္ မိုဒီအစိုးရက အိႏၵိယဆိုင္ရာ ဘဂၤလားေဒ့ရွ္ သံအမတ္ကို တနလၤာေန႔မွာ ဆင့္ေခၚၿပီး ဒါကာအေနနဲ႔ ယခင္အစိုးရေတြလက္ထက္ကတည္းက သေဘာတူညီခ်က္ေတြကို လိုက္နာရမွာ ျဖစ္ေၾကာင္း ျပတ္ျပတ္သားသား ေျပာျပလိုက္တယ္လို႔ “India.com” က ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္က ေရးသားခဲ့ပါတယ္။
ရွိတ္ဟာစီနာ အစိုးရကို ဖယ္ရွားၿပီးေနာက္ မိုဟာမက္ယူႏြတ္စ္ ဦးေဆာင္ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္အစိုးရ လက္ ထက္မွာ ဘာမဟုတ္တဲ့ အေသးအဖြဲကိစၥမ်ားပင္လွ်င္ ႏွစ္ႏိုင္ငံၾကား တင္းမာမႈျမင့္တက္လာစရာမ်ားခ်ည့္ျဖစ္ေန ပါတယ္။ အိႏၵိယရဲ႕မဟာရန္ဘက္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံဟာ အဲဒီအေျခအေနကို ေကာင္းေကာင္းႀကီး သတိျပဳမိ ၿပီး အခြင့္ေကာင္းယူသလိုမ်ိဳး လုပ္ေနပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အေျခအေနအားလုံးမွာ သူ႔ေျခသူ႔လက္လုပ္ႏိုင္ဖို႔ အတြက္ ဒါကာရွိ ႏိုင္ငံေရးပါတီမ်ားနဲ႔ တက္ႂကြစြာ ထိေတြ႕ဆက္ဆံလ်က္ရွိပါတယ္။
ဘဂၤလားေဒ့ရွ္ “ေဒးလီးေအာ့ဇာဘား” သတင္းအရ တနလၤာေန႔တုန္းက တ႐ုတ္သံအမတ္ “ယိုဝမ္” ဟာ (ဟာစီ နာရဲ႕ ရန္သူေတာ္) ခါလီဒါဇီယာရဲ႕ဘဂၤလားေဒ့ရွ္ အမ်ိဳးသားေရးပါတီ (BNP) အေထြေထြအတြင္းေရးမႉးျဖစ္သူ နဲ႔ ဒါကာၿမိဳ႕မွာ ေတြ႕ဆုံခဲ့ေၾကာင္း သိရွိရပါတယ္။ ဟာစီနာအစိုးရ ျဖဳတ္ခ်ခံရၿပီးေနာက္ အာဏာရလာတဲ့ ယူႏြတ္ ၾကားျဖတ္အစိုးရ အုပ္ခ်ဳပ္မႈေအာက္ ဘဂၤလားေဒ့ရွ္ျပည္တြင္းမွာ အစြန္းေရာက္အင္အားစုမ်ား ပိုမိုအားေကာင္းလာ ပါတယ္။ ဟာစီနာရဲ႕မြတ္စလင္အဖြဲ႕ခ်ဳပ္အေပၚ ဆန႔္က်င္မႈမ်ား ႀကီးထြားလာၿပီး ဇက္ရဲလက္ရဲျဖစ္ေနပါတယ္။ ယခုႏွစ္ေႏွာင္းပိုင္းမွာ ေ႐ြးေကာက္ပြဲမ်ား က်င္းပဖြယ္ရွိၿပီး ခါလီဒါဇီယာရဲ႕ BNP ပါတီဟာ ၿပိဳင္ဘက္ ကင္း အာဏာရရွိသူျဖစ္လာလိမ့္မယ္လို႔ အမ်ားက ထင္ေၾကးေပးေနၾကပါတယ္။ ေျပာင္းလဲလာတဲ့ႏိုင္ငံေရးအခင္း အက်င္းကို ၿခဳံငုံၾကည့္မယ္ဆိုရင္ တ႐ုတ္သံအမတ္ဟာ သူတို႔ရဲ႕အနာဂတ္ဗ်ဴဟာမ်ားအတြက္ ဒါကာ မွာ ေျခလွမ္း သြက္ေနေၾကာင္း သိသာပါတယ္။
၁၉၇၁ ခုႏွစ္မွာ ထြန္းေပၚလာတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသမိုင္းတေလ်ာက္ ခါလီဒါဇီယာရဲ႕ BNP ပါတီဟာ အိႏၵိယ ဆန႔္က်င္ေရး ရပ္တည္ခ်က္ကို အၿမဲတမ္းလုပ္ေဆာင္ခဲ့ပါတယ္။ မတူညီတာကေတာ့ ရွိတ္ဟာစီနာအစိုးရ လက္ထက္ဆိုရင္ အိႏၵိယနဲ႔ဆက္ဆံေရးခိုင္မာဖို႔ လိုလိုလားလား ရွိတတ္ပါတယ္။ ေဒလီမွာ G20 ထိပ္သီးအစည္း အေဝးက်င္းပတုန္းကဆိုရင္ ဝန္ႀကီးခ်ဳပ္ မိုဒီက ဟာစီနာကို ကမာၻ႔ေခါင္းေဆာင္မ်ားအၾကား ပြဲထုတ္ေပးခဲ့ပါတယ္။ အဲဒီတုန္းက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္နဲ႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ဟာစီနာတို႔ရဲ႕ဆယ္လ္ဖီဓါတ္ပုံဟာ အြန္လိုင္းတစ္ခြင္ ပလူပ်ံသြားခဲ့ဖူးပါတယ္။
BNP ပါတီဟာ အိႏၵိယကို မေထာက္ခံဘူးဆိုတာ တ႐ုတ္က ေကာင္းေကာင္းသိပါတယ္။ မၾကာေသးမီက BNP ေခါင္းေဆာင္ေတြဟာ အိႏၵိယဆန႔္က်င္ေရးဆႏၵျပပြဲမ်ားကိုျပဳလုပ္ခဲ့ၿပီး ဆာရီနဲ႔ အျခားပစၥည္းမ်ိဳးတို႔လို အိႏၵိယ လုပ္ ကုန္ပစၥည္းမ်ားကို မီးရႈိ႕ၿပီး သူတို႔ရဲ႕ဆန႔္က်င္မႈကို ထပ္မံျပသခဲ့ပါတယ္။
ယူႏြတ္အစိုးရကိုယ္တိုင္က အိႏၵိယဆန႔္က်င္ေရး စတန႔္ထြင္ေနၿပီး “ရပ္ဝန္းနဲ႔ လမ္း” BRI စီမံကိန္းကို ဒါကာ အေရာက္ ေဆာင္က်ဥ္းလိုတဲ့ ေပက်င္းက ဘဂၤလားေဒ့ရွ္နဲ႔ဆက္ဆံေရးခိုင္မာေစရန္ အားထုတ္ေနျခင္းဟာ နယူးေဒလီအတြက္ သိသာထင္ရွားတဲ့ စိန္ေခၚမႈတစ္ရပ္ျဖစ္လာဖြယ္ရွိပါတယ္။ ဒီကိစၥသာ တကယ္ျဖစ္လာခဲ့ရင္ အိႏၵိယအတြက္ အခက္ေတြ႕မယ့္ အဓိပၸါယ္သက္ေရာက္ေနပါတယ္။
တ႐ုတ္သံအမတ္နဲ႔ ေတြ႕ဆုံမႈနဲ႔ပတ္သက္ၿပီး ေခါင္းေဆာင္ေတြဟာ ႏွစ္ႏိုင္ငံအက်ိဳးတူအေၾကာင္း အရာမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း BNP ပါတီ မီဒီယာမ်ားက သတင္းထုတ္ျပန္ပါတယ္။ တ႐ုတ္သံ႐ုံးကေတာ့ သံအမတ္ႀကီး ယိုဝမ္ ဟာ BNP ပါတီ အေထြေထြအတြင္းေရးမႉးနဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း သူတို႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္။ ႏွစ္ဘက္စလုံးက မွ်ေဝခံစားေနၾကရတဲ့ စိုးရိမ္ပူပန္မႈမ်ားအေပၚ အျမင္ခ်င္းဖလွယ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ တ႐ုတ္ သံအမတ္ႀကီးဟာ BNP ပါတီ႐ုံးခ်ဳပ္ကို သြားေရာက္ၿပီး မီဇာ ဖာကူးလ္ဦးေဆာင္ ပါတီကိုယ္စားလွယ္မ်ားနဲ႔ ေတြ႕ဆုံခဲ့တာ ယမန္ႏွစ္ ၾသဂုတ္ ၂၁ ရက္ ဟာစီနာ ျပည္ပထြက္ခြာသြားရၿပီး ရက္သတၱ ၂ ပတ္ခန႔္အၾကာမွာ ျဖစ္ပါတယ္။
(ဘဂၤလားေဒ့ရွ္မွာ ရွိတ္ဟာစီနာ ျပဳတ္က်ျခင္းေၾကာင့္ တ႐ုတ္အေနနဲ႔ ျပာျပာသလဲ ျဖစ္သြားရၿပီး ေနျပည္ ေတာ္ နစကအေပၚ သာသာထိုးထိုး ဆက္ဆံလာရတယ္ဆိုတာ ျမန္မာႏိုင္ငံေရးမေဟာ္သဓါမ်ား့ အျမင္သာ ျဖစ္ပါတယ္။ ဘယ္ ျပည္ပႏိုင္ငံေရးေလ့လာသူကမွ် အဲဒီလိုမထင္ၾကပါ။ ဟာစီနာျပဳတ္က်ရျခင္းမွာ ဘဂၤလား ေဒ့ရွ္အစၥလာမ္ မစ္ဝါဒီမ်ား လက္ခ်က္ျဖစ္ၿပီး အဲဒီလူေတြရဲ႕ေက်ာေထာက္ေနာက္ခံမွာ ပါကစၥတန္ရွိေနလို႔ ျဖစ္စရာရွိရင္ ေထာင္ကဲ ပဲ ျဖစ္မယ္လို႔ ေရးၾကပါတယ္။
တ႐ုတ္နဲ႔ ဘဂၤလားေဒ့ရွ္ဟာ တိုက္႐ိုက္ ဆက္သြယ္ရန္ ကုန္းလမ္း မရွိပါး ဘဂၤလားေဒ့ရွ္မွာ ဘယ္အစိုးရ တက္တက္ ေပက်င္းရဲ႕ BRI အေကာင္အထည္ေဖာ္ဖို႔ကိစၥဟာ ၾကားခံျဖတ္သန္းသြားရမယ့္ ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရး လုံၿခဳံေရး အေပၚ မူတည္ေနပါတယ္။ ။ သတင္းဘာသာျပန္သူ))
#HtayOung, #OungMarine #အိႏၵိယ #ခါလီဒါ_ဇီယာ #မိုဟာမက္_ယူႏြတ္ #BRI
#ဘဂၤလားေဒ့ရွ္_ၾကားျဖတ္အစိုးရ #fyp