အီရန်နိုင်ငံရဲ့ထိပ်တန်းတရားသူကြီးနှစ်ဦး လူမြင်ကွင်းမှာလုပ်ကြံခံရ

 713

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၉

အီရန်နိုင်ငံ တရားရုံးချုပ်တရားသူကြီးနှစ်ဦးဟာ ဇန်နဝါရီ ၁၈ ရက်က မြို့တော်တီဟီရန်မှာ အမည်မသိသူတစ်ဦး ရဲ့လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။ လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဆီးဖို့ ကြိုးပမ်းချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ အီရန်တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အီရန်နိုင်ငံ တရားရုံးက တရားသူကြီးတွေဖြစ်တဲ့ ရာဇီနီ နဲ့ မိုကွစ်တို့ဟာ နိုင်ငံလုံခြုံရေးကို ဆန့်ကျင့်တဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အဓိက ပါဝင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ တရားသူကြီးနှစ်ဦးစလုံးကို ရဲရင့်သူတွေအဖြစ် ချီးကျူးပြောဆိုတာတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ အီရန် တရားသူကြီးက အဲဒီလုပ်ကြံမှုဟာ ကြိုတင်ကြံစည်ထားတဲ့ လုပ်ကြံမှုမျိုးဖြစ်တယ်လို့ ပြောပါတယ်။ လုပ်ကြံမှု ကျူးလွန်သူဟာ တရားရုံးမှာ အမှုရင်ဆိုင်နေရသူမဟုတ်သလို တရားရုံးနဲ့ဆက်နွယ်သူ မဟုတ်ကြောင်း အီရန် တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "လုပ်ကြံမှုကျူးလွန်ခဲ့ပြီးနောက် ကျွန်တော်တို့ဟာ အဲဒီ သေနတ်သမားကို ဖမ်းဆီးဖို့ ဝိုင်းဝန်းကြိုးပမ်းခဲ့တယ်။ဒါပေမယ့် သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ တယ်" လို့ ပြောပါတယ်။ အီရန်အစိုးရဟာ နိုင်ငံအတွင်းဖြစ်ပွားတဲ့လုပ်ကြံမှုတွေနဲ့ပတ်သက်ပြီး အခြားနိုင်ငံတွေကို ဝေဖန်စွပ်စွဲလေ့ရှိပြီး၊ အမေရိကန်အေးဂျင့်စပိုင်တွေ၊ အကြမ်းဖက်အုပ်စုတွေနဲ့ အစ္စရေးနိုင်ငံတို့နဲ့ဆက်နွယ်သူအဖြစ် စွပ်စွဲပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။
လုပ်ကြခံရမှုမှာ ပါဝင်တဲ့ တရားသူကြီး ရာဇီနီဟာ ၁၉၉၈ ခုနှစ်က မော်တော်ဆိုင်ကယ်ကတဆင့် ၎င်းရဲ့ကားထဲကို ဗုံးပစ်သွင်းကာ လုပ်ကြံခံရမှု ရင်ဆိုင်ခဲ့ရပြီး အသက်ရှင်လွတ်မြောက်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။
အီရန်အစိုးရကတော့ အဲဒီတရားသူကြီးနှစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သူဟာ အီရတ်နိုင်ငံရဲ့အကူညီတွေကို ရရှိထားကာအဖွဲ့ဝင် ၇၀၀၀ ကျော်ရှိနေတဲ့ Iran (MEK) အဖွဲ့နဲ့ဆက်နွယ်ဖွယ်ရှိနေပြီး အဲဒီအဖွဲ့ဟာ အယ်ဘေးနီးယားနိုင်ငံမှာ အခြေစိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
အီရန္ႏိုင္ငံရဲ႕ထိပ္တန္းတရားသူႀကီးႏွစ္ဦး လူျမင္ကြင္းမွာလုပ္ႀကံံရ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၉

အီရန္ႏိုင္ငံ တရား႐ုံးခ်ဳပ္တရားသူႀကီးႏွစ္ဦးဟာ ဇန္နဝါရီ ၁၈ ရက္က ၿမိဳ႕ေတာ္တီဟီရန္မွာ အမည္မသိသူတစ္ဦး ရဲ႕လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရေၾကာင္း သိရပါတယ္။ လုပ္ႀကံသတ္ျဖတ္သူကို ဖမ္းဆီးဖို႔ ႀကိဳးပမ္းခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားခဲ့တယ္လို႔ အီရန္တရားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

အီရန္ႏိုင္ငံ တရား႐ုံးက တရားသူႀကီးေတြျဖစ္တဲ့ ရာဇီနီ နဲ႔ မိုကြစ္တို႔ဟာ ႏိုင္ငံလုံၿခဳံေရးကို ဆန႔္က်င့္တဲ့ ရာဇဝတ္မႈ တိုက္ဖ်က္ေရးလုပ္ငန္းေတြမွာ အဓိက ပါဝင္သူေတြျဖစ္တယ္လို႔ သိရပါတယ္။
အဲဒီ တရားသူႀကီးႏွစ္ဦးစလုံးကို ရဲရင့္သူေတြအျဖစ္ ခ်ီးက်ဴးေျပာဆိုတာေတြလည္း ရွိခဲ့ေၾကာင္း သိရပါတယ္။ အီရန္ တရားသူႀကီးက အဲဒီလုပ္ႀကံမႈဟာ ႀကိဳတင္ႀကံစည္ထားတဲ့ လုပ္ႀကံမႈမ်ိဳးျဖစ္တယ္လို႔ ေျပာပါတယ္။ လုပ္ႀကံမႈ က်ဴးလြန္သူဟာ တရား႐ုံးမွာ အမႈရင္ဆိုင္ေနရသူမဟုတ္သလို တရား႐ုံးနဲ႔ဆက္ႏြယ္သူ မဟုတ္ေၾကာင္း အီရန္ တရားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အီရန္တရားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "လုပ္ႀကံမႈက်ဴးလြန္ခဲ့ၿပီးေနာက္ ကြၽန္ေတာ္တို႔ဟာ အဲဒီ ေသနတ္သမားကို ဖမ္းဆီးဖို႔ ဝိုင္းဝန္းႀကိဳးပမ္းခဲ့တယ္။ဒါေပမယ့္ ေသနတ္သမားဟာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသခဲ့ တယ္" လို႔ ေျပာပါတယ္။ အီရန္အစိုးရဟာ ႏိုင္ငံအတြင္းျဖစ္ပြားတဲ့လုပ္ႀကံမႈေတြနဲ႔ပတ္သက္ၿပီး အျခားႏိုင္ငံေတြကို ေဝဖန္စြပ္စြဲေလ့ရွိၿပီး၊ အေမရိကန္ေအးဂ်င့္စပိုင္ေတြ၊ အၾကမ္းဖက္အုပ္စုေတြနဲ႔ အစၥေရးႏိုင္ငံတို႔နဲ႔ဆက္ႏြယ္သူအျဖစ္ စြပ္စြဲေျပာဆိုခဲ့ဖူးေၾကာင္း သိရပါတယ္။
လုပ္ၾကခံရမႈမွာ ပါဝင္တဲ့ တရားသူႀကီး ရာဇီနီဟာ ၁၉၉၈ ခုႏွစ္က ေမာ္ေတာ္ဆိုင္ကယ္ကတဆင့္ ၎ရဲ႕ကားထဲကို ဗုံးပစ္သြင္းကာ လုပ္ႀကံခံရမႈ ရင္ဆိုင္ခဲ့ရၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့သူျဖစ္ေၾကာင္း သိရပါတယ္။
အီရန္အစိုးရကေတာ့ အဲဒီတရားသူႀကီးႏွစ္ဦးကို လုပ္ႀကံသတ္ျဖတ္ခဲ့သူဟာ အီရတ္ႏိုင္ငံရဲ႕အကူညီေတြကို ရရွိထားကာအဖြဲ႕ဝင္ ၇၀၀၀ ေက်ာ္ရွိေနတဲ့ Iran (MEK) အဖြဲ႕နဲ႔ဆက္ႏြယ္ဖြယ္ရွိေနၿပီး အဲဒီအဖြဲ႕ဟာ အယ္ေဘးနီးယားႏိုင္ငံမွာ အေျခစိုက္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.