CNF ခေါင်းဆောင်တစ်ဦးနှင့် (၅) ဦးပါအဖွဲ့ကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီးမှုကြောင့် ချင်းလက်နက်ကိုင်များ တုန်လှုပ်
815
သန့်ဇင် (NP News) ဇန်နဝါရီ ၂ဝ
CNF ခေါင်းဆောင်တစ်ဦး အပါအဝင် (၅)ဦးကို လက်နက်မှောင်ခိုလုပ်သောကြောင့် အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးအပြီး ဖလမ်းမှ ချင်းလက်နက်ကိုင်များ တုန်လှုပ်နေကြောင်း ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် နေထိုင်သော စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက NP News သို့ ပြောသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်တွင်း CNF လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦး အပါအဝင် (၅)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အိန္ဒိ ယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း (ဇန်နဝါရီလ (၁၅)ရက်) က ထုတ်ပြန်ထားသည့်သတင်းအချက်အလက်များအရ သိရ သည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသူ(၅)ဦး၏ ရာထူးနှင့်အမည်များ ကို ဖော်ပြထားခြင်းမရှိသော်လည်း ၎င်းတို့နှင့် အတူ AK - 47ရိုင်ဖယ်(၆)လက်၊ ကျည်အိမ် (၁၃)ခု၊ ကျည်ဆန် (၁၀ဝဝဝ)ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် လက်နက်ခဲယမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွင် လှုပ်ရှားနေသည့် United People Democratic Font (UPDF) အဖွဲ့ထံ ရောင်းဝယ်ရန်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ ချင်းလက်နက်ကိုင်အဖွဲ့ CNF အနေဖြင့် ၎င်းတို့၏လက်နက်ရရှိရေးအတွက် တရားမဝင်လမ်းကြောင်းများကို အသုံးပြုကာ အိန္ဒိယနိုင်ငံဘက်မှ လက်နက်မှောင်ခိုတင်သွင်းခဲ့ခြင်းများလည်းရှိကြောင်း သိရသည်။
ထိုသို့မှောင်ခိုတင်သွင်းမှုများကိုလည်း အိန္ဒိယနိုင်ငံဘက်မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခြင်းများရှိနေကြောင်း သိရသည်။ အဆိုပါ CNF ခေါင်းဆောင် အပါအဝင်(၅)ဦး ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ ဖလမ်းမြို့တွင် တိုက်ပွဲဖော်ဆောင်နေသည့် CNF လက်နက်ကိုင်အဖွဲ့ အပါအဝင် ချင်းလက်ကိုင်အဖွဲ့များအကြား တုန်လှုပ်မှုများရှိ နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ဒီ(၅)ယောက်အဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ချင်း PDF တွေနဲ့ CNA တွေက တော်တော်လေး တုန်လှုပ်နေတယ် ကြားတယ်။ ကြားရတာတော့ ဒီ (၅) ယောက် နစကလက်ထဲရောက်သွားရင်တော့ လုပ်ထားတဲ့ကိစ္စတွေနဲ့ တိုင်ပင် ထားတာတွေ။ ဘယ်လိုအကောင်အထည်ဖော်လို့ရမလဲဆိုတဲ့အရာကို မေးနေကြတယ်။ ဒါကတော့ ကြားထားရတဲ့ သတင်းတစ်ခုပါ” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် CNF ခေါင်းဆောင် အပါအဝင်(၅)ဦးကို အိန္ဒိယနိုင်ငံ၊ West Phaileng ရဲစခန်း၌ ဖမ်းဆီးထားရှိပြီး စုံစမ်းစစ်ဆေး မှုများနှင့် အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ CNF လက်နက်ကိုင်အဖွဲ့ အပါအဝင် CNDF၊ PDF ပူးပေါင်းအဖွဲ့ တို့သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖော်ဆောင်နေလျက်ရှိပြီး ဒေသခံများစွာသည် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရလျက်ရှိသည်။
Zawgyi Version;
CNF ေခါင္းေဆာင္တစ္ဦးႏွင့္ (၅) ဦးပါအဖြဲ႕ကို အိႏၵိယရဲတပ္ဖြဲ႕ ဖမ္းဆီးမႈေၾကာင့္ ခ်င္းလက္နက္ကိုင္မ်ား တုန္လႈပ္
သန႔္ဇင္ (NP News) ဇန္နဝါရီ ၂ဝ
CNF ေခါင္းေဆာင္တစ္ဦး အပါအဝင္ (၅)ဦးကို လက္နက္ေမွာင္ခိုလုပ္ေသာေၾကာင့္ အိႏၵိယ ရဲတပ္ဖြဲ႕က ဖမ္းဆီးအၿပီး ဖလမ္းမွ ခ်င္းလက္နက္ကိုင္မ်ား တုန္လႈပ္ေနေၾကာင္း ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ စစ္ေရးေလ့လာသုံးသပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္၊ မာမစ္ခ႐ိုင္တြင္း CNF လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္တစ္ဦး အပါအဝင္ (၅)ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ အိႏၵိ ယႏိုင္ငံ မီဇိုရမ္ျပည္နယ္ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ေၾကာင္း (ဇန္နဝါရီလ (၁၅)ရက္) က ထုတ္ျပန္ထားသည့္သတင္းအခ်က္အလက္မ်ားအရ သိရ သည္။
အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ ရဲတပ္ဖြဲ႕၏ထုတ္ျပန္ခ်က္တြင္ ဖမ္းဆီးရမိသူ(၅)ဦး၏ ရာထူးႏွင့္အမည္မ်ား ကို ေဖာ္ျပထားျခင္းမရွိေသာ္လည္း ၎တို႔ႏွင့္ အတူ AK - 47႐ိုင္ဖယ္(၆)လက္၊ က်ည္အိမ္ (၁၃)ခု၊ က်ည္ဆန္ (၁၀ဝဝဝ)ေက်ာ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ လက္ရွိတြင္ ဖမ္းဆီးရမိထားသည့္ လက္နက္ခဲယမ္းမ်ားကို ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္တေကာင္း ေတာင္တန္းေဒသတြင္ လႈပ္ရွားေနသည့္ United People Democratic Font (UPDF) အဖြဲ႕ထံ ေရာင္းဝယ္ရန္ျဖစ္သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားကာ ခ်င္းလက္နက္ကိုင္အဖြဲ႕ CNF အေနျဖင့္ ၎တို႔၏လက္နက္ရရွိေရးအတြက္ တရားမဝင္လမ္းေၾကာင္းမ်ားကို အသုံးျပဳကာ အိႏၵိယႏိုင္ငံဘက္မွ လက္နက္ေမွာင္ခိုတင္သြင္းခဲ့ျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။
ထိုသို႔ေမွာင္ခိုတင္သြင္းမႈမ်ားကိုလည္း အိႏၵိယႏိုင္ငံဘက္မွ စုံစမ္းစစ္ေဆးေဖာ္ထုတ္ျခင္းမ်ားရွိေနေၾကာင္း သိရသည္။ အဆိုပါ CNF ေခါင္းေဆာင္ အပါအဝင္(၅)ဦး ဖမ္းဆီးခံရသည့္ကိစၥႏွင့္ပတ္သက္၍ ဖလမ္းၿမိဳ႕တြင္ တိုက္ပြဲေဖာ္ေဆာင္ေနသည့္ CNF လက္နက္ကိုင္အဖြဲ႕ အပါအဝင္ ခ်င္းလက္ကိုင္အဖြဲ႕မ်ားအၾကား တုန္လႈပ္မႈမ်ားရွိ ေနေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“ဒီ(၅)ေယာက္အဖမ္းခံရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ခ်င္း PDF ေတြနဲ႔ CNA ေတြက ေတာ္ေတာ္ေလး တုန္လႈပ္ေနတယ္ ၾကားတယ္။ ၾကားရတာေတာ့ ဒီ (၅) ေယာက္ နစကလက္ထဲေရာက္သြားရင္ေတာ့ လုပ္ထားတဲ့ကိစၥေတြနဲ႔ တိုင္ပင္ ထားတာေတြ။ ဘယ္လိုအေကာင္အထည္ေဖာ္လို႔ရမလဲဆိုတဲ့အရာကို ေမးေနၾကတယ္။ ဒါကေတာ့ ၾကားထားရတဲ့ သတင္းတစ္ခုပါ” ဟု ၎က ဆိုသည္။ လက္ရွိတြင္ ဖမ္းဆီးရမိထားသည့္ CNF ေခါင္းေဆာင္ အပါအဝင္(၅)ဦးကို အိႏၵိယႏိုင္ငံ၊ West Phaileng ရဲစခန္း၌ ဖမ္းဆီးထားရွိၿပီး စုံစမ္းစစ္ေဆး မႈမ်ားႏွင့္ အေရးယူမႈမ်ား ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ CNF လက္နက္ကိုင္အဖြဲ႕ အပါအဝင္ CNDF၊ PDF ပူးေပါင္းအဖြဲ႕ တို႔သည္ ခ်င္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ားေဖာ္ေဆာင္ေနလ်က္ရွိၿပီး ေဒသခံမ်ားစြာသည္ ေဘးလြတ္ရာသို႔ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရလ်က္ရွိသည္။