မောင်တောမြို့ရှိ “ မြို ” တိုင်းရင်းသားများကို AA က အတင်းအဓမ္မ စစ်သား စုဆောင်းနေ
520
သုတကျော် (NP News) ဇန်နဝါရီ ၂ဝ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ “ မြို ” တိုင်းရင်းသားများကို AA က ၎င်းတို့၏ ပြည်သူ့စစ်အဖြစ် စည်းဘောင်မဲ့ အဓမ္မခေါ်ယူနေသောကြောင့် လူငယ်များ တိမ်းရှောင်နေကြရကြောင်းဖြစ်စဉ်ကို သိရှိသူ ရခိုင်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ခေါ်ယူခြင်းသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ လလယ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ခေါ်ယူစဉ် ဖမ်းဆီးရာ၌ ကြိုးဖြင့်တုပ်နှောင်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပြည်သူ့စစ်တွေ အားနည်းတယ်ပေါ့ နော်။ ဒါကြောင့် အထက်အမိန့်အရ ခေါ်တယ်ဆိုပြီးတော့ မောင်တောက သစ်တုံးနား ခွဆုံရွာမှာ ဒီဇင်ဘာလ (၂၃) ရက် သန်းခေါင်အချိန် အင်အား တစ်ရာလောက်နဲ့ဝင်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း တံခါးခေါက်တယ်။ ခြေထောက်တွေနဲ့လည်း တံခါးကို ကန်တယ်လို့ပြောတယ်။ ပြီးတော့ လူငယ်(၄၂)ယောက်ရတာကို ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ဆို သည်။
အဆိုပါဖြစ်စဉ်အပြီး နာရီအနည်းငယ်အကြာ လူအများအိပ်မောကျနေချိန်တွင် နန်းရာကိုင်းကျေးရွာသို့ ထပ်မံဝင်ရောက်ကာ လူငယ်(၃၆)ဦးကို ဖမ်းဆီးသည့်အပြင် မဖမ်းရန် ငိုယိုတောင်းပန်သော “မြို” တိုင်းရင်းသူ အမျိုးသမီးများကိုလည်း ရိုက်နှက်ခြင်း၊ သေနတ်ဖြင့် ချိန်ရွယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“တခြားရွာတွေမှာလည်း ဖြစ်တယ်လို့ သိရတယ်။ ဒါပေမဲ့ အဆက်အသွယ်ကမရတော့ ကျွန်တော်ပြောဖို့ ခက်တယ်။ ဒါပေမဲ့ ဒီလိုနည်းနဲ့ပဲ ခေါ်တယ်ဆိုတာကလည်း သေချာတယ်။ မောင်တောမှာလည်းဖြစ်တယ်။ အချက် အလက်နဲ့တော့ ကျွန်တော် မပြောနိုင်ဘူးဖြစ်နေတာ။ ဖြစ်တာကိုတော့ သိရတယ်။ အခုက လူငယ်တွေက ညဆို အိမ်မှာ မအိပ်ရဘူး။ တချို့ကလည်း ဘင်္ဂလားအထိ ရှောင်ကြရတယ်” ဟု ၎င်းက ဆိုသည်။
NP News က ရရှိထားသောအချက်အလက်များအရ နန်းရာကိုင်းကျေးရွာ မှ ခေါ်ဆောင်ခံရသူများအတွင်း အခြေခံပညာ(၇)တန်းမှ အခြေခံပညာ(၁၀)တန်းအထိ ကျောင်းသား(၂၃)ဦး ပါဝင်ကြောင်း သိရသည်။
Zawgyi Version;
ေမာင္ေတာၿမိဳ႕ရွိ “ ၿမိဳ ” တိုင္းရင္းသားမ်ားကို AA က အတင္းအဓမၼ စစ္သား စုေဆာင္းေန
သုတေက်ာ္ (NP News) ဇန္နဝါရီ ၂ဝ
ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ရွိ “ ၿမိဳ ” တိုင္းရင္းသားမ်ားကို AA က ၎တို႔၏ ျပည္သူ႔စစ္အျဖစ္ စည္းေဘာင္မဲ့ အဓမၼေခၚယူေနေသာေၾကာင့္ လူငယ္မ်ား တိမ္းေရွာင္ေနၾကရေၾကာင္းျဖစ္စဥ္ကို သိရွိသူ ရခိုင္တိုင္းရင္းသား သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ေခၚယူျခင္းသည္ ၿပီးခဲ့သည့္ ႏွစ္ကုန္ပိုင္း ဒီဇင္ဘာလ လလယ္မွ စတင္ခဲ့ျခင္းျဖစ္ၿပီး ေခၚယူစဥ္ ဖမ္းဆီးရာ၌ ႀကိဳးျဖင့္တုပ္ေႏွာင္ေခၚေဆာင္ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။ “ျပည္သူ႔စစ္ေတြ အားနည္းတယ္ေပါ့ ေနာ္။ ဒါေၾကာင့္ အထက္အမိန႔္အရ ေခၚတယ္ဆိုၿပီးေတာ့ ေမာင္ေတာက သစ္တုံးနား ခြဆုံ႐ြာမွာ ဒီဇင္ဘာလ (၂၃) ရက္ သန္းေခါင္အခ်ိန္ အင္အား တစ္ရာေလာက္နဲ႔ဝင္လာၿပီး တစ္အိမ္တက္ တစ္အိမ္ဆင္း တံခါးေခါက္တယ္။ ေျခေထာက္ေတြနဲ႔လည္း တံခါးကို ကန္တယ္လို႔ေျပာတယ္။ ၿပီးေတာ့ လူငယ္(၄၂)ေယာက္ရတာကို ႀကိဳးတုပ္ၿပီး ဖမ္းေခၚသြားတယ္” ဟု အထက္ပါသတင္းရင္းျမစ္က ဆို သည္။
အဆိုပါျဖစ္စဥ္အၿပီး နာရီအနည္းငယ္အၾကာ လူအမ်ားအိပ္ေမာက်ေနခ်ိန္တြင္ နန္းရာကိုင္းေက်း႐ြာသို႔ ထပ္မံဝင္ေရာက္ကာ လူငယ္(၃၆)ဦးကို ဖမ္းဆီးသည့္အျပင္ မဖမ္းရန္ ငိုယိုေတာင္းပန္ေသာ “ၿမိဳ” တိုင္းရင္းသူ အမ်ိဳးသမီးမ်ားကိုလည္း ႐ိုက္ႏွက္ျခင္း၊ ေသနတ္ျဖင့္ ခ်ိန္႐ြယ္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ၎က ဆိုသည္။
“တျခား႐ြာေတြမွာလည္း ျဖစ္တယ္လို႔ သိရတယ္။ ဒါေပမဲ့ အဆက္အသြယ္ကမရေတာ့ ကြၽန္ေတာ္ေျပာဖို႔ ခက္တယ္။ ဒါေပမဲ့ ဒီလိုနည္းနဲ႔ပဲ ေခၚတယ္ဆိုတာကလည္း ေသခ်ာတယ္။ ေမာင္ေတာမွာလည္းျဖစ္တယ္။ အခ်က္ အလက္နဲ႔ေတာ့ ကြၽန္ေတာ္ မေျပာႏိုင္ဘူးျဖစ္ေနတာ။ ျဖစ္တာကိုေတာ့ သိရတယ္။ အခုက လူငယ္ေတြက ညဆို အိမ္မွာ မအိပ္ရဘူး။ တခ်ိဳ႕ကလည္း ဘဂၤလားအထိ ေရွာင္ၾကရတယ္” ဟု ၎က ဆိုသည္။
NP News က ရရွိထားေသာအခ်က္အလက္မ်ားအရ နန္းရာကိုင္းေက်း႐ြာ မွ ေခၚေဆာင္ခံရသူမ်ားအတြင္း အေျခခံပညာ(၇)တန္းမွ အေျခခံပညာ(၁၀)တန္းအထိ ေက်ာင္းသား(၂၃)ဦး ပါဝင္ေၾကာင္း သိရသည္။