မိုးကုတ်မြို့ကို TNLA အဖွဲ့က ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာနေ

 286

မြူနစ် (NP News) ဇန်နဝါရီ ၂ဝ

အဖိုးတန်ကျောက်မျက်ရတနာများ ထွက်ရှိ ရာ မိုးကုတ်မြို့ကို TNLA လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှု ဖြစ်စဉ်များ ပိုမိုဖြစ် ပွားလာနေကြောင်း မြို့ခံများထံမှ သိရသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA သည် မန္တလေး PDF အဖွဲ့များနှင့်ပူးပေါင်းကာ မန္တလေးတိုင်း မိုးကုတ်မြို့ကို တိုက်ခိုက်ထိန်းချုပ်ပြီး နောက်ပိုင်းတွင် ရာဇဝတ်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွား လာနေခြင်းဖြစ်သည်။ ပြီးခဲ့သောလပိုင်းအတွင်း၌ပင် မိုးကုတ်မြို့ပေါ်အပါအဝင် မြို့နှင့်(၉)မိုင်ခန့်သာကွာဝေးသည့် ပြန် ကောင်းရွာတွင် လက်နက်ကိုင်အချို့က လက်နက်ပြကာ ဓားပြတိုက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း သိရ သည်။
“အန်တီတို့ သူငယ်ချင်းအိမ်တစ်အိမ်ဆိုရင် ဓားပြတွေ တိုက်သွားတာ ဘာမှကို မကျန်တော့ဘူး။ သနားလို့ဆိုပြီး လက်စွပ်တစ်ကွင်းပဲ ထားခဲ့ပေးတာတဲ့။ မီးခံသေတ္တာတွေ ပါသွားတယ်။ သူတို့က တော်တော် လေးချမ်းသာတယ်။ အရင်ဆုံးလူ နှစ်ယောက်ဝင်လာ တယ်။ အအေးတစ်သောင်းခွဲဖိုး ယူမယ်ဆိုပြီး ပြော တယ်။ ပြောပြီးတော့ တစ်ယောက်က လှေကား အောက်ကိုသွားတယ်။ ပြီးတော့ နောက်နှစ်ယောက် ထပ်ဝင်လာတယ်။ မင်းတို့ (၁၀)သိန်း ဈေးဖိုးပေးရ မယ်ပေါ့။ သူငယ်ချင်းက မရှိဘူး ပြန်ပြောတော့ အကုန်ပတ်ရှာပြီး မီးခံသေတ္တာကို ဖွင့်ခိုင်းပြီး အကုန်ယူသွားတာ။ သူတို့မှာက ကျောက်သံ ပတ္တမြားတွေရှိတယ်လေ။ သနားလို့ဆိုပြီ လက်စွပ်တစ်ကွင်းပဲ ထားခဲ့ပေးတယ်”ဟု မိုးကုတ်မြို့ခံတစ်ဦး က NP News ကို ပြောသည်။
လက်ရှိတွင် TNLA လက်နက်ကိုင်အဖွဲ့သည် မိုးကုတ်မြို့ပေါ်၌ ထိန်းချုပ်နေရာယူလျက်ရှိသကဲ့သို့ PDF လက်နက်ကိုင်အဖွဲ့များသည် မိုးကုတ်မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။ “အန်တီ တို့အဒေါ်အိမ်လည်း ဓားပြတိုက်ခံရတယ်လေ မိုးကုတ်မြို့ဖြစ်သွားတာ။ ဓားပြတိုက်နေတုန်းမှာ ဘေးအိမ်ကလာကြည့်တဲ့လူက မင်းတို့က ဘယ်အဖွဲ့အစည်းကလဲလို့မေးတော့ ပစ်သတ် သွားတယ်။ သူတို့လည်း အတွင်းပစ္စည်းတွေ တော်တော်များများ ပါသွားတယ်” ဟု မိုးကုတ်မြို့ခံက ဆက်လက် ပြောသည်။
ထို့ပြင် မိုးကုတ်မြို့နှင့်အနီးတစ်ဝိုက်တွင် ရာဇဝတ်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာနေလျက်ရှိသကဲ့သို့ အတင်း အဓမ္မအခွန်ဆောင်ခိုင်းခြင်း၊ အခွန်မဆောင်ပါက ပြည်သူပိုင်ပစ္စည်းများကို မတရားသိမ်းခြင်းတို့ကို TNLA နှင့် ပူးပေါင်းလက်နက်ကိုင်အဖွဲ့များက ကျူးလွန်နေလျက်ရှိကြောင်း မြို့ခံများက ထပ်မံပြောသည်။
ဆက်လက်ပြီး အခြားသော မိုးကုတ်မြို့ခံ တစ်ဦးကလည်း “အဲဒီလို ဓားပြမှုတွေက မိုးကုတ်မှာ တအား များနေပြီ။ သူတို့လည်း (TNLA) ဘာမှ လုပ်မပေးနိုင်ဘူးထင်တယ်။ တိုက်တာကလည်း သူတို့ပဲ နေမှာပေါ့။ မြို့မှာက ဘယ်သူမှမရှိတာ သူတို့ပဲရှိတာလေ။ ချမ်းသာတဲ့အိမ်တွေကိုပဲ ရွေးလုပ်နေတဲ့သဘော။ ဘယ်သူမှ အဲဒီမှာ မနေရဲ တော့ဘူး။ တော်တော်များများက ရန်ကုန်၊ မန္တလေးကို သွားကြပြီ။ အခုတော့ အဖေအရင်းကို မောင်းထုတ်ပြီး ပထွေး လာတော့ အဆင်မပြေဘူးဆိုတဲ့အသံတွေလည်း ကြားလာရတာပေါ့” ဟု NP News ကို ပြောသည်။
မိုးကုတ်မြို့ကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ပြီးနောက်ပိုင်းတွင် ဒေသခံ ပြည်သူလူထုနေအဖြင့် မတရားဖိနှိပ်မှုများကို ပိုမိုခံစားနေရလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိလာနေ သည်ကိုတွေ့ရသည်။

Zawgyi Version;
မိုးကုတ္ၿမိဳ႕ကို TNLA အဖြဲ႕က ထိန္းခ်ဳပ္ၿပီးေနာက္ ဓားျပတိုက္မႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားလာေန
ျမဴနစ္ (NP News) ဇန္နဝါရီ ၂ဝ

အဖိုးတန္ေက်ာက္မ်က္ရတနာမ်ား ထြက္ရွိ ရာ မိုးကုတ္ၿမိဳ႕ကို TNLA လက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ၿပီးေနာက္ ဓားျပတိုက္မႈ ျဖစ္စဥ္မ်ား ပိုမိုျဖစ္ ပြားလာေနေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။
တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA သည္ မႏၲေလး PDF အဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ မႏၲေလးတိုင္း မိုးကုတ္ၿမိဳ႕ကို တိုက္ခိုက္ထိန္းခ်ဳပ္ၿပီး ေနာက္ပိုင္းတြင္ ရာဇဝတ္မႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြား လာေနျခင္းျဖစ္သည္။ ၿပီးခဲ့ေသာလပိုင္းအတြင္း၌ပင္ မိုးကုတ္ၿမိဳ႕ေပၚအပါအဝင္ ၿမိဳ႕ႏွင့္(၉)မိုင္ခန႔္သာကြာေဝးသည့္ ျပန္ ေကာင္း႐ြာတြင္ လက္နက္ကိုင္အခ်ိဳ႕က လက္နက္ျပကာ ဓားျပတိုက္မႈျဖစ္စဥ္မ်ားျဖစ္ပြားခဲ့ေၾကာင္း သိရ သည္။
“အန္တီတို႔ သူငယ္ခ်င္းအိမ္တစ္အိမ္ဆိုရင္ ဓားျပေတြ တိုက္သြားတာ ဘာမွကို မက်န္ေတာ့ဘူး။ သနားလို႔ဆိုၿပီး လက္စြပ္တစ္ကြင္းပဲ ထားခဲ့ေပးတာတဲ့။ မီးခံေသတၱာေတြ ပါသြားတယ္။ သူတို႔က ေတာ္ေတာ္ ေလးခ်မ္းသာတယ္။ အရင္ဆုံးလူ ႏွစ္ေယာက္ဝင္လာ တယ္။ အေအးတစ္ေသာင္းခြဲဖိုး ယူမယ္ဆိုၿပီး ေျပာ တယ္။ ေျပာၿပီးေတာ့ တစ္ေယာက္က ေလွကား ေအာက္ကိုသြားတယ္။ ၿပီးေတာ့ ေနာက္ႏွစ္ေယာက္ ထပ္ဝင္လာတယ္။ မင္းတို႔ (၁၀)သိန္း ေဈးဖိုးေပးရ မယ္ေပါ့။ သူငယ္ခ်င္းက မရွိဘူး ျပန္ေျပာေတာ့ အကုန္ပတ္ရွာၿပီး မီးခံေသတၱာကို ဖြင့္ခိုင္းၿပီး အကုန္ယူသြားတာ။ သူတို႔မွာက ေက်ာက္သံ ပတၱျမားေတြရွိတယ္ေလ။ သနားလို႔ဆိုၿပီ လက္စြပ္တစ္ကြင္းပဲ ထားခဲ့ေပးတယ္”ဟု မိုးကုတ္ၿမိဳ႕ခံတစ္ဦး က NP News ကို ေျပာသည္။
လက္ရွိတြင္ TNLA လက္နက္ကိုင္အဖြဲ႕သည္ မိုးကုတ္ၿမိဳ႕ေပၚ၌ ထိန္းခ်ဳပ္ေနရာယူလ်က္ရွိသကဲ့သို႔ PDF လက္နက္ကိုင္အဖြဲ႕မ်ားသည္ မိုးကုတ္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ရွိ ေက်း႐ြာမ်ားတြင္ တပ္စြဲေနထိုင္လ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။ “အန္တီ တို႔အေဒၚအိမ္လည္း ဓားျပတိုက္ခံရတယ္ေလ မိုးကုတ္ၿမိဳ႕ျဖစ္သြားတာ။ ဓားျပတိုက္ေနတုန္းမွာ ေဘးအိမ္ကလာၾကည့္တဲ့လူက မင္းတို႔က ဘယ္အဖြဲ႕အစည္းကလဲလို႔ေမးေတာ့ ပစ္သတ္ သြားတယ္။ သူတို႔လည္း အတြင္းပစၥည္းေတြ ေတာ္ေတာ္မ်ားမ်ား ပါသြားတယ္” ဟု မိုးကုတ္ၿမိဳ႕ခံက ဆက္လက္ ေျပာသည္။
ထို႔ျပင္ မိုးကုတ္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ ရာဇဝတ္မႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားလာေနလ်က္ရွိသကဲ့သို႔ အတင္း အဓမၼအခြန္ေဆာင္ခိုင္းျခင္း၊ အခြန္မေဆာင္ပါက ျပည္သူပိုင္ပစၥည္းမ်ားကို မတရားသိမ္းျခင္းတို႔ကို TNLA ႏွင့္ ပူးေပါင္းလက္နက္ကိုင္အဖြဲ႕မ်ားက က်ဴးလြန္ေနလ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားက ထပ္မံေျပာသည္။
ဆက္လက္ၿပီး အျခားေသာ မိုးကုတ္ၿမိဳ႕ခံ တစ္ဦးကလည္း “အဲဒီလို ဓားျပမႈေတြက မိုးကုတ္မွာ တအား မ်ားေနၿပီ။ သူတို႔လည္း (TNLA) ဘာမွ လုပ္မေပးႏိုင္ဘူးထင္တယ္။ တိုက္တာကလည္း သူတို႔ပဲ ေနမွာေပါ့။ ၿမိဳ႕မွာက ဘယ္သူမွမရွိတာ သူတို႔ပဲရွိတာေလ။ ခ်မ္းသာတဲ့အိမ္ေတြကိုပဲ ေ႐ြးလုပ္ေနတဲ့သေဘာ။ ဘယ္သူမွ အဲဒီမွာ မေနရဲ ေတာ့ဘူး။ ေတာ္ေတာ္မ်ားမ်ားက ရန္ကုန္၊ မႏၲေလးကို သြားၾကၿပီ။ အခုေတာ့ အေဖအရင္းကို ေမာင္းထုတ္ၿပီး ပေထြး လာေတာ့ အဆင္မေျပဘူးဆိုတဲ့အသံေတြလည္း ၾကားလာရတာေပါ့” ဟု NP News ကို ေျပာသည္။
မိုးကုတ္ၿမိဳ႕ကို တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ထိန္းခ်ဳပ္ၿပီးေနာက္ပိုင္းတြင္ ေဒသခံ ျပည္သူလူထုေနအျဖင့္ မတရားဖိႏွိပ္မႈမ်ားကို ပိုမိုခံစားေနရလ်က္ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈမ်ား ရွိလာေန သည္ကိုေတြ႕ရသည္။

Related news

© 2021. All rights reserved.