ကျားဖျန့် နာမည်ဆိုးထွက်နေသော KK Park ကဲ့သို့ နေရာများနှင့်ပတ်သက်၍ မြန်မာဘက်က ဆောင်ရွက်ရန် ကန့်သတ်ချက်ရှိနေဟုဆို

 989

သုတကျော် (NP News) ဇန်နဝါရီ ၂ဝ

မြန်မာ-ထိုင်းနယ်စပ်က အွန်လိုင်းလိမ်လည်မှုကိစ္စများနှင့်ပတ်သက်၍ နာမည်ဆိုးထွက်နေသော KK Park ကဲ့သို့ နေရာများနှင့်ပတ်သက်၍ မြန်မာဘက်က ဆောင်ရွက်ရန် ကန့်သတ်ချက်များ ရှိနေကြောင်း နစက၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News သို့ ပြောကြားချက်အရ သိရသည်။
BGF ခေါင်းဆောင်များနှင့် တရုတ်လောင်းကစားရုံလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်က BGF ဗဟိုကွပ်ကဲရေးရုံးတွင် တွေ့ဆုံကာ လူကုန်ကူးပြီးရောင်းစားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ပြန်ပေးဆွဲပြီး ငွေအဆမတန်တောင်းခြင်း၊ ကလေးလုပ်သားခိုင်းခြင်း၊ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လည်ရန် သွေးဆောင်ခြင်းများ မပြုလုပ်ရန် စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။
“မြဝတီဘက်မှာတော့ အွန်လိုင်းလောင်းကစားမှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ကို တရုတ် နိုင်ငံက အကြောင်းကြားထားတဲ့ဟာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ကလည်း ပူးပေါင်းဆောင်ရွက်တာတွေ၊ လိုက်လံစစ်ဆေးတာတွေ ဆောင်ရွက်လျက်ရှိတယ်။ သို့သော် နယ်မြေအခြေအနေအရတော့ အကန့်အသတ်တော့ ရှိတယ်။ နောက်တစ်ခုက အများစုကတော့ ထိုင်းနိုင်ငံဘက်က ကူးလာတဲ့သူတွေ အများစုဖြစ်နေတာကို တွေ့ရတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံတွင် ကိုယ်စား လှယ်များထားရှိကာ ဆောင်ရွက်လျက်ရှိပြီး နယ် စပ်တွင် ပျောက်သွားသူများ၊ သံသယရှိသူများနှင့် ပတ်သက်၍ စာရင်းပေးခြင်း၊ စာရင်းပြုစုခြင်း၊ လိုက်လံစုံစမ်းခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်နေ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ဒါ့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ရတဲ့သတင်းကို တရုတ်နဲ့သတင်းညှိနှိုင်းတာတွေ၊ တရုတ် ဘက်ကလည်း သူတို့ဘက်ကကြားတဲ့ သတင်းတွေ စုံစမ်းတာတွေ၊ ညှိနှိုင်းတာတွေ ဆောင်ရွက်လျက် ရှိ တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ ထိုင်း နိုင်ငံနှင့်ပတ်သက်၍ ယခင်ကပင် ပူးပေါင်းဆောင် ရွက်ညှိနှိုင်းခြင်းများရှိကြောင်း၎င်းက ဆိုသည်။
“သို့သော် ထူးခြားနေတာကတော့ ထိုင်း နိုင်ငံဘက်ကနေ ခုနကပြောတဲ့အတိုင်းပဲ ဒီလူများစု ပေါ့။ လူများစုဆိုတာ အကုန်လုံး နီးပါးလောက်ကပဲ ထိုင်းနိုင်ငံဘက်ကပဲ ကူးပြောင်းလာတဲ့သူတွေ ဖြစ်နေတာ တွေ့ရတယ်။ အခုနောက်ပိုင်းမှာ”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
KK Park ကဲ့သို့ နေရာများသည် ယခင်ကပင် တရားမဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် နေသောနေရာဖြစ်ကာ (၂၀၁၅) ခုနှစ်ခန့်ကပင် စတင်ဖြစ်နေခြင်းဖြစ်ပြီး သတိထားဆောင်ရွက်နေ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “သို့ သော် လုပ်ဆောင်တဲ့ နေရာမှာတော့ တကယ့် မြေပြင်လုပ်ဆောင်တာမှာ ကန့်သတ်ချက်ရှိတယ်။ အဲဒီ နေရာသည် တော်တော်လေးပေါ့နော် အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအောက်ကလည်း လွတ်နေတဲ့ နေရာအမျိုးအစားမျိုးလည်း ဖြစ်တယ်။ ဒါ့ပြင် ပြော ရမယ်ဆိုရင် အဲဒီနေရာမှာအစိုးရရဲ့ အုပ်ချုပ်မှု ယန္တ ရားအောက်က လွတ်နေတဲ့အပြင် ကျန်တဲ့အုပ်ချုပ်မှု ယန္တရားလည်း ခိုင်ခိုင်မာမာ ရှိလားဆိုတော့ ကျန်တဲ့အုပ်ချုပ်မှု ယန္တရားအနေနဲ့လည်း ခိုင်ခိုင်မာမာ မရှိတဲ့ နေရာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် အသွင်းပြောင်းလက်နက်ကိုင်အဖွဲ့ များ၊ လက်နက်ကိုင် အဖွဲ့များ၊ KNU ကဲ့သို့ လက်နက် ကိုင်အဖွဲ့များ ရောယှက်နေသည့်နေရာ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Zawgyi Version;
က်ားဖ်န႔္ နာမည္ဆိုးထြက္ေနေသာ KK Park ကဲ့သို႔ ေနရာမ်ားႏွင့္ပတ္သက္၍ ျမန္မာဘက္က ေဆာင္႐ြက္ရန္ ကန႔္သတ္ခ်က္ရွိေနဟုဆို
သုတေက်ာ္ (NP News) ဇန္နဝါရီ ၂ဝ

ျမန္မာ-ထိုင္းနယ္စပ္က အြန္လိုင္းလိမ္လည္မႈကိစၥမ်ားႏွင့္ပတ္သက္၍ နာမည္ဆိုးထြက္ေနေသာ KK Park ကဲ့သို႔ ေနရာမ်ားႏွင့္ပတ္သက္၍ ျမန္မာဘက္က ေဆာင္႐ြက္ရန္ ကန႔္သတ္ခ်က္မ်ား ရွိေနေၾကာင္း နစက၏ ေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News သို႔ ေျပာၾကားခ်က္အရ သိရသည္။
BGF ေခါင္းေဆာင္မ်ားႏွင့္ တ႐ုတ္ေလာင္းကစား႐ုံလုပ္ငန္းရွင္မ်ားသည္ ၿပီးခဲ့သည့္ ဇန္နဝါရီ ၁၅ ရက္က BGF ဗဟိုကြပ္ကဲေရး႐ုံးတြင္ ေတြ႕ဆုံကာ လူကုန္ကူးၿပီးေရာင္းစားျခင္း၊ ႏွိပ္စက္ညႇဥ္းပန္းျခင္း၊ ျပန္ေပးဆြဲၿပီး ေငြအဆမတန္ေတာင္းျခင္း၊ ကေလးလုပ္သားခိုင္းျခင္း၊ အြန္လိုင္းအသုံးျပဳၿပီး ေငြလိမ္လည္ရန္ ေသြးေဆာင္ျခင္းမ်ား မျပဳလုပ္ရန္ စည္းကမ္းသတ္မွတ္ထားေၾကာင္း သိရသည္။
“ျမဝတီဘက္မွာေတာ့ အြန္လိုင္းေလာင္းကစားမႈေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံဘက္ကို တ႐ုတ္ ႏိုင္ငံက အေၾကာင္းၾကားထားတဲ့ဟာေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ကလည္း ပူးေပါင္းေဆာင္႐ြက္တာေတြ၊ လိုက္လံစစ္ေဆးတာေတြ ေဆာင္႐ြက္လ်က္ရွိတယ္။ သို႔ေသာ္ နယ္ေျမအေျခအေနအရေတာ့ အကန႔္အသတ္ေတာ့ ရွိတယ္။ ေနာက္တစ္ခုက အမ်ားစုကေတာ့ ထိုင္းႏိုင္ငံဘက္က ကူးလာတဲ့သူေတြ အမ်ားစုျဖစ္ေနတာကို ေတြ႕ရတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ားႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံဘက္က ျမန္မာႏိုင္ငံတြင္ ကိုယ္စား လွယ္မ်ားထားရွိကာ ေဆာင္႐ြက္လ်က္ရွိၿပီး နယ္ စပ္တြင္ ေပ်ာက္သြားသူမ်ား၊ သံသယရွိသူမ်ားႏွင့္ ပတ္သက္၍ စာရင္းေပးျခင္း၊ စာရင္းျပဳစုျခင္း၊ လိုက္လံစုံစမ္းျခင္းမ်ားကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္း ေဆာင္႐ြက္ေန ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
“ဒါ့ျပင္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ကလည္း ရတဲ့သတင္းကို တ႐ုတ္နဲ႔သတင္းညႇိႏႈိင္းတာေတြ၊ တ႐ုတ္ ဘက္ကလည္း သူတို႔ဘက္ကၾကားတဲ့ သတင္းေတြ စုံစမ္းတာေတြ၊ ညႇိႏႈိင္းတာေတြ ေဆာင္႐ြက္လ်က္ ရွိ တယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။ ထိုင္း ႏိုင္ငံႏွင့္ပတ္သက္၍ ယခင္ကပင္ ပူးေပါင္းေဆာင္ ႐ြက္ညႇိႏႈိင္းျခင္းမ်ားရွိေၾကာင္း၎က ဆိုသည္။
“သို႔ေသာ္ ထူးျခားေနတာကေတာ့ ထိုင္း ႏိုင္ငံဘက္ကေန ခုနကေျပာတဲ့အတိုင္းပဲ ဒီလူမ်ားစု ေပါ့။ လူမ်ားစုဆိုတာ အကုန္လုံး နီးပါးေလာက္ကပဲ ထိုင္းႏိုင္ငံဘက္ကပဲ ကူးေျပာင္းလာတဲ့သူေတြ ျဖစ္ေနတာ ေတြ႕ရတယ္။ အခုေနာက္ပိုင္းမွာ”ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။
KK Park ကဲ့သို႔ ေနရာမ်ားသည္ ယခင္ကပင္ တရားမဝင္ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ေနေသာေနရာျဖစ္ကာ (၂၀၁၅) ခုႏွစ္ခန႔္ကပင္ စတင္ျဖစ္ေနျခင္းျဖစ္ၿပီး သတိထားေဆာင္႐ြက္ေန ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ “သို႔ ေသာ္ လုပ္ေဆာင္တဲ့ ေနရာမွာေတာ့ တကယ့္ ေျမျပင္လုပ္ေဆာင္တာမွာ ကန႔္သတ္ခ်က္ရွိတယ္။ အဲဒီ ေနရာသည္ ေတာ္ေတာ္ေလးေပါ့ေနာ္ အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲရားေအာက္ကလည္း လြတ္ေနတဲ့ ေနရာအမ်ိဳးအစားမ်ိဳးလည္း ျဖစ္တယ္။ ဒါ့ျပင္ ေျပာ ရမယ္ဆိုရင္ အဲဒီေနရာမွာအစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲ ရားေအာက္က လြတ္ေနတဲ့အျပင္ က်န္တဲ့အုပ္ခ်ဳပ္မႈ ယႏၲရားလည္း ခိုင္ခိုင္မာမာ ရွိလားဆိုေတာ့ က်န္တဲ့အုပ္ခ်ဳပ္မႈ ယႏၲရားအေနနဲ႔လည္း ခိုင္ခိုင္မာမာ မရွိတဲ့ ေနရာျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ အသြင္းေျပာင္းလက္နက္ကိုင္အဖြဲ႕ မ်ား၊ လက္နက္ကိုင္ အဖြဲ႕မ်ား၊ KNU ကဲ့သို႔ လက္နက္ ကိုင္အဖြဲ႕မ်ား ေရာယွက္ေနသည့္ေနရာ ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.