ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ အားကောင်းတဲ့ ဆန်တာအေနာလေတိုက်ခတ်မှုကြောင့် မီးဘေးအန္တရာယ် ပိုအားကောင်းလာနိုင်

 130

ရောင်နီ (NP News) ဇန်နဝါရီ ၁၉

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၁ ရက်အထိအတွင်း ပြင်းထန် ဆန်တာအေနာ လေတိုက်ခတ်မှု ရှိနိုင်တာကြောင့် ပြင်းထန် တောမီးအန္တရာယ်ဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် လက်ရှိ တောမီးအခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ မီးသတ်သမားတွေက ဆက်လက် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် ဇန်နဝါရီလအတွင်း လူ ၂၇ ဦးထက်မနည်း သေဆုံးပြီး နေအိမ် ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီဖြစ်ပါတယ်။ နောက်ထပ် ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိမှာလည်း လော့စ်အိန်ဂျလိစ်နဲ့ ဗန်တူရာခရိုင်ကိုဖြတ်ပြီး ကမ်းလွန်လေပြင်း ဆန်တာအန်နာ တိုက်ခတ်မယ်လို့ ခန့်မှန်းထား တာကြောင့် အဲဒီလေတိုက်နှုန်းဟာ ဇန်နဝါရီ ၂၀ ရက်ညနဲ့ ဇန်နဝါရီ ၂၁ ရက် နံနက်အထိအတွင်း လက်ရှိတောမီး အန္တရာယ်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ လေပြင်းတိုက်ခတ်မှု အပြင်းထန်ဆုံး ထိခိုက် နိုင်တဲ့နေရာတွေမှာ ဆမ်ဖာနန်ဒို၊ ဆန်တာကလယ်ရီတာ ချိုင့်ဝှမ်း၊ လော့အိန်ဂျလိစ်ကောင်တီ တောင်နဲ့ တောင်ခြေ၊ ဗန်ချာရာ ကောင်တီ အများစုပါဝင်မယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်များ လဲကျခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းနဲ့ ပင်လယ်ပြင်မှာ အန္တရာယ်ရှိ အခြေအနေများ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကိုလည်း ကြိုတင်သတိပေးထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ကယ္လီဖိုးနီးယားေတာင္ပိုင္းမွာ အားေကာင္းတဲ့ ဆန္တာေအနာေလတိုက္ခတ္မႈေၾကာင့္ မီးေဘးအႏၲရာယ္ ပိုအားေကာင္းလာႏိုင္
ေရာင္နီ (NP News) ဇန္နဝါရီ ၁၉

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားေတာင္ပိုင္းမွာ ဇန္နဝါရီ ၂၀ ရက္မွ ဇန္နဝါရီ ၂၁ ရက္အထိအတြင္း ျပင္းထန္ ဆန္တာေအနာ ေလတိုက္ခတ္မႈ ရွိႏိုင္တာေၾကာင့္ ျပင္းထန္ ေတာမီးအႏၲရာယ္ျဖစ္လာႏိုင္တယ္လို႔ ယူဆရပါတယ္။ ဒါေၾကာင့္ လက္ရွိ ေတာမီးအေျခအေနကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ဖို႔ မီးသတ္သမားေတြက ဆက္လက္ လုပ္ေဆာင္ ေနတယ္လို႔ သိရပါတယ္။
အဆိုပါသဘာဝေဘးအႏၲရာယ္ေၾကာင့္ ဇန္နဝါရီလအတြင္း လူ ၂၇ ဦးထက္မနည္း ေသဆုံးၿပီး ေနအိမ္ ေထာင္ေပါင္းမ်ားစြာ ပ်က္စီးခဲ့ၿပီျဖစ္ပါတယ္။ ေနာက္ထပ္ ဇန္နဝါရီ ၂၀ ရက္မွ ဇန္နဝါရီ ၂၄ ရက္အထိမွာလည္း ေလာ့စ္အိန္ဂ်လိစ္နဲ႔ ဗန္တူရာခ႐ိုင္ကိုျဖတ္ၿပီး ကမ္းလြန္ေလျပင္း ဆန္တာအန္နာ တိုက္ခတ္မယ္လို႔ ခန႔္မွန္းထား တာေၾကာင့္ အဲဒီေလတိုက္ႏႈန္းဟာ ဇန္နဝါရီ ၂၀ ရက္ညနဲ႔ ဇန္နဝါရီ ၂၁ ရက္ နံနက္အထိအတြင္း လက္ရွိေတာမီး အႏၲရာယ္ကို အျမင့္ဆုံးထိ ဆြဲေခၚသြားမယ္လို႔ ခန႔္မွန္းထားပါတယ္။ ေလျပင္းတိုက္ခတ္မႈ အျပင္းထန္ဆုံး ထိခိုက္ ႏိုင္တဲ့ေနရာေတြမွာ ဆမ္ဖာနန္ဒို၊ ဆန္တာကလယ္ရီတာ ခ်ိဳင့္ဝွမ္း၊ ေလာ့အိန္ဂ်လိစ္ေကာင္တီ ေတာင္နဲ႔ ေတာင္ေျခ၊ ဗန္ခ်ာရာ ေကာင္တီ အမ်ားစုပါဝင္မယ္လို႔ သိရပါတယ္။
ေလျပင္းတိုက္ခတ္မႈမ်ားေၾကာင့္ သစ္ပင္မ်ား လဲက်ျခင္း၊ လွ်ပ္စစ္မီး ျပတ္ေတာက္ျခင္းနဲ႔ ပင္လယ္ျပင္မွာ အႏၲရာယ္ရွိ အေျခအေနမ်ား ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနကိုလည္း ႀကိဳတင္သတိေပးထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.