“ငါနှင့်မတူ ငါ့ရန်သူ” ဟူသော သဘောထားဖြင့် စဥ့်ကိုင်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်
537
နာမူ (NP News) - ဇန်နဝါရီ ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်တွင် နေအိမ်မှ အခြားရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်သည့် အမျိုးသား တစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်က စဉ့်ကိုင်မြို့နယ်၊ ကျွဲနဖားကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးသွေးဘုတ်ကျေးရွာနေ ဦးထွန်းနိုင်ဦး (၅၂)နှစ်သည် မီးသွေးဘုတ်ကျေးရွာရှိ ၎င်းနေအိမ်မှ ကျွဲနဖားကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ကျွဲနဖားကျေးရွာအနီးသို့ အရောက်တွင် PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် ခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးထွန်းနိုင်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပစ်ခတ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အလားတူ မနက် ၉ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
“ငါႏွင့္မတူ ငါ့ရန္သူ” ဟူေသာ သေဘာထားျဖင့္ စဥ့္ကိုင္တြင္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္သတ္
နာမူ (NP News) - ဇန္နဝါရီ ၂ဝ
မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕နယ္တြင္ ေနအိမ္မွ အျခား႐ြာသို႔ ဆိုင္ကယ္ျဖင့္သြားေရာက္သည့္ အမ်ိဳးသား တစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၅ ရက္က စဥ့္ကိုင္ၿမိဳ႕နယ္၊ ကြၽဲနဖားေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မီးေသြးဘုတ္ေက်း႐ြာေန ဦးထြန္းႏိုင္ဦး (၅၂)ႏွစ္သည္ မီးေသြးဘုတ္ေက်း႐ြာရွိ ၎ေနအိမ္မွ ကြၽဲနဖားေက်း႐ြာသို႔ ဆိုင္ကယ္ျဖင့္သြားေရာက္စဥ္ ကြၽဲနဖားေက်း႐ြာအနီးသို႔ အေရာက္တြင္ PDF အဖြဲ႕ဝင္မ်ားက ေသနတ္ျဖင့္ ပစ္ခတ္ ျခင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးထြန္းႏိုင္ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပစ္ခတ္မႈက်ဴးလြန္ခဲ့သူမ်ားကို ဖမ္းဆီးရမိေရးႏွင့္ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ မနက္ ၉ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္တြင္ ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားေၾကာင္း သိရသည္။