တပ်မတော် နှင့် MNDAA တို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးကြောင်း တရုတ်ပြော
1668
သုတကျော် (NP News) - ဇန်နဝါရီ ၂၀
တပ်မတော် နှင့် MNDAA တို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားခဲ့သည့် အကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စနေနေ့ (ဇန်နဝါရီလ ၁၈ ရက်) က လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်ဟု ယနေ့ (ဇန်နဝါရီလ ၂ဝ ရက်) တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဆွေးနွေးမှုကို ကူမင်းမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို မြှင့်တင်ပေးသည့်အတွက် ပေကျင်း (တရုတ် နိုင်ငံ) ကို ကျေးဇူးတင်သည်ဟု နှစ်ဖက်စလုံးကို ပြောကြားခဲ့သည်ဟုလည်း Mao Ning က ဆိုသည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှ အခြေအနေများ အေးချမ်းသွားခြင်းသည် မြန်မာနှင့် ဒေသတွင်း နိုင်ငံ အားလုံး အတွက် ဘုံးအကျိုးစီးပွား ဖြစ်ကြောင်း နှင့် မြန်မာ နှင့် တရုတ်အကြား နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးရေး ကို အထောက်အကူပြုကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဆိုသည်။
တရုတ်အနေဖြင့် ငြိမ်းချမ်းရေး နှင့် ပတ်သက်သော လှုပ်ရှားမှုများကို မြှင့်တင်မည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ပေးခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း Mao Ning က ဆိုသည်။
Zawgyi Version;
တပ္မေတာ္ ႏွင့္ MNDAA တို႔ အပစ္ခတ္ရပ္စဲေရး လက္မွတ္ထိုးေၾကာင္း တ႐ုတ္ေျပာ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၀
တပ္မေတာ္ ႏွင့္ MNDAA တို႔ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထိုးခဲ့သည္ဟု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Mao Ning က ေျပာၾကားခဲ့သည့္ အေၾကာင္း AFP သတင္းတြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ စေနေန႔ (ဇန္နဝါရီလ ၁၈ ရက္) က လက္မွတ္ထိုးခဲ့ျခင္းျဖစ္သည္ဟု ယေန႔ (ဇန္နဝါရီလ ၂ဝ ရက္) တြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ၎က ေျပာၾကားခဲ့ျခင္းျဖစ္သည္ဟု သတင္းတြင္ ေဖာ္ျပထားသည္။
ေဆြးေႏြးမႈကို ကူမင္းၿမိဳ႕တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ၿငိမ္းခ်မ္းေရးကို ျမႇင့္တင္ေပးသည့္အတြက္ ေပက်င္း (တ႐ုတ္ ႏိုင္ငံ) ကို ေက်းဇူးတင္သည္ဟု ႏွစ္ဖက္စလုံးကို ေျပာၾကားခဲ့သည္ဟုလည္း Mao Ning က ဆိုသည္။
ျမန္မာႏိုင္ငံေျမာက္ပိုင္းမွ အေျခအေနမ်ား ေအးခ်မ္းသြားျခင္းသည္ ျမန္မာႏွင့္ ေဒသတြင္း ႏိုင္ငံ အားလုံး အတြက္ ဘုံးအက်ိဳးစီးပြား ျဖစ္ေၾကာင္း ႏွင့္ ျမန္မာ ႏွင့္ တ႐ုတ္အၾကား နယ္စပ္ေဒသ လုံၿခဳံေရး၊ တည္ၿငိမ္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရး ကို အေထာက္အကူျပဳေၾကာင္းလည္း သတင္းစာရွင္းလင္းပြဲတြင္ ၎က ဆိုသည္။
တ႐ုတ္အေနျဖင့္ ၿငိမ္းခ်မ္းေရး ႏွင့္ ပတ္သက္ေသာ လႈပ္ရွားမႈမ်ားကို ျမႇင့္တင္မည္ျဖစ္ေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ေထာက္ပံ့ေပးျခင္းမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း Mao Ning က ဆိုသည္။