ယွန်ဆက်ယိုလ်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းဖို့ ခွင့်ပြုပြီးနောက် အကြမ်းဖက်ဆန္ဒပြပွဲများဖြစ်လာပြီး အနည်းဆုံး လူပေါင်း ၅၀ ထိန်းသိမ်းခံရဟုဆို

 238

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂ဝ

ရာထူးက ဆိုင်းငံခံရတဲ့ တောင်ကိုရီးယားသမ္မတကို အားပေးထောက်ခံသူတွေဟာ သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီးထိန်းသိမ်းဖို့ သက်တမ်းတိုးလိုက်ခြင်းကို မကျေနပ်တဲ့အတွက် ဇန်နဝါရီ ၁၉ ရက်က ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေဟာ တောင်ကိုရီးယားယာယီသမ္မတကို ဝေဖန်ပြစ်တင်ခဲ့သလို တရားရုံးအဆောက်ဦး တွေရဲ့ပြတင်းပေါက်တွေကိုလည်း ဖျက်ဆီးတာတွေရှိခဲ့ကြောင်း သိရပါတယ်။ ယွန်ဆက်ယိုလ်ဟာ ဒီဇင်ဘာ ၃ ရက် က တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ပြီးနောက် ရာထူးက ဆိုင်းငံ့ခံခဲ့ရသလို အမှုကို ကြားနာစစ်ဆေးဖို့ ဖမ်းဆီးခံရတဲ့ ပထမဆုံးသမ္မတဖြစ်လာခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားတရားရုံးဟာ ယွန်ဆက်ယိုလ်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းမှာ ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းကို အားပေးထောက်ခံသူတွေက ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ယွန်ဆက်ယိုလ်ကို ထောက်ခံသူတွေဟာ တရားရုံးအဆောက်အဦးကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့သလို အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့လည်း ထိပ်တိုက်တွေ့ဆုံဖို့ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
ဆန္ဒပြသူတွေဟာ တရားရုံးဝင်ပေါက်နားမှာ စောင့်ကြပ်နေတဲ့ရဲတပ်ဖွဲ့ကို ဟန့်တားနိုင်အောင်မီးရှို့ကာ လိုင်းတား ခြင်းများ လုပ်ဆာင်ခဲ့သလို တရားရုံးအဆောက်ဦးများ၊ ပရိဘောဂပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲဟာ တရားရုံးဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ပြီး လူပေါင်း ၄၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရခဲ့ပြီး ယာယီသမ္မတက ဆန္ဒပြသူ တွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ယာယီသမ္မတက " ဒီမိုကရေစီလူအဖွဲ့အစည်းမှာ တရားမဝင်အကြမ်းဖက်တာ မျိုးတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အာဏာပိုင်တွေဟာ လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။
တောင်ကိုရီးယား အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ ယွန်ဆက်ယိုလ်ကို စုံစမ်းစစ်ဆေးနိုင်အောင် ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် တရားရုံးက ဖမ်းဝရမ်းထုတ်ပေးခဲ့ပေမယ့် ယွန်ဆက်ယိုလ်ကို အားပေး ထောက်ခံသူတွေရဲ့ဟန့်တားမှုကြောင့် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးဖို့ကြိုးပမ်းချိန်မှာ ယွန်ဆက်ယိုလ်ကိုယ်တိုင် စုံစမ်းစစ်ဆေးရေးရုံးကို လိုက်ပါခဲ့ပါတယ်။ ဒါပေမယ့် ယွန်ဆက်ယိုလ်ဟာ စုံစမ်း စစ်ဆေးရေးအဖွဲ့တာဝန်ရှိသူတွေရဲ့မေးမြန်းတာကို ဖြေဆိုခြင်းမရှိတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့က ထပ်မံ ထိန်းသိမ်းခွင့်ပေးဖို့တောင်းဆိုခဲ့ရာ တရားရုံးက ဇန်နဝါရီ ၁၉ ရက်မှာ ထပ်မံခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ငါးနာရီကြာပြုလုပ်ခဲ့တဲ့ တရားရုံးကြားနာပွဲကို ယွန်ဆက်ယိုလ်ကို ကိုယ်တိုင်တက်ရောက်ခဲ့ပြီး တရားရုံးက ယွန်ဆက်ယိုလ်ကို စုံစမ်းစစ်ဆေးဖို့ ရက်ပေါင်း ၂ဝ ကြာ ထိန်းသိမ်းဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ယွန်ဆက်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာခဲ့ပြီး ယွန်ဆက်ယိုလ်ကို ထောက်ခံသူတွေနဲ့ ဆန်ကျင့်သူတွေကြား ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကလည်း လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံရကာ ရာထူးက ဆိုင်းငံ့ခံရတဲ့ ယွန်ဆက်ယိုလ်ကို
သမ္မတအဖြစ် ဆက်လက်ခန့်ထားဖို့ သင့်/မသင့်ကို ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်မှာဖြစ်ပါတယ်။

Zawgyi Version;
ယြန္ဆက္ယိုလ္ကို ဆက္လက္ဖမ္းဆီးထိန္းသိမ္းဖို႔ ခြင့္ျပဳၿပီးေနာက္ အၾကမ္းဖက္ဆႏၵျပပြဲမ်ားျဖစ္လာၿပီး အနည္းဆုံး လူေပါင္း ၅၀ ထိန္းသိမ္းခံရဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂ဝ

ရာထူးက ဆိုင္းငံခံရတဲ့ ေတာင္ကိုရီးယားသမၼတကို အားေပးေထာက္ခံသူေတြဟာ သမၼတယြန္ဆက္ယိုလ္ကို ဖမ္းဆီးထိန္းသိမ္းဖို႔ သက္တမ္းတိုးလိုက္ျခင္းကို မေက်နပ္တဲ့အတြက္ ဇန္နဝါရီ ၁၉ ရက္က ဆႏၵျပခဲ့ေၾကာင္း သိရပါတယ္။ ဆႏၵျပသူေတြဟာ ေတာင္ကိုရီးယားယာယီသမၼတကို ေဝဖန္ျပစ္တင္ခဲ့သလို တရား႐ုံးအေဆာက္ဦး ေတြရဲ႕ျပတင္းေပါက္ေတြကိုလည္း ဖ်က္ဆီးတာေတြရွိခဲ့ေၾကာင္း သိရပါတယ္။ ယြန္ဆက္ယိုလ္ဟာ ဒီဇင္ဘာ ၃ ရက္ က ေတာင္ကိုရီးယားႏိုင္ငံမွာ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့ၿပီးေနာက္ ရာထူးက ဆိုင္းငံ့ခံခဲ့ရသလို အမႈကို ၾကားနာစစ္ေဆးဖို႔ ဖမ္းဆီးခံရတဲ့ ပထမဆုံးသမၼတျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားတရား႐ုံးဟာ ယြန္ဆက္ယိုလ္ကို ဆက္လက္ထိန္းသိမ္းထားဖို႔ ဇန္နဝါရီ ၁၉ ရက္ ေန႔လည္ပိုင္းမွာ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ၎ကို အားေပးေထာက္ခံသူေတြက ဆႏၵျပခဲ့တာျဖစ္ပါတယ္။ ယြန္ဆက္ယိုလ္ကို ေထာက္ခံသူေတြဟာ တရား႐ုံးအေဆာက္အဦးကို ဖ်က္ဆီးဖို႔ ႀကိဳးပမ္းခဲ့သလို အၾကမ္းဖက္တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕နဲ႔လည္း ထိပ္တိုက္ေတြ႕ဆုံဖို႔ႀကိဳးပမ္းခဲ့ေၾကာင္း သိရပါတယ္။
ဆႏၵျပသူေတြဟာ တရား႐ုံးဝင္ေပါက္နားမွာ ေစာင့္ၾကပ္ေနတဲ့ရဲတပ္ဖြဲ႕ကို ဟန႔္တားႏိုင္ေအာင္မီးရႈိ႕ကာ လိုင္းတား ျခင္းမ်ား လုပ္ဆာင္ခဲ့သလို တရား႐ုံးအေဆာက္ဦးမ်ား၊ ပရိေဘာဂပစၥည္းေတြကို ဖ်က္ဆီးတာေတြ လုပ္ေဆာင္ခဲ့ ေၾကာင္း သိရပါတယ္။ ရဲတပ္ဖြဲဟာ တရား႐ုံးဆုံးျဖတ္ခ်က္ကို မေက်နပ္တဲ့အတြက္ ဆႏၵျပသူမ်ားကို ဖမ္းဆီးခဲ့ၿပီး လူေပါင္း ၄၆ ဦးကို ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။ ရဲတပ္ဖြဲ႕ဝင္ ၉ ဦး ဒဏ္ရာရခဲ့ၿပီး ယာယီသမၼတက ဆႏၵျပသူ ေတြကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ယာယီသမၼတက " ဒီမိုကေရစီလူအဖြဲ႕အစည္းမွာ တရားမဝင္အၾကမ္းဖက္တာ မ်ိဳးေတြအတြက္ စိတ္မေကာင္းျဖစ္ရတယ္။ အာဏာပိုင္ေတြဟာ လိုအပ္တဲ့ လုံၿခဳံေရးအစီအမံေတြကို ေဆာင္႐ြက္သြားမယ္" လို႔ ေျပာပါတယ္။
ေတာင္ကိုရီးယား အက်င့္ပ်က္လာဘ္စားမႈတိုက္ဖ်က္ေရးအဖြဲ႕ဟာ ယြန္ဆက္ယိုလ္ကို စုံစမ္းစစ္ေဆးႏိုင္ေအာင္ ဖမ္းဝရမ္းထုတ္ေပးဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ တရား႐ုံးက ဖမ္းဝရမ္းထုတ္ေပးခဲ့ေပမယ့္ ယြန္ဆက္ယိုလ္ကို အားေပး ေထာက္ခံသူေတြရဲ႕ဟန႔္တားမႈေၾကာင့္ ဖမ္းဆီးႏိုင္ျခင္းမရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းက ဖမ္းဆီးဖို႔ႀကိဳးပမ္းခ်ိန္မွာ ယြန္ဆက္ယိုလ္ကိုယ္တိုင္ စုံစမ္းစစ္ေဆးေရး႐ုံးကို လိုက္ပါခဲ့ပါတယ္။ ဒါေပမယ့္ ယြန္ဆက္ယိုလ္ဟာ စုံစမ္း စစ္ေဆးေရးအဖြဲ႕တာဝန္ရွိသူေတြရဲ႕ေမးျမန္းတာကို ေျဖဆိုျခင္းမရွိတဲ့အတြက္ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ထပ္မံ ထိန္းသိမ္းခြင့္ေပးဖို႔ေတာင္းဆိုခဲ့ရာ တရား႐ုံးက ဇန္နဝါရီ ၁၉ ရက္မွာ ထပ္မံခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။
ငါးနာရီၾကာျပဳလုပ္ခဲ့တဲ့ တရား႐ုံးၾကားနာပြဲကို ယြန္ဆက္ယိုလ္ကို ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး တရား႐ုံးက ယြန္ဆက္ယိုလ္ကို စုံစမ္းစစ္ေဆးဖို႔ ရက္ေပါင္း ၂ဝ ၾကာ ထိန္းသိမ္းဖို႔ ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာ ယြန္ဆက္ယိုလ္က စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့ၿပီးေနာက္ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ျဖစ္လာခဲ့ၿပီး ယြန္ဆက္ယိုလ္ကို ေထာက္ခံသူေတြနဲ႔ ဆန္က်င့္သူေတြၾကား ထိပ္တိုက္ေတြ႕ဆုံခဲ့ပါတယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးကလည္း လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံရကာ ရာထူးက ဆိုင္းငံ့ခံရတဲ့ ယြန္ဆက္ယိုလ္ကို
သမၼတအျဖစ္ ဆက္လက္ခန႔္ထားဖို႔ သင့္/မသင့္ကို ရက္ေပါင္း ၁၈၀ အတြင္း ဆုံးျဖတ္မွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.