အမေရိကန်နိုင်ငံမှာ TikTok လူမှုကွန်ရက်ကို မကြာခင် ပြန်လည်အသုံးပြုခွင့်ရအောင် လုပ်ဆောင်မယ်လို့ ဆို
66
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂ဝ
ကမ္ဘာကျော်လူမှုကွန်ရက် TikTok က ဇန်နဝါရီလ ၁၉ ရက်ကစတင်ပြီး အမေရိကန်နိုင်ငံအတွင်း TikTok လူမှုှုန်ရက် ယာယီအသုံးပြုခွင့်ရမှာမဟုတ်ကြောင်း၊ ဒါပေမယ့် မကြာမီအချိန်ကာလအတွင်း ပြန်လည်အသုံးပြု ခွင့်ရအောင် လုပ်ဆောင်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက်အသုံးပြုခွင့်ပိတ်ပင်ဖို့ နဲ့ အမေရိကန်ကုမ္ပဏီထံ ရောင်းချဖို့ တောင်းဆိုခဲ့တဲ့ အမေရိကန်အစိုးရရဲ့တောင်းဆိုချက်တွေကို တရားရုံးက ထပ်မံခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ ရက်က စတင်ပြီး အမေရိကန်နိုင်ငံမှာ TikTok လူမှုကွန်ရက်ကို အသုံးမပြုဖို့ ဆုံးဖြတ်ချက်ဟာ စတင်သက်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်တရားရုံးဟာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာမကျိန်ဆိုခင် ရက်ပိုင်း အလိုမှာ TikTok လူမှုကွန်ရက်ကို ပိတ်ပင်တဲ့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ TikTok လူမှုကွန်ရက်အသုံးပြုနေသူ လူပေါင်း သန်း ၁၇ဝ ကျော်ရှိနေပြီး အဲဒီသက်ရောက်မှုတွေကို စတင်ခံစားနေရပြီ ဖြစ်ပါတယ်။ TikTok လူမှုကွန်ရက်က ၎င်းတို့ဟာ အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက်အမြန်ဆုံး ပြန်လည်အသုံးပြုခွင့်ရအောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
TikTok လူမှုကွန်ရက်က "TikTok လူမှုကွန်ရက်ကို အမေရိကန်နိုင်ငံအတွင်းအသုံးပြုခွင့်မပေးဘူးဆိုတဲ့ ပိတ်ပင်မှု စတင်လိုက်ပါတယ်။ ကျွန်တော်တို့ဟာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တရားဝင်တာဝန်ယူပြီးချိန်မှာ အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက်အသုံးပြုခွင့်ရအောင် ပြန်လည်ကြိုးပမ်းမယ်။ ကျေးဇူးပြုပြီး အမေရိကန်နိုင်ငံသားတွေသည်းခံစောင့်ဆိုင်းပေးပါ" လို့ သတင်းထုတ်ပြန်ထားပါတယ်။
သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရက တရုတ်အစိုးရဟာ TikTok လူမှုကွန်ရက်ကို အသုံးပြုပြီး အမေရိကန်နိုင်ငံသားတွေရဲ့အချက်အလက်တွေကို ရယူနိုင်အောင် ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲပြီး အမေရိကန်နိုင်ငံ အတွင်း TikTok လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်ပင်ဖို့ နဲ့ TikTok လူမှုကွန်ရက်ကို အမေရိကန်နိုင်ငံသားတွေထံ ပြန်လည်ရောင်းချဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ TikTok လူမှုကွန်ရက်တာဝန်ရှိသူတွေဟာ အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက်အသုံးပြုခွင့် မပိတ်ပင်ခင်တည်းက ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ဟာ ကမ္ဘာကျော် TikTok လူမှုကွန်ရက်ကို တရုတ်ကုမ္ပဏီ မဟုတ်တဲ့ ကုမ္ပဏီတစ်ခုထံ ရောင်းချနိုင်အောင် ခွင့်ပြုပေးဖို့ ပိတ်ပင်မှုတွေကို ယာယီ ဆိုင်းငံ့သွားဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ TikTok လူမှုကွန်ရက်နဲ့ပတ်သက်ပြီး ရက်ပေါင်း ၉၀ သက်တမ်းတိုးပေးဖွယ်ရှိနေကြောင်း သိရပါတယ်။ TikTok လူမှုကွန်ရက်က အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက်အသုံးပြုခွင့်ပိတ်ပင်ခြင်းဟာ အမေရိကန်နိုင်ငံသားတွေရဲ့လွတ်လပ်စွာပြောရေးဆိုခွင့်ကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ပြောပါတယ်။
Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ TikTok လူမႈကြန္ရက္ကို မၾကာခင္ ျပန္လည္အသုံးျပဳခြင့္ရေအာင္ လုပ္ေဆာင္မယ္လို႔ ဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂ဝ
ကမာၻေက်ာ္လူမႈကြန္ရက္ TikTok က ဇန္နဝါရီလ ၁၉ ရက္ကစတင္ၿပီး အေမရိကန္ႏိုင္ငံအတြင္း TikTok လူမႈွုန္ရက္ ယာယီအသုံးျပဳခြင့္ရမွာမဟုတ္ေၾကာင္း၊ ဒါေပမယ့္ မၾကာမီအခ်ိန္ကာလအတြင္း ျပန္လည္အသုံးျပဳ ခြင့္ရေအာင္ လုပ္ေဆာင္မွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အေမရိကန္ႏိုင္ငံအတြင္း TikTok လူမႈကြန္ရက္အသုံးျပဳခြင့္ပိတ္ပင္ဖို႔ နဲ႔ အေမရိကန္ကုမၸဏီထံ ေရာင္းခ်ဖို႔ ေတာင္းဆိုခဲ့တဲ့ အေမရိကန္အစိုးရရဲ႕ေတာင္းဆိုခ်က္ေတြကို တရား႐ုံးက ထပ္မံခြင့္ျပဳခဲ့ၿပီးေနာက္ ဇန္နဝါရီ ၁၉ ရက္က စတင္ၿပီး အေမရိကန္ႏိုင္ငံမွာ TikTok လူမႈကြန္ရက္ကို အသုံးမျပဳဖို႔ ဆုံးျဖတ္ခ်က္ဟာ စတင္သက္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။
အေမရိကန္တရား႐ုံးဟာ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ တရားဝင္က်မ္းသစၥာမက်ိန္ဆိုခင္ ရက္ပိုင္း အလိုမွာ TikTok လူမႈကြန္ရက္ကို ပိတ္ပင္တဲ့ အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ TikTok လူမႈကြန္ရက္အသုံးျပဳေနသူ လူေပါင္း သန္း ၁၇ဝ ေက်ာ္ရွိေနၿပီး အဲဒီသက္ေရာက္မႈေတြကို စတင္ခံစားေနရၿပီ ျဖစ္ပါတယ္။ TikTok လူမႈကြန္ရက္က ၎တို႔ဟာ အေမရိကန္ႏိုင္ငံအတြင္း TikTok လူမႈကြန္ရက္အျမန္ဆုံး ျပန္လည္အသုံးျပဳခြင့္ရေအာင္ ႀကိဳးပမ္းေနတယ္လို႔ ဆိုပါတယ္။
TikTok လူမႈကြန္ရက္က "TikTok လူမႈကြန္ရက္ကို အေမရိကန္ႏိုင္ငံအတြင္းအသုံးျပဳခြင့္မေပးဘူးဆိုတဲ့ ပိတ္ပင္မႈ စတင္လိုက္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ တရားဝင္တာဝန္ယူၿပီးခ်ိန္မွာ အေမရိကန္ႏိုင္ငံအတြင္း TikTok လူမႈကြန္ရက္အသုံးျပဳခြင့္ရေအာင္ ျပန္လည္ႀကိဳးပမ္းမယ္။ ေက်းဇူးျပဳၿပီး အေမရိကန္ႏိုင္ငံသားေတြသည္းခံေစာင့္ဆိုင္းေပးပါ" လို႔ သတင္းထုတ္ျပန္ထားပါတယ္။
သမၼတဂ်ိဳးဘိုင္ဒန္ ဦးေဆာင္တဲ့ အေမရိကန္အစိုးရက တ႐ုတ္အစိုးရဟာ TikTok လူမႈကြန္ရက္ကို အသုံးျပဳၿပီး အေမရိကန္ႏိုင္ငံသားေတြရဲ႕အခ်က္အလက္ေတြကို ရယူႏိုင္ေအာင္ ႀကိဳးပမ္းခဲ့တယ္လို႔ စြပ္စြဲၿပီး အေမရိကန္ႏိုင္ငံ အတြင္း TikTok လူမႈကြန္ရက္ အသုံးျပဳခြင့္ပိတ္ပင္ဖို႔ နဲ႔ TikTok လူမႈကြန္ရက္ကို အေမရိကန္ႏိုင္ငံသားေတြထံ ျပန္လည္ေရာင္းခ်ဖို႔ အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။ TikTok လူမႈကြန္ရက္တာဝန္ရွိသူေတြဟာ အေမရိကန္ႏိုင္ငံအတြင္း TikTok လူမႈကြန္ရက္အသုံးျပဳခြင့္ မပိတ္ပင္ခင္တည္းက ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။
အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ဟာ ကမာၻေက်ာ္ TikTok လူမႈကြန္ရက္ကို တ႐ုတ္ကုမၸဏီ မဟုတ္တဲ့ ကုမၸဏီတစ္ခုထံ ေရာင္းခ်ႏိုင္ေအာင္ ခြင့္ျပဳေပးဖို႔ ပိတ္ပင္မႈေတြကို ယာယီ ဆိုင္းငံ့သြားဖြယ္ရွိေနေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။
ေဒၚနယ္ထရမ့္ဟာ TikTok လူမႈကြန္ရက္နဲ႔ပတ္သက္ၿပီး ရက္ေပါင္း ၉၀ သက္တမ္းတိုးေပးဖြယ္ရွိေနေၾကာင္း သိရပါတယ္။ TikTok လူမႈကြန္ရက္က အေမရိကန္ႏိုင္ငံအတြင္း TikTok လူမႈကြန္ရက္အသုံးျပဳခြင့္ပိတ္ပင္ျခင္းဟာ အေမရိကန္ႏိုင္ငံသားေတြရဲ႕လြတ္လပ္စြာေျပာေရးဆိုခြင့္ကို ခ်ိဳးေဖာက္လိုက္ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။