အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖမ်းဆီးထားသူတွေ အပြန်အလှန်ပြန်လွှတ်ပေး
45
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂ဝ
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု အစိတ်အပိုင်းအရ ဖမ်းဆီးထားသူတွေကို ဇန်နဝါရီ ၁၉ ရက်ကစတင်ပြီး အပြန်အလှန် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဟားမက်စ်အဖွဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ အစ္စရေးနိုင်ငံသား သုံးဦးဟာ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းခွင့်ရခဲ့သလို အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုအစိတ်အပိုင်းအရ သီတင်းပတ် ခြောက်ပတ်အတွင်း အပစ်ခတ်ရပ်စဲထားမှာ ဖြစ်ကာ အဲဒီကာလအတွင်း ဖမ်းဆီးခံထားရတဲ့ အစ္စရေးနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား အနည်းဆုံး ၃၃ ဦးကို ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှာ အစ္စရေးနိုင်ငံသားတွေ နဲ့ နိုင်ငံခြားသား အနည်းဆုံး ၁၀၀ ဦး ရှိနေကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံရဲ့အကျဉ်းထောင်တွေထဲမှာရှိတဲ့ ပါလက်စတိုင်းအကျဉ်းသား ၂၀၀၀ နီးပါးကို အဲဒီကာလအတွင်း အစ္စရေးက ပြန်လွှတ်ပေးရမယ်လို့ သိရပါတယ်။ အစ္စရေးအစိုးရက "အိုဖာအကျဉ်းထောင်နဲ့ ဂျေရုဆလင် အကျဉ်းထောင်ကနေ ပါလက်စတိုင်းအကြမ်းဖက်သမားတွေကို ပြန်လွှတ်ပေးခဲ့တယ်" လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးစစ်တပ်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲရောက်ရှိနေတဲ့ ရိုမီဂိုနန်၊ ဒိုရွန်စတိန်ဘရီချာ၊ ဒါမာရီတို့ ဟာ ကျန်းမာရေးကောင်းမွန်စွာနဲ့ မိသားစုနဲ့အတူ ပြန်ပေါင်းစည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးနဲ့ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၁၅ လကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ ပါလက်စတိုင်းလူမျိုး ၄၇၀၀၀ ကျော် သေဆုံးထားပြီး လူပေါင်း ၂ ဒသမ ၃ သန်းနီးပါးဟာ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ပွဲကာလအတွင်း အစ္စရေးစစ်သား အနည်းဆုံး ၄၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ ကြိုတင်သတိပေးချက်မရှိဘဲ အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပြီး လူပေါင်း အနည်းဆုံး ၂၅ဝ ကျော် ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသားအနည်းဆုံး ၁၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲ အဆုံးသတ်နိုင်အောင် ကာတာ၊ အီဂျစ်နဲ့ အမေရိကန်နိုင်ငံတို့ ကြားဝင်ဆွေးနွေးခဲ့ပြီး မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ပေမယ့် ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခါနီး ရက်ပိုင်းအလိုမှာ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Zawgyi Version;
အစၥေရးနဲ႔ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ဖမ္းဆီးထားသူေတြ အျပန္အလွန္ျပန္လႊတ္ေပး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂ဝ
အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲ အပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈ အစိတ္အပိုင္းအရ ဖမ္းဆီးထားသူေတြကို ဇန္နဝါရီ ၁၉ ရက္ကစတင္ၿပီး အျပန္အလွန္ ျပန္လႊတ္ေပးခဲ့တယ္လို႔ ဆိုပါတယ္။
ဟားမက္စ္အဖြဲ႕ ဖမ္းဆီးျခင္းခံထားရတဲ့ အစၥေရးႏိုင္ငံသား သုံးဦးဟာ မိသားစုနဲ႔ ျပန္လည္ေပါင္းစည္းခြင့္ရခဲ့သလို အစၥေရးက ဖမ္းဆီးထားတဲ့ ပါလက္စတိုင္းအက်ဥ္းသား ၉၀ ကို ျပန္လႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။ ဂါဇာစစ္ပြဲ အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈအစိတ္အပိုင္းအရ သီတင္းပတ္ ေျခာက္ပတ္အတြင္း အပစ္ခတ္ရပ္စဲထားမွာ ျဖစ္ကာ အဲဒီကာလအတြင္း ဖမ္းဆီးခံထားရတဲ့ အစၥေရးႏိုင္ငံသားေတြနဲ႔ ႏိုင္ငံျခားသား အနည္းဆုံး ၃၃ ဦးကို ျပန္လႊတ္ေပးရမွာျဖစ္ပါတယ္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕လက္ထဲမွာ အစၥေရးႏိုင္ငံသားေတြ နဲ႔ ႏိုင္ငံျခားသား အနည္းဆုံး ၁၀၀ ဦး ရွိေနေၾကာင္း သိရပါတယ္။
အစၥေရးႏိုင္ငံရဲ႕အက်ဥ္းေထာင္ေတြထဲမွာရွိတဲ့ ပါလက္စတိုင္းအက်ဥ္းသား ၂၀၀၀ နီးပါးကို အဲဒီကာလအတြင္း အစၥေရးက ျပန္လႊတ္ေပးရမယ္လို႔ သိရပါတယ္။ အစၥေရးအစိုးရက "အိုဖာအက်ဥ္းေထာင္နဲ႔ ေဂ်႐ုဆလင္ အက်ဥ္းေထာင္ကေန ပါလက္စတိုင္းအၾကမ္းဖက္သမားေတြကို ျပန္လႊတ္ေပးခဲ့တယ္" လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အစၥေရးစစ္တပ္က ဟားမက္စ္လက္နက္ကိုင္အဖြဲ႕လက္ထဲေရာက္ရွိေနတဲ့ ႐ိုမီဂိုနန္၊ ဒို႐ြန္စတိန္ဘရီခ်ာ၊ ဒါမာရီတို႔ ဟာ က်န္းမာေရးေကာင္းမြန္စြာနဲ႔ မိသားစုနဲ႔အတူ ျပန္ေပါင္းစည္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ အစၥေရးနဲ႔ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၁၅ လၾကာ တိုက္ပြဲျဖစ္ပြားခဲ့ကာ ပါလက္စတိုင္းလူမ်ိဳး ၄၇၀၀၀ ေက်ာ္ ေသဆုံးထားၿပီး လူေပါင္း ၂ ဒသမ ၃ သန္းနီးပါးဟာ အိုးအိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။
စစ္ပြဲကာလအတြင္း အစၥေရးစစ္သား အနည္းဆုံး ၄၀၀ ေက်ာ္ ေသဆုံးခဲ့ရတယ္လို႔ ဆိုပါတယ္။ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ဟာ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္မွာ ႀကိဳတင္သတိေပးခ်က္မရွိဘဲ အစၥေရးႏိုင္ငံကို တိုက္ခိုက္ခဲ့ၿပီး လူေပါင္း အနည္းဆုံး ၂၅ဝ ေက်ာ္ ျပန္ေပးဆြဲခဲ့ေၾကာင္း သိရပါတယ္။ ဟားမက္စ္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေၾကာင့္ အစၥေရးႏိုင္ငံသားအနည္းဆုံး ၁၂၀၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
အစၥေရး နဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲ အဆုံးသတ္ႏိုင္ေအာင္ ကာတာ၊ အီဂ်စ္နဲ႔ အေမရိကန္ႏိုင္ငံတို႔ ၾကားဝင္ေဆြးေႏြးခဲ့ၿပီး ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရခဲ့ေပမယ့္ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူခါနီး ရက္ပိုင္းအလိုမွာ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။