ဟားမက်လက်နက်ကိုင်အဖွဲ့က ဂါဇာကို ဘယ်တော့မှပြန်လည်အုပ်ချုပ်ရလိမ့်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ရဲ့အကြံပေးပြော
53
Pika (NP News) - ဇန်နဝါရီ ၂၁
ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသကို ဘယ်တော့မှပြန်လည်အုပ်ချုပ်ရလိမ့်မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ရဲ့ထိပ်တန်းအမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မိုက်ဝေါ့ဇ်က “ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဘယ်တော့မှထပ်ဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး။ ပြီးတော့ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသကို ဘယ်တော့မှ အုပ်ချုပ်ရလိမ့်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
လွှတ်တော်အဖွဲ့ဝင်ဟောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံက တိုက်ခိုက်ရေးခရီးစဉ်နှစ်ခုရဲ့စစ်ပြန်တစ်ဦးဖြစ်တဲ့ မိုက်ဝေါ့ဇ် ဟာ အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်လာပြီး နောက် နာရီပိုင်းအကြာမှာ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဘယ်လိုဖွံ့ဖြိုးတိုးတက်လာမလဲ ဆိုတဲ့အချက်နဲ့ ဂါဇာကမ်းမြောင်ဒေသပြန်လည်ထူထောင်ရေးနဲ့ ရေရှည် တည်ငြိမ်ရေးတို့ဟာ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ မသေချာပေမယ့်လည်း မိုက်ဝေါ့ဇ်ဟာ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ၎င်းရဲ့အကောင်းမြင်မှုတွေကို ထုတ်ဖော်ပြသခဲ့တယ်လို့လည်း သိရပါတယ်။
မိုက်ဝေါ့ဇ်က “သေချာအောင်လုပ်တောင်ဖို့ လိုအပ်တဲ့အရာတွေအားလုံးကို အစ္စရေးက လုပ်ပါတော့မယ်။ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်မှာ အမေရိကန်နိုင်ငံဟာ အစ္စရေးကို ထောက်ခံမှုတွေလုပ်ဆောင်သွားပါလိမ့်မယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့က ဂါဇာကမ်းမြောင်ဒေသကို ဘယ်တော့မှပြန်လည်အုပ်ချုပ်ရမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;